Part34. (Uni)

133 19 13
                                    

🍁ချစ်မိဖုရား
Part34

ရှောင်းကျန့်၏ဝမ်းပမ်းတသာ ထွေးဖက်မိခြင်းအပေါ်
ရင်ထဲတွင်လှိုက်ခုန်မောရသူက ဟုန်ပြည့်ရှင်သာ။
အကြင်သူကိုကား ချစ်ရပါသည်၊မြတ်နိုးရလွန်းပါသည် ဤဘဝတွင်မက ဘဝအဆက်ဆက်တွင်ချစ်ခင်ကာပိုင်ဆိုင်လိုပေသည်။
ဒါသည်သူနှင့်သာသက်ဆိုသော ဘဝလက်တွဲဖော်ဧကရီပင်ဖြစ်ပေ၏။

ဧကရီလေးက ထိုယောက်ျားအားထွေးဖက်ထားရာမှပြန်ခွာလိုက်ရင်း အေးချမ်းသောအပြုံးလေးနှင့် ပခုံးကိုအသာလေးပုပ်ပေးလိုက်ရင်းနှစ်သိမ့်၏
"အခု မင်းနေကောင်းလာပြီဆိုတော့သတင်းကောင်းပဲပေါ့ မင်း အဆင်သင့်ဖြစ်ရင် ဟုန်ကျင်းပြည်ကိုပြန်ကြတာပေါ့ "

"လာ....ဒီမှာလာထိုင် မတ်တပ်ရပ်နေတာက မင်းအတွက်ခက်ခဲလိမ့်မယ့်"
ဧကရီသည် ကြောင်အကာရပ်နေမိသောခင်ပွန်းအား
လက်မောင်းမှဆွဲကာ  အိမ်ရှေ့ကခါးပြင်(ဝရန်ဝာာ)
လေးပေါ်ကကုလားထိုင်လေးအပေါ်နားနေစေ၏။

ဧကရာဇ်သည်လည်းချစ်ရသူ၏အာရုံစိုက်ကာနွေးထွေးသောကြောင့်အပြုံးမပျက်ပေ။
"ဒါက ဆေးလက်ဖက်ရည်လေ....မင်းအတွက်သင့်တော်တယ် ဒါလေးအရင်သောက်ထား မင်းကနိုးလာကာစဆိုတော့ဗိုက်ပြည့်တာတစ်ခုခုစားချင်လား"

"ကောင်းပြီ ကိုယ့်မိဖုရားလေးသဘော"
သူနိုးလာကတည်းက မျက်နှာရွှင်စွာ အပြောမပျက်သော ဧကရီလေးအားကြည့်ကာ ချစ်ရပြန်သည်။
အခုတော့သူစိမ်းဆန်သလောက် 'ဟုန်ပြည့်ရှင်/ပိရှ' ဟူသောသူစိမ်းဆန်သောစကားများအစား"မင်း"လို့နာမ်စားလေး သုံးနှုန်းလို့လာြပီဖြစ်သည်။

အဲ့တော့သူတို့ရဲ့အိမ်ထောင်ရေးက ပိုကောင်းလာတယ်ပဲဆိုရမှာပေါ့ ၊ဒါကလည်းသူ့အသက်နဲ့လောင်ကြေးထပ်လို့ရလာတဲ့ အကျိုးအမြတ်တွေပဲမလား။
သူသိသားပဲ သူ့မိဖုရားလေးကအတွင်းစိတ်က နူးညံ့ကြင်နာတာကိုပေါ့....။

ဧကရာဇ်ဝမ်တစ်ယောက်  ဧကရီချပေးလာသော မုန့်ပွဲထဲမှ တစ်ခုအားကောက်ယူလိုက်ရင်း ထူးကဲတဲ့‌ေဆးလက်ဖက်ရည်သောက်ရင်း ပုလင်း‌ေတွနဲ့အလုပ်ရှုပ်‌ေနတဲ့ဘေးနားကကုလားထိုင်မှာဝင်ထိုင်နေသော သူ၏မိဖုရားကိုမေးမိသည်က
"ကိုယ်ကမင်းကိုပင်ပန်းစေခဲ့မိပြီ ကိုယ်တော့်အိုက်ဖေး"

🍁My Lovely Empress🍁        🍁ချစ်မိဖုရား🍁Where stories live. Discover now