Ep-20

1.6K 112 12
                                    

" ကလေးငယ် ထတော့ နေ့လည်စာစားရအောင်.."

နေ့လည်ရောက်တော့ အခန်းထဲမှာအိပ်နေသည့်
ကလေးငယ်ကို သွားနိုးရသည်..။ ထိုကလေးသည်
မနက်ကလိုဂျီမကျတော့ပဲနဲ့ ချက်ချင်းထလာသည်..။

" ကိုယ်အလုပ်လေးနည်းနည်းရှုပ်နေလို့
အစားအစာမှာထားတယ် ဒီမှာပဲစားလို့အဆင်ပြေတယ်မလား.."

စားပွဲပေါ်မှာတင်ထားသည့် အစားအစာတွေကို
ငါတွေ့လိုက်ရသည်..။ အလုပ်ရှုပ်နေတာတောင်
ထိုလူက ငါ့ကိုတကူးတကကြီးလာနိုးပေးသည်..။
ထိုလူအလုပ်ရှုပ်နေတာကိုတောင် ငါကအေးအေး
ဆေးဆေး ဘယ်လိုတောင်အိပ်နိုင်ရတာလဲ..။

" ကျွန်တော်ဘာကူလုပ်ပေးရမလဲ.."

" ရတယ် ကလေးအရင်စားနှင့်လေ ကိုယ်လက်စလေးသတ်ပြီးရင် လာစားလိုက်မယ်.."

ထိုလူက အခုနောက်ပိုင်း ငါ့ကို ကလေးဟု
ခေါ်တတ်လာသည်..။ ကလေးဟုခေါ်ခံရတာ
ကိုယ့်ကိုကလေးနဲ့တူတယ်လို့ နှိုင်းခံရသလို
ခံစားရတာကြောင့်အစပိုင်စကတော့မကြိုက်ပါ..။

ဒါပေမယ့် ချာတိတ်လို့ခေါ်တာထက်ဆာရင်
ကလေးဆိုသည့် အသုံးအနှုန်းက ပိုပြီးအဆင်ပြေသည်..။

" ခင်ဗျားမစားရင် ကျွန်တော်လဲမစားဘူး.."

" ဟော..အဲ့လိုမဟုတ်ဘူးလေ ကိုယ်စားမှာပါ
ဒါပေမယ့် အခုကလေးအရင်စားနှင့်ထားလို့.."

" အတူတူစားချင်တာ တစ်ယောက်ထဲစားရတာမကြိုက်ဘူး အထီးကျန်သလိုခံစားရတယ်..ခင်ဗျားအလုပ်ပြီးအောင်လုပ်လိုက် ကျွန်တော်စောင့်မယ်.."

" ဗိုက်ဆာနေမှာပေါ့.."

" ဟင့်အင်းရတယ်.."

Geminiသက်ပြင်းတစ်ချက်ချမိသွားသည်..။
ချက်ချင်းဆိုသလို ဖုန်းကိုထုတ်ပြီးတော့ တစ်နေရာရာအား ဖုန်းခေါ်လိုက်သည်..။

" ဟယ်လို..အေး..ငါအခု ဟိုတယ်အသစ်အတွက်
ဒီဇိုင်းဆွဲပြီးပြီ ကျန်တာတွေမင်းဆက်ပြီးတာဝန်ယူပေး ငါအခုမအားလို့..ကောင်းပြီ.."

Geminiသူ၏လက်ထောက်ကို ဖုန်းဆက်ကာ
အလုပ်တွေအားခဏတာလွှဲပြောင်းလိုက်သည်..။

Anything You Want Baby { COMPLETE }Where stories live. Discover now