ဒီနေ့ကတော့ shopping နေ့လေးဖြစ်လိမ့်မယ်..။
ထိုလူကြီးသည် မနက်နိုးထဲက shopping ထွက်ကြမလားဟုလာပြောတာကြောင့် ငါလက်ခံလိုက်သည်..။ ငါ့အကြိုက်ပဲမဟုတ်လား မလက်ခံရင်
Nattawat မပီသရာကြသွားမှာပေါ့..။အဲ့တာကြောင့် မနက်နိုးထဲက ရေမိုးချိုးပြီး Laရဲ့ကုန်တိုက်ကြီးတွေမှာ ဈေးပတ်ဝယ်ဖို့အတွက်
ငါအပြည့်အဝပြင်ဆင်နေသည်..။မှန်တင်ခုံမှာထိုင်ပြီးတော့ ဆံပင်အနီရောင်လေးတွေအား ကောက်စက်ဖြင့် ကောက်နေသည့် ထိုကလေးကို
ငါစောင့်နေသည်..။ သူ့အကြိုက် shopping ထွက်ရအောင်လို့ပြောလိုက်တာနဲ့ အိပ်ရာကနေ ချက်ချင်းကို ထပြီးတော့ ပြင်ဆင်တော့တာပဲ..။ထိုကလေးသည် ပြင်ဆင်နေတာအတော်လေးကြာသည်..။ အနည်းဆုံး တစ်နာရီလောက်ရှိမယ်
ထင်တယ်..။ ဒါပေမယ့်လည်း ငါစိတ်ရှည်ရှည်နဲ့ထိုင်စောင့်ပေးနေသည်..။" ပြီးပြီ ကျွန်တော်ဘယ်လိုလဲ.."
သူပြင်ဆင်လို့ပြီးသွားတော့ ထိုင်နေသည့်ရှေ့သို့
ရောက်လာပြီးတော့ ဘယ်လိုလဲဟုမေးလာသည်..။ဆံပင်အနီရောင်ကောက်ကောက်လေးတွေကလဲ
လှသည်..။ နားကပ် ၊ ဆွဲကြိုးနဲ့လက်စွပ်စသည့်
လက်ဝတ်လက်စားတွေကိုလဲ လှလှပပလေး
ဝတ်ဆင်သွားသည်..။ အဖြူရောင် tank top ကိုမှ ဂျင်းအပြာရောင်အပွလေးနဲ့တွဲပြီးဝတ်ဆင်ထားပြီးတော့ အပေါ်ကနေ leather jacket ကိုပါ
ထပ်ပြီးတော့ ဝတ်ထားသည်..။ လူငယ်ဆန်ဆန်
နားကြပ်ကိုလဲ လည်ပင်း၌ချိတ်ဆွဲထားသေးသည်..။အကုန်လုံးချုံပြီးပြောရရင် ထိုကလေးက
ဖက်ရှင်အမြင်ရှိတာကြောင့် ဒီနေ့ အဝတ်အစားကတော့ ချစ်စရာကောင်းတာထက် မိုက်တယ်လို့
ပြောရမယ်..။" မိုက်တယ်.."
သူ့ကိုမိုက်တယ်ဟုပြောလိုက်တော့ ထိုကလေးဟာ
ကျေနပ်သွားလေသည်..။" လာ ထဦး mirror ဆယ်ဖီရိုက်ရအောင်..."ဟု
ပြောပြီး ငါ့ကိုဆွဲခေါ်ကာ အခန်းထဲမှာရှိတဲ့မှန်ကြီး
ရှေ့ကိုသွားသည်..။မှန်ထဲမှာမြင်နေရသည့် ငါတို့နှစ်ယောက်ပုံစံဟာ
လုံးဝကွဲထွက်နေသည်..။ ထိုကလေးသည် ခပ်မိုက်မိုက်ပုံစံဖြစ်ပေမယ့်လည်း ငါက အညိုရောင်polo
Shirt နဲ့အတူ နို့နှစ်ရောင်style pants ကိုဝတ်ဆင်ထားပြီး လက်ပတ်မှာနာရီတစ်လုံးကိုသာပတ်ထားသည်..။

YOU ARE READING
Anything You Want Baby { COMPLETE }
Fanfic" လိမ္မာရင် အကုန်ဘေဘီ့အတွက်ပဲ.." Gemini X Fourth Myanmar Fanfic