Chapter-79

446 52 0
                                        

Chapter 79


ပုတီးစေ့လေး  (12)

_______

လျိုဟန့်အဖြစ်အပျက်က ချူဟွိုက်ကို အထောက်အထား များစွာ ပေးလေသည်။

စတုတ္ထမြောက်နေ့တွင် ကွမ်ရင်မယ်တော်လေးအပေါ် ကန့်သတ်ချက်များ ပြေကျသွား၍ သရဲများ ပေါ်ထွက်လာသည်။

ကွမ်ရင်မယ်တော်လေး၏ ပထမဆုံး ပစ်မှတ်က ကျောက်စိမ်းရုပ်မိန်းကလေးကို ဖျက်ချပေးမည့် လျိုဟန်ပင်။

ကွမ်ရင်မယ်တော်လေး၏ ပွင့်လာသော စွမ်းရည်က အခြား သရဲများကို ကြိုးကိုင်ခြယ်လှယ်နိုင်ခြင်း ဖြစ်၍ မစ်ရှင်ထဲတွင် သရဲက သေချာပေါက် သုံးယောက်ထက်မနည်း ရှိနိုင်လောက်မည်။ 

ချူဟွိုက်က ကျောက်စိမ်းရုပ်မိန်းကလေး သူ့ကို ရှာတွေ့သွားသည့်နေ့တွင် သူမက ရုတ်တရက် သနားသွားတာကြောင့်မျိုး မဟုတ်ပဲ တစ်ခုခုကြောင့် ရန်မူမလာနိုင်တာမှန်း သေချာသိလေသည်။ နောက်ပိုင်းတွင် သူက ကွမ်ရင်မယ်တော်လေးနှင့် ပြိုင်ပွဲဝင်များ၏ အမွှာမွေးချင်းများက သူတို့ကိုယ်စား သတ်ဖို့လုပ်နေရသည့် အကြောင်းရင်းကို ဆက်စပ်မိသွားချိန် ချက်ချင်း သဘောပေါက်သွားရသည်။

ကွမ်ရင်မယ်တော်လေးသာ ပြိုင်ပွဲဝင်တွေကို ရန်ပြုလို့ရတယ်ဆိုရင် ဘာလို့ အလုပ်ရှုပ်ခံပြီး တခြားသရဲတွေကို ခိုင်းနေရဦးမှာလဲ....

ထူးခြားသည့် အကြောင်းရင်းရှိနိုင်၍ ကွမ်ရင်မယ်တော်လေးနှင့် ကျောက်စိမ်းရုပ်မိန်းကလေးတို့က ပြိုင်ပွဲဝင်များကို ကိုယ်တိုင် အန္တရာယ်မပေးနိုင်ခြင်းဖြစ်မည်။

ထို့ပြင် ထိုထူးခြားသည့် အကြောင်းရင်းကလည်း လွတ်မြောက်နိုင်မည့် လမ်းစ ဖြစ်နိုင်သည်။

လျိုဟန်၏ အစ်ကိုက အလုပ်တွင် ထိခိုက်ပြီး သေသွားခဲ့ကာ ပင်မြင့်စံနေရသည့် လျိုဟန့်အပေါ် နာကျည်းမုန်းတီးချက်များ ကိန်းအောင်းနေခဲ့၍ လျိုဟန့်အသက်ကို ခြိမ်းခြောက်လာမည့် သရဲအဖြစ် ပေါ်လာခဲ့သည်။

လျိုဟန့်ပြောပြချက်တွင် ယခင်နေ့ညက နံရံထက် သွေးစွန်းနေပြီး မြေကြီးကလည်း သွေးကွက်များ အရိုးအပိုင်းအစများ ဖုံးလွှမ်းနေ၍ သရဲက ထိုအဖြစ်အပျက်ကို ပြန်ပြီး အသက်သွင်းချင်သည့်ပုံပင်။ စွန်းကျားမူ၏ ဖွင့်ဟပြောဆိုချက်အရ သူ၏ အမွှာညီက ရေနစ်သေခဲ့ဟန်ရှိသည်။

(Complete)စူပါနထရယ်ဝေါ့စ်မှာ မင်းနဲ့ flirt ကြမယ် Where stories live. Discover now