Chapter 17

82 13 0
                                    

မနက်ခင်းကိုတော့ လူတိုင်း နေသားကျရန် လွတ်လပ်ခွင့်ပေးထားလိုက်ပြီး နေ့လည်ခင်းမှ activity စမည်ဖြစ်သည်။ ထို့ကြောင့် တစ်ယောက်ကို တစ်ယောက်နှုတ်ဆက်ကြပြီးသည်နှင့် အခန်းသို့ ပြန်သွားကြ၏။

ချီလဲ့နှင့် ရှန်းကျိုးတို့၏ အခန်းမှာ ဒုတိယထပ်၏ နောက်ဆုံးအခန်း ဖြစ်သည်။ အခန်း၌ တစ်ယောက်အိပ် ကုတင်နှစ်လုံး ပါရှိသည်။ ကုတင်ခေါင်းရင်းက ပြတင်းပေါက်ဘေးတွင် ဖြစ်ပြီး အခန်းက အတော်လေးရှင်းလင်းကာ လေသန့်ဆေး အနံ့ရလေသည်။

ချီလဲ့သည် ကုတင်တစ်ခုအား ကျပန်းရွေးလိုက်ပြီး ရှန်းကျိုးက ကျန်သည့်ကုတင်တစ်ခုအား သုံးလေသည်။ ရှန်းကျိုး၏ အိတ်ထဲ၌ အ၀တ်အစားအနည်းငယ်သာပါရှိပြီး ခပ်မြန်မြန် နေရာချပြီးသွားလေသည်။

ချီလဲ့တွင် အတော်လေးပါလာပြီး ချီကျင်းတုန်းက အကုန်နီးပါး၀ယ်ထည့်ပေးလိုက်၏။ ဤသည်မှာ အိမ်ကနေ ပထမဆုံး ထွက်လာခြင်းဖြစ်ရာ သူ ဘာမှမပြောပေမယ့်လို့ စိုးရိမ်စိတ်တော့ ရှိနေ၏။

ချီလဲ့က သူ့ပါပါး၏ ချစ်ခြင်းမေတ္တာမှာ ခံစားနစ်မြုပ်နေတုန်း ချီကျင်းတုန်းက Samoyed ပုံနှင့် သူ့ပုံပါ ထည့်ပေးလိုက်မှန်း တွေ့လိုက်ရသောအခါ ဆွံ့အသွားခဲ့သည်။ ရှန်းကျိုး ကြည့်လိုက်မိ၍ မရယ်ဘဲမနေနိုင်တော့ချေ။

" မင်း အဖေက မင်းလွမ်းနေမှာဆိုးလို့ ထင်တယ် "

ချီလဲ့သည် ဓာတ်ပုံအား ခေါင်းအုံးအောက်သို့ ထိုးထည့်လိုက်ပြီး ပြုံးကာ

" ပါပါးက ငါသူ့ကိုမေ့သွားမှာဆိုးလို့ ငါ လုပ်စရာမရှိတဲ့အချိန် ပုံပို့ပေးဖို့ ငါ့ကိုသတိပေးတာ "

" မင်းအမေကရော " ရှန်းကျိုးဆီမှ မပီမပြင်ထွက်လာပြီး ဆက်မပြောတော့ပေ။

ချီလဲ့က အသံတိုးတိုးဖြင့် " သူ ဆုံးသွားတာ ကြာပြီ "

ရှန်းကျိုး တောင်းပန်စကားပြောချင်ပေမယ့် ချီလဲ့က ခေါင်းမော့၍ ပြုံးလိုက်သည်။

" မင်း တောင်းပန်စရာမလိုပါဘူး မင်းမှ မသိတာ။ ပြီးတော့ နှစ်တွေအများကြီး ကြာနေပြီဟာ "

ငါမင်းကို လုံးဝပေးမကိုက်နိုင်ဘူး [Complete]Nơi câu chuyện tồn tại. Hãy khám phá bây giờ