အပိုင်း ၂၉ - ၂🚨🚨

392 22 4
                                    

အပိုင်း ၂၉ - ၂

"အရှင်မင်းကြီးက တကယ် ခန့်မှန်းလို့မရတဲ့သူပဲ။"

ခါဆယ်ရ်၏ အပြာရောင်မျက်လုံးများက ငြိမ်ကျသွားရာမှ တုန်ယင်လာ၏။

"...ငါပြောချင်နေတဲ့စကားကို။"

ခါဆယ်ရ်က ယူဂျင်း၏ နှုတ်ခမ်းများကို အလုံးစုံ ငုံထွေးစုပ်ယူသွားတော့သည်။ သူ၏လျှာက ပါးစပ်အတွင်းသို့ နက်နက်ရှိုင်းရှိုင်း တိုးဝင်လာ၏။ အတွင်းမှ နူးညံ့သည့်အသားလေးကို အသာအယာပွတ်သပ်ကာ ​ခြေရာခံနေသကဲ့သို့ တစ်လက်မမကျန်အောင် စေ့စေ့စပ်စပ် နယ်ချဲ့စူးစမ်းခဲ့သည်။

ယူဂျင်းက မျက်လုံးလေးများ မှိတ်ထားလိုက်သည်။ ယခုတင် သောက်သုံးခဲ့သည့် လက်ဖက်ရည်၏ရနံ့က ခါဆယ်ရ်၏ နှုတ်ခမ်းများပေါ်တွင် စွဲထင်ကျန်ရစ်လျက်။ သူ့ပခုံးပေါ်တွင်တင်ထားသည့် ယူဂျင်း၏ လက်ဖျားလေးများ မသိမသာ ဆတ်ခနဲလှုပ်ရှားသွားတော့၏။

"အင်း..."

ယူဂျင်း၏ခါးကို ပွေ့ဖက်ထားသည့်လက်တွင် အားပိုဝင်လာသည်။ ခါဆယ်ရ်၏ ဆွဲယူအားကြောင့် ယူဂျင်း၏ ခန္ဓာကိုယ်က သူ့ဘက်ကို အသာလေး ယိမ်းသွားကာ တောင့်တင်းသည့် ရင်အုပ်နှင့် ဖိမိသွားတော့သည်။ တောင့်တင်းသော ရင်အုပ်ကြားတွင် ပိတ်မိနေသည့် ခန္ဓာကိုယ်က အရှေ့ရောအနောက်ရောမှ အညှစ်ခံထားရ၏။

ခါဆယ်ရ်၏ လက်တစ်ဖက်က ယူဂျင်း၏ မေးစေ့အောက်မှနေ၍ လည်တိုင်အထိ ထွေးဆုပ်ထားလျက်ရှိသည်။ ဖိထပ်ထားသည့် နှစ်ဦးသား၏ နှုတ်ခမ်းများက အကြားအလပ် အနည်းငယ်မျှပင်မရှိအောင် ထိစပ်လျက်။

နှစ်ယောက်က တစ်ယောက်၏ခန္ဓာကိုယ်အကြောင်း တစ်ယောက်နားလည်ပြီးသားဖြစ်ကာ ချစ်တင်းနှောခြင်းမှဖြစ်လာသည့် သာယာမှုကိုလည်း မှတ်မိနေပြီးသားဖြစ်ပေသည်။ နူးညံ့သည့်အနမ်းအဖြစ် စတင်ခဲ့ရာမှ ချုပ်တည်းစောင့်စည်းမှုမရှိသော ပြင်းပြင်းပြပြအနမ်းအဖြစ်သို့ ပြောင်းလဲခဲ့လေပြီ။

ခါဆယ်ရ်က ထိစပ်နေသည့်လျှာကို ပွတ်သပ်ခဲ့သည်။ သေးငယ်ပြီး နူးညံ့သည့် ယင်းလျှာလေးကို ကိုက်ကာ အရသာခံချင်မိသည်။ ရက်အနည်းငယ်ကြာပြီးမှ အရသာခံရခြင်းဖြစ်သည့် ယူဂျင်း၏ နှုတ်ခမ်းလေးများမှ ချိုမြိန်မှုများ စိမ့်ထွက်လာ၏။

နောက်ဆုံးခရီး နိဋ္ဌိတံသော်Where stories live. Discover now