တစ်ညလုံး အရှိန်ပြင်းပြင်းဖြင့် အင်ဂျင်သံသည် အရာအားလုံးအပေါ် လွှမ်းခြုံလျက် Mingyuက lover seatတွင်ထိုင်ကာ အသက်ရှုတည်ငြိမ်အောင်ကြိုးစားရင်း Wonwoo လက်များက စတီယာရင်ဘီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။
"ဟား ဒါကထင်ထားတာထက်ပိုဆိုးတာပဲ"
နောက်ကိုမှီရင်း Mingyu ကပြောလာသည်။"အဆင်ပြေရဲ့လား"
ပုံမှန် တည်ငြိမ်နေတတ်သည့် သူ့အသံသည် အခုအချိန်တွင် တုန်ခါနေသလို။
Mingyu ပုခုံးတွန့်ပြသည်။
"အဆင်ပြေပါတယ်။ ခြစ်ရာတစ်ခုပဲမလို့ စိုးရိမ်စရာမလိုဘူး"သို့သော် ပြောနေရင်း သူ့အနေအထားပြောင်းထိုင်လိုက်ရာ အနည်းငယ် တုန်လှုပ်သွားသည်။ Wonwoo လှည့်ကြည့်လိုက်တော့ အကျီစအောက်ကသွေးများစိမ့်ထွက်လာသည်ကို သတိပြုမိလိုက်ရာ သူ၏ ငြိမ်သက်နေသော ပုံစံမှာ ကွဲအက်သွားရသည်။
"ကြည့်ကြည့်ရအောင်"
လှမ်းလာတဲ့ Wonwoo လက်ကိုတားလိုက်ပြီး
Mingyu ဖုံးကွယ်ဖို့ကြိုးစားပေမယ့် သူ့အသံက မူမမှန်နေ။
"ဒါက ဘာမှမဟုတ်ပါဘူး ငါအဆင်ပြေတယ်လို့ပြောနေတယ်။"Wonwoo ကားကို လမ်းဘေးကိုဆွဲရပ်လိုက်ပြီး
"ဖယ်ပေး ငါကြည့်မယ်လို့"Mingyu သက်ပြင်းချလိုက်ပြီး
"Wonwoo ငါ ကလေးမဟုတ်ဘူးဒီဒဏ်ရာကတော့ စာမဖွဲ့ဘူး"Wonwoo ကားပေါ်မှဆင်းလိုက်ကာ Mingyu စကားကိုနားမထောင်ပဲ ထိုင်နေတဲ့အခြမ်းကိုဆွဲဖွင့်ပြီး Mingyu ပုခုံးကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။
"Kim Mingyu!"Mingyuနှလုံးသားလှုပ်ခတ်သွားပြီး နာကျင်နေသော်လည်း ထူးဆန်းသော နွေးထွေးမှုတစ်ခု သူ့ဆီ ပျံ့နှံ့လာသည်။ သူ သက်ပြင်းချရင်း နောက်ဆုံးတော့ Wonwoo ကိုခွင့်ပြုပေးလိုက်သည်။
Wonwoo ချက်ချင်း Mingyu ဂျာကင်ကိုဖယ်ကာ အတွင်းဝတ်ကို ဆွဲတင်လိုက်တဲ့အခါ တောင့်တင်းသော ကြွက်သားအမြောင်းများဘေးတွင် ပြတ်ရှနေသည့် ဒဏ်ရာမှ သွေးတွေစိမ့်ကျနေတာဖြစ်သည်။ ကံကောင်း၍ ကျည်မမှန်ခဲ့ပေမဲ့ ကပ်ပြီးထိသွားတာဖြစ်သည်။
"ဒါက အနာမကျက်ရင် ပိုးဝင်နိုင်တယ်ဆိုတာ မသိဘူးလား"
Mingyu ခေါင်းခါပြလိုက်ပြီး သူ့အသံက စောစောက သတ္တိရှိပေမယ့်
"ငါ မင်းကို စိတ်မပူချင်ဘူး။"
YOU ARE READING
Partner In Crimes (Completed)
Fanfictionအသက်လောင်းကြေးထပ်ရပြီး၊ အန္တရာယ်များသော ခိုးယူမှု အမှောင်ကမ္ဘာတွင် Mingyu နှင့် Wonwoo တို့သည် ယုံကြည်မှု၊ ခံစားချက်တို့နှင့် ချည်နှောင်ထားပြီး သူတို့၏ ကျွမ်းကျင်မှုနှင့် သူတို့ နှောင်ကြိုးကို စမ်းသပ်သည့် အန္တရာယ်ရှိသော မစ်ရှင်များကို လုပ်ဆောင်ကြသည်...