part_4(uni&zaw)

11.5K 1.2K 18
                                    

" Baek ဒီနေ့တော့ အိမ်ပြန်လိုက်တော့နော်"
" ဟုတ်တယ် baek....အမှန်တရားက ဖုံးကွယ်ထားလို့မရပါဘူး အဆင်ပြေသွားမှာပါ"

baek မျက်လုံးတွေ နီရဲနေပီး စိတ်နဲ့ လူနဲ့ ကပ်တဲ့ပုံလဲမပေါ်!

ဒါမဲ့ သူ အရမ်းပင်ပန်းနေတယ်ဆိုတာက အထင်ရှားပါပဲ။

kai သက်ပြင်းအသာချရင်း

"Kyungsoo .... baek တို့ အတန်းပိုင်ဆရာမ ကို သွားပြောပီးရင် သူ့အတန်းထဲက လွယ်အိတ်တွေပါ ယူလာခဲ့။အိမ်ပြန်လိုက်ပို့ပေးပီး နားခိုင်းရမယ်"

" ommm နားလည်ပီ kai  baek ကိုသာ ကြည့်ထားပေးနော်"

"imm စိတ်ချသာသွား"

kyungie ထွက်သွားတော့မှ baek ကို

အသာပွေ့ဖက်ထားလိုက်သည်။

ဒါတောင် တချက်တချက် ရှိုက်နေသေးတာ!

သိပ်မကြာခင် Kyungie ပြန်လာတော့ ၂ယောက်သား baek တဖက်တချက်ကနေပွေ့ဖက်ပီး အိမ်ပဲ တန်းပြန်လိုက်တော့သည်။

အင်း အဒေါ့်ကိုတော့ ညာရဦးမှာပေါ့~~~~

~~~~~~~~~~~~~~~~~~~~

yeol အခန်းထဲကို ခေါင်းငိုက်စိုက်ချပီး ပြန်လာတော့ Luhan က ပြေးလာသည်။

" Yeol ya"

chanyeol အခုမှ စိတ်နဲ့လူနဲ့ကပ်သလို သူ့ကို ခေါ်လိုက်သူကို လှမ်းကြည့်လိုက်သည်။

အခြားသူတွေကိုပါ  ဝေ့ဝဲကြည့်မိတော့ lay နဲ့ kris က မျက်နှာသိပ်မကောင်း။

ဘာဖြစ်လို့များပါလိမ့်!

သူတွေးနေတုန်းရှိသေး

" Yeol မင်းပိုက်ဆံအိတ် ငါပြန်ဝယ်ပေးပါ့မယ်ကွာ "

" ဘာ ကို ပြောနေတာလဲ? "

" ဟို ဟိုဟာကွာ ငါတကယ်တောင်းပန်ပါတယ် မင်းကို စချင်လို့သာ"

" Lay ဘာဖြစ်တာလဲလို့ ငါမေးနေတယ်လေ"

kris က မျက်နှာငယ်ဖြင့် ဝင်ရှင်းပြတယ်။

" ဒီနေ့ ကန်တင်းမှာ စားကြရင် မင်းရှင်းရမဲ့အလှည့်မလား"

"အင်း အဲ့တော့"

" ဟိုကောင် Lay က မင်းကိုစချင်လို့တဲ့ မင်းကန်တင်းမှာ ရှင်းရမဲ့အချိန် ပိုက်ဆံအိတ်မပါတဲ့ပုံကို ကြည့်ပီး ရယ်ချင်လို့တဲ့လေ မင်းပိုက်ဆံအိတ်ကို ယူပီး ငါ့ locker မှာ သွားဝှက်ထားတာ"

Quiet Love(completed)Where stories live. Discover now