မြေအောက်ခန်းတစ်ခန်း။ အတိအကျပြောရမည်ဆိုလျှင် မော်နီတာတွေ စီစီတီဗွီတွေနဲ့ အသေးစိတ်သေသေချာချာပြင်ဆင်ထားသည်။
Kim Mingyu နှင့် တွဲဖက်ပါတနာဖြစ်သူ Jeon Wonwoo တို့ဟာ Mr.Xလို့ပဲသိထားတဲ့ လျှို့ဝှက်ပြီးထူးဆန်းတဲ့ လူတစ်ယောက်နဲ့ တစ်ဖက်ခြမ်းတွင် ထိုင်နေကြသည်။ အခန်းဟာအေးစက်နေပြီး လေထုဟာလည်း တင်းမာလျက်ရှိသည်။
ထိုလူသည် ဖိုင်တွဲတစ်တွဲကို စားပွဲပေါ်ပစ်တင်လိုက်သည်။ Mingyuက ယုံကြည်မှုအပြည့်ဖြင့်ပြုံးလိုက်ပြီး ရှေ့ကဖိုင်တွဲကိုလှမ်းယူလိုက်သည်။ Wonwoo ကတော့ အေးဆေးတည်ငြိမ်နေပြီး မျက်ဝန်းများက တိတ်တိတ်ဆိတ်ဆိတ် အကဲခတ်နေသည်။
ဖိုင်တွဲအား တစ်ရွက်ပြီးတစ်ရွက်လှန်းလှောကြည့်ကာ
"ဒါက ကျွန်တော်တို့လုပ်ရမဲ့အလုပ်ပေါ့..စိန်တစ်ခုံးကို ယူရမယ်ပေါါ""ရိုးရိုး ကျောက်မျက်ရတနာစိန်မဟုတ်ဘူး။ Eclipse Diamond .....မျိုးရိုးစဉ်ဆက် ထိန်းသိမ်းလာခဲ့တာကြောင့် သီးသန့်ကြပ်မတ်ပြီးသိမ်းထားတာ"
"......"
"ဒါကိုရရင် မင်းတို့နှစ်ယောက်လုံး အချီကြီးချမ်းသာလိမ့်မယ်။ ဒါပေမဲ့ ပါးပါးနပ်နပ်ဆော့ကစားဖို့အကြံပေးပါရစေ၊ ဘယ်လိုလဲ စိန်ခေါ်မှုကို လက်ခံရဲလား"
ငြိမ်နေတဲ့ Wonwooကလက်ပိုက်လိုက်ကာ ဝင်ပြောလာသည်။
"အစောင့်အကြပ် ဘယ်လောက်ရှိနေမှာလဲ။ အသေးစိတ်အချက်အလက်ကိုပြောပါ"ထိုအခါ Mr.Xဆိုတဲ့လူက tabletကိုယူကာ အိမ်ကြီးရဲ့ အသေးစိတ်ပုံစံကိုပြလာသည်။
"လေဆာလုံခြုံရေးစနစ်၊ လက်နက်ကိုင်အစောင့်တွေ ရှိနေလိမ့်မယ် အဲ့တာကိုဖြတ်ကျော်ပြီးရင် အခနါးတစ်ခန်းမှာရှိနေမယ်၊ တစ်ယောက်မှသတိမထားမိပဲ အန္တရာယ်ကင်းကင်းယူနိုင်ဖို့တော့လိုတာပေါ့"Mingyu ရယ်မောလိုက်ရင်း Wonwoo ပုခုံးကိုဖက်လိုက်သည်။
"ခင်ဗျား ကျွန်တော်တို့အကြောင်းသိပါတယ်၊ ဒီထက်ပိုခက်ခဲတဲ့အရာတွေတောင် လုပ်ခဲ့သေးတာပဲ"Wonwoo တည်ငြိမ်စွာဆက်ပြောသည်။
"အဲ့နေ့ည ပွဲကိုလာကြမဲ့ ဧည့်စာရင်းအသေးစိတ်၊ အတွင်းက လမ်းကြောင်းပုံစံတွေပို့လိုက်ပါ၊ ကျန်တာ ကျွန်တော်တို့ပဲ ဆက်လုပ်မယ်"
YOU ARE READING
Partner In Crimes (Completed)
Fanfictionအသက်လောင်းကြေးထပ်ရပြီး၊ အန္တရာယ်များသော ခိုးယူမှု အမှောင်ကမ္ဘာတွင် Mingyu နှင့် Wonwoo တို့သည် ယုံကြည်မှု၊ ခံစားချက်တို့နှင့် ချည်နှောင်ထားပြီး သူတို့၏ ကျွမ်းကျင်မှုနှင့် သူတို့ နှောင်ကြိုးကို စမ်းသပ်သည့် အန္တရာယ်ရှိသော မစ်ရှင်များကို လုပ်ဆောင်ကြသည်...