Epilogue

53 23 2
                                    

Mingyu အပြင်ခဏသွားချိန်  Wonwoo  နောက်ထပ်အလုပ်ရဲ့အသေးစိတ်အချက်အလက်တွေကို စုဆောင်းနေခဲ့သည်။ ထိုအချိန် အမည်မသိနံပါတ်မှ ဖုန်းဝင်လာတော့ မျက်ခုံးတန်းတို့တွန့်ချိုးသွားသည်။

Wonwoo သတိထားပြီး မေးလိုက်သည်။
"ဘယ်သူလဲ?"

ခပ်ဟဟရယ်သံတစ်ခုပေါ်ထွက်လာသည်မှာ ကျောချမ်းစရာကောင်းသည်။
"Jeon Wonwoo ငါတို့လုပ်ငန်းမှာ မင်းဝင်စွက်ဖက်တာ ကံဆိုးတာပဲ"

"......."

“မင်းတို့နှစ်ယောက်လုံးကို မှတ်လောက်အောင် သတိပေးရမယ်ထင်တယ်"

"ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး"

"ငါတို့ကိုလျော့မတွက်နဲ့၊ ဒီရက်ထဲ နှစ်ယောက်သား ကောင်းကောင်းပျော်ထားလိုက်ပါ၊'
လိုင်းက ပျက်သွားပြီး။ ဖုန်းကို ဆုပ်ကိုင်တဲ့ Wonwoo ၏ လက်ဆစ်တွေဟာ ဖိအားကြောင့် ဖြူလျော့နေသည်။

ခဏအကြာMingyu ပြန်ရောက်လာပြီး မျက်နှာမကောင်းတဲ့ ကောင်လေးကြောင့် တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရသည်။

"ဘာဖြစ်လို့လဲ"

“black viperတွေ သိ‌နေတယ်”

Mingyu ရဲ့ အပြုံးတွေ ရုတ်ချည်းပျောက်ကွယ်သွားခဲ့သည်။
Mingyu သည် နဖူပေါ်ဝဲကျနေတဲ့ဆံပင်များကို လက်ဖြင့်သပ်တင်ကာ အသက်ကိုဖြည်းညှင်းစွာ ရှူထုတ်လိုက်သည်။

အခုချိန်မှနောက်ပြန်ဆုတ်လို့လည်းမရနိုင်တော့ပဲ၊ နိုင်ငံရေးအရှုပ်တော်ပုံထဲ ပါဝင်ပက်သက်မိခြင်း၊ မတရားခံရတဲ့ လူတွေအတွက်ကူညီလိုက်ခြင်းက သူတို့ကို ချောက်ထဲထိုးချစေသည့်လက်နက်တစ်ခုလို။

.
.
.
.
အလင်းရောင်မှိန်မှိန်သော လမ်းသည် ညအချိန်တွင် စိတ်ခြောက်ခြားစရာဖြစ်‌သော်လည်း မလိုအပ်တဲ့တွေ့ဆုံမှုတွေကို ရှောင်ရှားချင်တာကြောင့် သူတို့အသုံးပြုခဲ့ကြပြီး တိတ်တဆိတ်သာလှုပ်ရှားခဲ့ကြရသည်။

"ကိုယ်တို့ ဒီကနေ ထွက်သွားရမယ် "

လက်ကျန်အလုပ်ကိစ္စတွေကို အမြန်ဆုံးဖြေရှင်းပြီး မျက်ခြေဖြတ်ပျောက်ကွယ်သွားဖို့ အလျင်စလိုဆုံးဖြတ်ကြသည်။
ကိုယ့်တွင် ဂိုဏ်းဟူ၍နာမည်တပ်စရာမရှိ၊ အင်အားချင်းလည်းမမျှတာကြောင့် Mingyu အရင်ရှောင်သွားဖို့တွေးလိုက်သည်။

Partner In Crimes (Completed)Where stories live. Discover now