Chapter 22

185 29 2
                                    

အားလုံးရဲ့မှင်တက်နေတဲ့အကြည့်အောက်မှာပဲ ရှန်းကျိုးက ချီလဲ့ကို မနိုင်မနင်းဆွဲခေါ်ကာ အပေါ်ထပ်သို့ တစ်ဝက်တစ်ပျက် တရွတ်တိုက်အနေအထားဖြင့် ခေါ်သွားလေ၏။

အကုန်လုံး၏မျက်ဝန်းများထဲ မရေမရာ ဒွိဟဖြစ်မှုများမှာအထင်းသား။

ရှန်ဇီယွဲ့ ဝမ်းနည်းသလိုပုံစံမျိုးဖြင့် ပြောလိုက်သည်။

"ငါသိလိုက်ပါပြီ!"

သူမရဲ့အသံက ခပ်တိုးတိုးလေးဖြစ်နေသော်လည်း မျက်ဝန်းများထဲတွင် မသိမသာစိတ်လှုပ်ရှားမှုလေးက စွန်းထင်းနေ၏။

ကျိုးလုက သူ့လက်ကိုဆုပ်ကိုင်ထားပြီး ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေသည့်ဟန်။

"တကယ်ပါပဲ နောက်ဆုံးတော့ ကောင်ချောလေးတစ်ယောက်ကို တခြားကောင်ချောလေးက ပိုင်ဆိုင် ရတာပဲ !"

သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက်ကြည့်၍ ခေါင်းငြိမ့်ပြကြလေ၏။

သိပ်ဟုတ်တာပေါ့ ။ ဖန့်ယွိနျန်ခမျာ သူတို့ပြောနေတာကို နားလည်နိုင်စွမ်းမရှိတော့ပေ။ ပြောစရာစကား ပျောက်ဆုံးသွားဟန်ဖြင့် မျက်လုံးများကိုအသာလှိမ့်၍

"ချီလဲ့က ကျိုးကောရဲ့ဖြူစင်မှုလေးကို တမင်သက်သက်အရောင်ဆိုးနေတာပဲဖြစ်ရမယ်။ ကျိုးကောရဲ့ အချစ်တွေကိုတောင် အပိုင်သိမ်းချင်နေသေးတယ်!"

"ပေါက်ကရတွေ!"

ကျန်းချန် သူ့ကိုမျက်စောင်းထိုးပြီးပြောလိုက်သည်။

"လဲ့လဲ့က အရက်သောက်ပြီး မူးနေတာလေ သူ သေချာပေါက် ရှန်းကျိုးကို သူကြိုက်တဲ့ အမျိုးသမီးကြယ်ပွင့် တစ်ယောက်ထင်နေတာဖြစ်မှာပေါ့ !"

ကျိုးလုနှင့် ရှန်ဇီယွဲ့နှစ်ယောက်သားမှာ ထိုနှစ်ကောင်ကို 'ငတုံးတွေ' ဆိုသောအကြည့်မျိုးဖြင့် ကြည့်လိုက်မိသည်။ ဒီအဖြောင့်နှစ်ကောင်က ဘယ်က ရောက်လာတာလဲဟ!

ထိုအချိန် အပေါ်ထပ်မှာတော့ ရှန်းကျိုးက ချီလဲ့ကို အခန်းထဲသို့ ဦးဆောင်ခေါ်သွားနေသည်။

ချီလဲ့က သူ့ကိုဇနီးလောင်းလေးအဖြစ် သတ်မှတ်ပြီးကတည်းက ရှန်းကျိုးပြောသမျှကို အရမ်းနာခံပြ နေသည်။ ရှန်းကျိုးက သူ့ကိုထိုင်ခိုင်းသည့်အတွက် သေချာထိုင်နေလိုက်ပြီး သူ့လက်များကို ဆန့်ထုတ်ထားဖို့ ပြောလာသေးသည်။ သူ့အကြည့်တွေက ရှန်းကျိုးလှုပ်ရှားသမျှနောက် တကောက်ကောက် လိုက်ကြည့်‌နေပြီး အခြေအနေဟာ သိပ်တော့ကောင်းမနေပေ။

ငါမင်းကို လုံးဝပေးမကိုက်နိုင်ဘူး [Complete]Donde viven las historias. Descúbrelo ahora