" တကယ်တော့ ကျွန်တော်တို့ လူသားတွေရဲ့ စိတ်ဒဏ်ရာ ၇၀ ရာခိုင်နှုန်း က မိသားစုဝင်တွေနဲ့ အရင်းနှီးဆုံး ဆက်ဆံရေးတွေကနေ ရကြတာပါ။ ဘာလို့လဲလို့ မေးရင် အားလုံးသိကြတဲ့အတိုင်း အရင်းနှီးဆုံး မိသားစုဝင်တွေ ဖြစ်လာလေ စည်းဘောင် တွေ မရှိကြတော့လေပဲ မလို့ပါ။ ခင်ဗျားတို့ရော ကျွန်တော်တို့တွေဟာ သူတို့ကိုလည်း စိတ်ဒဏ်ရာပေးနေကြပြီး သူတို့ဆီကလည်း စိတ်ဒဏ်ရာတွေ ရနေကြတာပဲ ဖြစ်ပါတယ်။"
" အဲ့တော့ အပြန်အလှန် စိတ်ဒဏ်ရာတွေပေးရင်း အတူတကွ နေကြတာကို မိသားစုလို့ ခေါ်တာပေါ့"
ရေဒီယိုမှ လာနေသော အစီစဥ် တစ်ခုအား နားထောင်နေပုံရသည့် ကား အနောက်ခန်းမှာရှိနေသူက ရီဝေနေသော မျက်ဝန်းများဖြင့် လမ်းမီးတိုင်များကို ငေးလျက်ဆိုလာသည်။ဆောင်းဦးဝင်စပေမို့ ဖွင့်ထားသော ပြတင်းပေါက်မှ လေများ ကတဝူးဝူးနှင့် ဝင်ရောက်လာသော ကြောင့် ထိုသူ၏ သပ်ရပ်စွာ ဖြီးထားသော ဆံနွယ်များက လေရိုင်းတို့နှင့်အတူ ယိမ်းယိုင်သွား၏။ ကားနောက်ကြည့်မှန်မှ တစ်ဆင့် မြင်နေ ရသော မျက်နှာသည် ယမကာတန်ခိုးကြောင့် အနည်းငယ် နီမြန်းနေသည်။ မီးပွိုင့်အထပ်ထပ်ကို ဖြတ်ကျော်ပြီး တိတ်ဆိတ်ငြိမ်အေးသော ပတ်ဝန်းကျင်နှင့် ခေတ်မီဆန်းသစ်သော အိမ်ပုံစံများရှိသော ခြံဝန်းကျယ်တစ်ခု ရှေ့တွင် ကားစက်ကိုရပ်လိုက်သည်။
"ဧည့်သည်ပြောတဲ့ လိပ်စာ ရောက်ပါပြီခင်ဗျ"
မိမိထက်ငယ်ပုံရသော မျက်နှာသွင်ပြင်ဆိုသော်ငြား အနောက်တိုင်းဝတ်စုံ အပြည့်ဖြင့် အရှိန်အဝါတစ်ခု ပိုင်ဆိုင်ထား ပုံရသောကြောင့် ရိုကျိုးစွာပင် ပြောဖြစ်သည်။ မှေးမှိတ်ထားသော မျက်ဝန်းများသည် ချက်ချင်းပင် ဖွင့်လာ သဖြင့် မျက်ဝန်းနက်များနှင့် အကြည့်ချင်း ဆုံမိသွား၏။ တောက်ပနေသော မျက်ဝန်းဝိုင်းများသည် နွေးထွေးမှု ကင်းမဲ့နေသော်လည်း ဝမ်းနည်းပြီး အထီးကျန်နေပုံရသည်။
" ဒါနဲ့ ကားမောင်းတာ တော်သားပဲ၊ ယာဥ်မောင်း နာမယ်ပြောပါအုံး ကြယ်ငါးလုံးပေးရအောင်လို့လေ"
ကားဂိုဒေါင်မှ ထွက်လာသည် နှင့်တစ်ပြိုင်နက် မေးလာသူကြောင့် ခေါင်းငြိမ့်လျက် ပြုံးပြဖြစ်သည်။
YOU ARE READING
အရင်းနှီးဆုံး သူစိမ်း
Fanfictionရှေးရေစက်~ရွေးချယ်မှု~အရင်းနှီးဆုံး - Heartbeat: 52Hz Project- 29th Sep, 2024