Zawgyi
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
နီစွေးသောမင်္ဂလာဝေါယာဉ်နှစ်စီးအား နန်းတွင်းသူနန်းတွင်းသားများအပါအဝင် ပြည်သူများကပါ ဝမ်းနည်းမျက်ရည်များကျရ၏
ဤအရှင်နှင့်ဤအိမ်ရှေ့ စံကိုသူတို့တသက်မေ့လိမ့်မည်မဟုတ်
တိုင်းပြည်နှင့်ပြည်သူအတွက် မိမိကိုယ်ကို မမှုပါသော လျန်ဟွားမင်းကြီးအား လွန်စွာမှကြည်ညိုလှပါ၏
နှမြောလှပါ၏မိမိတို့ချစ်သော အရှင်နှစ်ပါးသည် ဤမြေ ဤရေ ဤမွေးရပ်ထီးနန်းကို စွန့်ခွာတော့မည်
သွေးမြေမခသည့် ဆုံးဖြတ်ချက်ပင်ဖြစ်သော်လည်း
အသည်းခိုက်အောင်ရင်နာရပါ၏...........
ဝေါယာဉ်အတွင်းရှိမင်္ဂလာသတို့သမီးတို့မှာမူ ကိုယ်စီအတွေးနယ်ကျွံကြသည်မှန်သော်လည်း အတွေးတို့ကတော့မတူပေ
ရှောင်းကျန့် မိမိကိုယ်ကို တာဝန်မကျေဟုခံစားရ၏
ရှောင်းနျန်အား မကာကွယ်ပေးနိုင်သည့်အပြင် မိမိပါ သိမ်းပိုက်ခံထိမယ်လို့ ဘယ်ထင်မိမလဲရှောင်းကျန့်မျက်နှာအားလက်ဖြင့်အုပ်၍ငိုမိ၏
*ရီချင်း ငါက တာဝန်မကျေဘူး
နျန်အာကို ပျော်ရွှင်စေချင်တယ် မင်းကိုပေးထားတဲ့ကတိအတိုင်းမတည်နိုင်လို့ ဘုရင်တစ်ပါးဖြစ်ပါလျက် မကာကွယ်နိုင်လို့
ငါ အရမ်းကိုယ့်ကိုကိုယ် မုန်းမိခြင်းပဲ
မင်းသိလား ခုဆိုနျန်အာလေးက ကလေးရတော့မယ် သူကမင်းနဲ့သိပ်တူတယ် မင်းကျတော့မင်းချစ်ရသူနောက်စောစီးစွာလိုက်သွားတယ် ငါ့ကိုကျမင်းသိပ်ချစ်တဲ့သားနဲ့ထားခဲ့ပြန်တယ်
ခုကျတော့လည်း ငါ့ရဲ့တစ်ဦးတည်းသောမိသားစုဝင်နျန်အာကိုငါ့ဆီကခေါ် ထုတ်သွားကြပြန်ပီ
ငါ့တကယ့်ကို အသုံးမကျဘူးပဲ*ရှောင်းကျန့် လွန်ခဲ့ပြီးဖြစ်သောမိမိတို့ မြို့ရိုးအားမျှော်ကြည့်မိပါ၏
လှပကာငြိမ်းချမ်းသောဤ ပြည်အားတဖဝါးမှမခွာချင်သော်လည်း
ယခုမူ မိမိသည် ဤပြည်ငယ်လေး၏ဘုရင်မဟုတ်တော့ပေ
ဟုန်ပြည်ကစစ်နိုင်၍ ရလာသောသက်ရှိတစ်ဦးသားဖြစ်သည်တကယ့်လက်တွေ့ တွင် မိမိသည် ဟုန်ပြည့်ရှင်အားမည်သို့ရင်ဆိုင်ရမည်နည်း
ဝေါယာဉ်ထဲကထွက်လိုက်သည်နှင့်တပြိုင်နက် ဟုန်ပြည့်ရှင်အား
ခင်ပွန်းမတော်ချင်သော်လည်း တော်ရတော့မည်
STAI LEGGENDO
🍁My Lovely Empress🍁 🍁ချစ်မိဖုရား🍁
Narrativa Storicaဒါလေးက မင်းနှစ်ပါးရဲ့နင့်နင့်နဲနဲချစ်ခြင်းကိုဖော်ကြူးရေးသားထားတဲ့storyလေးပါ #not translation #own creation #you can enjoy my story with both uni and zawgyi