![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ဂ
ျီဆူး ကျောင်းကအပြန် ဟိုကလေးကိုညနေစာ သူ့အကြိုက်ပီဇာဝယ်ကျွေးဖြစ်တယ်
"ဂယောင်းငယ် ခုနက ကလေးနဲ့အတူရပ်စောင့်နေတာဘယ်သူလဲ"
"အဲ့တာ ဆရာလေ ကြည့်ရတာဒီနေ့မှပြောင်းလာတာနဲ့တူတယ် မနက်ကအခန်းမသိလို့တောင် လိုက်ပို့လိုက်ရသေးတယ်"
"ဆရာဖြစ်ပြီး ကိုယ်စာသင်ရမည့်အခန်းေတာင်မမေးထားဘူးလား "
"အော် အသစ်ပါဆို ခဗျားကလည်း"
ပီဇာပလုပ်ပလောင်းနဲ့ပြန်ဖြေနေတဲ့ကလေးက ချစ်စရာအတိ
"ဘာလို့ မင်ဂယူနဲ့မဟုတ်ဘဲ သူနဲ့စောင့်နေရတာလဲ"
"အဲ့တာက သူ့ထီးကပ်စောင်းထားလို့လေ သူပါစောင့်ပေးနေတာ "
"ကလေးက ထီးမပါဘူးလား"
"ခဗျားကလည်း မိုးရွာမယ်မှန်းသိရင်ဝောာ့ ယူသွားမှာပေါ့ဗျာ ရုတ်တရက်ကြီးဆိုတော့ဘယ်ပါမလဲ "
"ပြီးတော့.."
"မေးလို့မပြီးတော့ဘူးလား ပီဇာလေးကောင်းကောင်းစားလို့မရဘူးလားဟွန့်"
"မမေးတော့ပါဘူး စားပါဗျာ"
ဂျီဆူး ခုနတစ်ယောက်ရဲ့ ကလေးကိုကြည့်နေတဲ့အကြည့်တွေကိုမကြိုက်ဘူး
အဲ့တာကြောင့် ကလေးကိုစစ်မေးနေရတာ ကလေးကတော့သူ့ကိုဆက်တိုက်မေးနေလို့ စိတ်မရှည်တော့ဘူးဆိုတာ နှုတ်ခမ်းစူစူလေးကြည့်ရုံနဲ့သိတယ်အိမ်ရောက်တော့နှစ်ယောက်လုံးသန့်ရှင်းရေးလုပ်ပြီး ဟိုကလေးကိုစာကူလုပ်ပေးရသေးတယ်
"ဂယောင်းငယ် ကျောင်းကဒါမတွက်ပြလိုက်ဘူးလား"
"တွက်ပြတယ်လေ ကျွန်တော်မှနားမလည်တာ ခဗျာပြန်ရှင်းပြ"

YOU ARE READING
He is my daddy
Fanfiction"အသက် ၄၅ နှစ်ရှိနေတဲ့ငါက ဒီကလေးကိုမှ မြင်မြင်ချင်းတမ်းတမ်းစွဲဖြစ်သွားတာ" "ကျွန်တော်ကမိဘတွေေကြာင့် ခင်ဗျားကြီးနဲ့လက်ထက်ခဲ့တာ ကျွန်တော်ကမိန်းကလေးတွေပဲစိတ်ဝင်စားတာ"