part 12

243 59 17
                                    

မြေကြီးပေါ်တွင်ငြိမ်သက်စွာလဲလျောင်းနေတဲ့ခန္တာကိုယ်လေးအားပွေ့ကာရင်ကွဲမတတ်ငိုနေမိတယ်

ကျောက်ယွမ်ကျိုး  :ရှောင်ကျော် ထပါအုံး ကိုယ့်ကိုအဲလိုမစပါနဲ့ ရှောင်ကျော်

ငိုနေရင်းမှကျောက်ယွမ်ကျိုးသေချာကြည့်လိုက်တော့ သွေးများပေနေတဲ့ဆံထိုးလေးကိုပန်ဆင်ထားတဲ့ချစ်ရသူ     ကြည့်စမ်းပါအုံးဘယ်လောက်တောင်ရင်နာစရာကောင်းလိုက်လဲ   ကိုယ်သိပ်ချစ်ရပါတယ်ဆိုတဲ့သူကိုမှထိခိုက်နာကျင်အောင်လုပ်မိပြန်ပီ   အဖေနဲ့အကိုကိုသတ်ခဲ့တဲ့မိစ္ဆာဆိုတာသိလိုက်ရတဲ့အချိန်မှာတောင်မမုန်းပဲသူ့အသက်ကိုပင်ဂရုမစိုက်ကယ်တင်ခဲ့တဲ့ချစ်ရသူအားကြည့်ကာငိုကြွေးနေမိတယ်

ဝမ်ရှောင်း :ကျောက်ယွမ်ကျိုး နည်းလမ်းရှာပီးတစ်ခုခုလုပ်ပါအုံး

ဝမ်ရှောင်းအသံကြားမှကျောက်ယွမ်ကျိုးဘေးနားမှလူတေကိုကြည့်မိတယ် ဒဏ်ရာကိုယ်စီနဲ့နာကျင်မှုကိုခံစားနေတဲ့  သူချစ်ရ​တဲ့  သူငယ်ချင်းတေ

ဖေးစီယွမ်  :ကျောက်ယွမ်ကျိုး နင်ကမိစ္ဆာပဲ လူကြီးမင်းရှောင်ကျော်ကိုတစ်ခုခုလုပ်ပါအုံး

ထိုအခါမှကျောက်ယွမ်ကျိုးဟာပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ကာဂူတစ်လုံးစီသို့ကျော်ရိချန်အားပွေ့ချီသွားတယ် မျက်ဝန်းမှလဲမျက်ရည်များစီးကျလျက်

ကျောက်ယွမ်ကျိုး  :ခဏလောက်တောင့်ခံထားပေးပါ  ကိုယ်တောင်းဆိုပါတယ်

ကျောက်ဖျာတစ်ခုပေါ်တွင်ကျော်ရိချန်အားငြင်သာစွာချကာအတွင်းအားဖြင့်ကုသပေးနေတယ် တခြားသူများမှာလဲအငြိမ်မနေနိုင် ယင်းလိန်နဲ့ရှောင်ကျိုကဆေးပင်သွားရှာပီးဝမ်ရှောင်းနဲ့ဖေးစီယွမ်ကတော့စွတ်ပြုတ်လုပ်ရန်ပြင်ဆင်နေကြတယ် ခဏကြာတော့ကျောက်ယွမ်ကျိုးသူတို့နားသို့ထလာခဲ့တယ်

ဝမ်ရှောင်း :ရှောင်ကျော်ဘယ်လိုနေသေးလဲ

ကျောက်ယွမ်ကျိုး  :အသက်အန္တာရာယ်တော့မစိုးရိမ်ရတော့ပါဘူး

ဝမ်ရှောင်း :သူနိုးလာရင်ဘယ်လိုရှင်းပြမလဲစဥ်းစားပီးပီးလား

ခင်မင်မှုမှအမုန်း အမုန်းမှအချစ်Where stories live. Discover now