Baek ဗုဒ္ဓဟူးနေ့ အသင်းကျတာကြောင့်
ကျောင်းကိုအစောကြီး ရောက်နေမိတယ်။
သိပ်မကြာခင်မှာ ထုံးစံအတိုင်းမျက်နှာ ခပ်တည်တည်နဲ့ Chanyeol က အတန်းထဲဝင်လာတယ်။
သူ့ထိုင်ခုံမှာ ကျောပိုးအိတ်ချပီး ထွက်သွားတဲ့ အချိန်ထိ baek ခေါင်းကို အတတ်နိုင်ဆုံး ငုံ့ထားလိုက်တယ်။ဟုတ်တယ်လေ အထင်သေးသလို အမြင်သေးသလိုအကြည့်တွေလဲ မခံနိုင်ပါ။ ကိုယ်ကကော ဘာသားနဲ့ထုထားတာမို့လို့လဲ။ ခံစားတတ်တယ်။နာကျင်တတ်တယ်။
ဒါပေမဲ့လဲ သူ့ကို တွေ့ရင် အလိုလို လက်ဖျားတွေ အေးပီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ဖြစ်သွားတာ ဘာကြောင့်များပါလိမ့်။
သိပ်မကြာခင် သူထွက်သွားတာကို မျက်လုံးထောင့်စွန်းမှာ ရိပ်ကနဲ မြင်လိုက်ရမှ အောင့်ထားတဲ့ သက်ပြင်းတခု ကြိတ်ချမိလိုက်တယ်။
အခန်းထောင့်မှာ ရှိတဲ့ တံမြက်စည်းပြေး ယူ! အတန်းတွေခုံတွေအောက် အကုန်ရှင်လင်းပီးခါမှ အခြားသူတွေ အကုန်ရောက်လာကြတယ်။
chanyeol ကော်ရစ်တာအပြင်ဘက်ကနေ baek ကို လှမ်းကြည့်မိတော့ သူထွက်သွားခါမှ တံမြက်စည်းလှည်းနေတာ တွေ့ရတယ်။
ဘာလဲဟ။သူနဲ့အတူရှိနေတုန်းကဖြင့် မလှုပ်မယှက်။ ကိုယ်က သူ့ကိုဘာလုပ်မှာမို့လို့လဲ?ထားပါ ဒါ သူ့ကိစ္စမှ မဟုတ်ဘဲ။
ဘောင်းဘီအိတ်ထဲ လက်ထည့်ရင်း အတန်းပိုင်ဆရာမ ရုံံးခန်းဆီ ဦးတည်သွားလိုက်သည်။
အတန်းခေါင်းဆောင် ခဏလာခဲ့ပါဆိုလို့ သွားရမှာ! စိတ်က သိပ်စိတ်ဝင်စားလှတာ မဟုတ်ဖူး!
ဘာတွေများ ပြောမလို့ပါလိမ့်~~~~
baek စားပွဲမှာ ပြန်ထိုင်နေစဉ်
အနားရောက်လာတဲ့ အရိပ်တရိပ်ကြောင့်မော့ကြည့်လိုက်သည်။
*Yixing?? *
"hey မင်းက G ခန်းကပြောင်းလာတာမလား"
" Ah! nae "
" နာမည်က byun baekhyun နော်"
*သူ သန်းခေါင်စာရင်းကောက်နေတာများလား*
မျက်မှန်လေးကို ပင့်တင်လိုက်ရင်း တချက်ပြုံးပြလိုက်သည်။