Cast - Lee Taemin , Kim Kibum, Park Miyoung
ဂျိုဆွန်း လက်ထက်.. ။
ထယ်ဂျွန်း နိုင်ငံ .. နန်းတွင်း တစ်နေရာ၌..။
မှန်ထဲတွင် ယောကျာ်း လေး တစ်ယောက်လို ၀တ်စား ထား ပြီး ကိုယ့်ကို ကို စိတ်ကြေနပ် လေဟန် ဖြင့် တစ်ပတ်လှည့် ကြည့် လိုက်သော Miyoung အား ကြည့်ပြီး သူ့ မယ်တော် မှာ စိတ်ညစ်လေ ဟန်ဖြင့် သက်ပြင်းသာ ချ လိုက်ပါတော့သည်..။
'သမီးတော်.. Miyoung..အဲ့လောက်ထိ လုပ်ဖို့ မလိုဘူး..´
'မယ်တော် ရယ်.. သမီးပြော.. အဲ.. ကျွန်တော်ပြော တာလဲ အာပေါက်နေပြိီ.. စိတ်ကူးပြောင်း ဖို့မရှိဘူး.. ကျွန်တော့်ကို ခွင့်ပြုပေးတော်မူပါ..´
'မယ်တော် စိတ်မချလို့ပါကွယ်.. သမီးက ဘယ်လိုပဲ ယောကျာ်း လေးလို ၀တ်စား ထားထား.. မိန်းကလေး သွင်ပြင် လက္ခဏာ က ပေါ်နေတယ်မလား..´
'ဒါ မယ်တော် ထင်လို့ပါ.. အခုနောက်ပိုင်း မိန်းကလေး နီးနီး ချောမော လာတဲ့ ယောကျာ်း တွေလဲ ရီတွက်လို့ မကုန်တော့ပါဘူး မယ်တော်ရဲ့...´
'ဟုတ်ပါပြီ .. ဒါပေမယ့် သမီးလေးက ဒီက နန်းတော် ထဲမှာ ခြေမွေး မီးမလောင် လက်မွေး မီးမလောင် နေခဲ့ရတာ.. ဟိုဘက် ရောက်ရင် ပင်ပန်းတဲ့ ဒဏ် မခံနိုင်ရင် ဘယ်လိုလုပ်မလဲ??´
'ဒါတွေ ကျွန်တော် မမူပါဘူး.. အဓိက က ခမည်းတော် ဆန္ဒ ပြည့်ဖို့ပဲ.. သူ နတ်ရွာမစံခင်လေး.. အခုဆိုလဲ အခြေအနေ က သိပ်ကောင်းတာ မဟုတ်ဘူး မယ်တော်ရယ်.. သူ့နောက်ဆုံး ဆန္ဒ အရ.. အကိုတော် နဲ့တွေ့ပေးမှ ဖြစ်မယ်.. ပြီးတော့ ဒီမှာ အိမ်ရှေ့မင်းသား နေရာလဲ မသတ်မှတ်ရသေးဘူး.. အကိုတော် ကို ပြန်ခေါ်လာပြီး..ဒီမှာ အုပ်ချုပ်ခိုင်းရမယ်.. သူက ဒီတိုင်းပြည် နဲ့ပဲ သက်ဆိုင်တာ.. ဘာလို့ ဟိုမှာနေနေရမှာလဲ? မရဘူး...´
'ဒါပေမယ့် လေ.. သမီးက မိန်းမသား မလား? မသင့်တော် ဘူး.. မယ်တော်တို့ သမီး အကိုတော်ကို သူလျှို တစ်ယောက် လွှတ်ပြီး အကြောင်းကြားခိုင်း လိုက်မယ်လေ.. ပြီးတော့ အဲ့ပြည်နဲ့က လဲ အရင်လို မဟာမိတ် မဟုတ်တော့ဘူး နော်..´
'ကျွန်တော် သိပါတယ် .. ဒါကြောင့် လဲ နန်းတွင်းထဲ ကို ၀င်ဖို့ ယောကျာ်း လေး သဏ္ဌာန် ဖမ်းထားတာ အကောင်း ဆုံး ပဲမလား? ကျွန်တော် တတ်ကျွမ်းထားတဲ့ ပညာ တွေကလဲ နည်းမှ မနည်းပဲ.. စိတ်မပူတော်မူပါနဲ့.. ကျွန်တော် Kibum အကိုတော် လက်ကို ဆွဲပြီး ဒီကို ပြန်လာခဲ့မယ်.. စောင့်နေ..´
'အဖော် တစ်ယောက် လောက် ခေါ်သွားပါလားကွယ်..´
'မလိုဘူး.. ရှုပ်တယ်.. လူများလေ.. ရှုပ်လေပဲ.. အကူအညီလဲ မရဘူး.. ကျွန်တော် တောင် အကိုတော် ကို ရှာရဦးမှာ.. မျက်နှာက လဲ ငယ်ရုပ်ပဲ သိတော့ တယ်.. အင်း.. ဒါပေမယ့် ..အကိုတော် ငယ်ငယ်က ချော်လဲ လို့ရထားတဲ့ ညာဘက် မျက်ခုံးပေါ်က ဒဏ်ရာ အမှတ်တော့ ရှိမှာဆိုတော့.. အင်း.. သွားပြီ မယ်တော် .. ခမည်းတော် ကိုလဲ နှုတ်ဆက် သွားပါတယ်လို့.. အခြေအနေ ထူးရင် စာကို ခိုနဲ့ ပို့လိုက်မယ်...´
ဟုဆိုကာ Miyoung တစ်ယောက် မြင်းပေါ်သို့ လွှား ကနဲ တတ်သွားတော့သည်...။
အဖေချစ် သမီး...Miyoung တစ်ယောက် ထွက်ခွါသွားတာကို ကြည့်နေ သော သူ့ မယ်တော် မှာတော့.. မျက်ရည် များစွာနဲ့ မတားရက် နိုင်ခဲ့ပါ....။
YOU ARE READING
Unexpected(Completed)
Historical Fictionတစ်ဖက် တိုင်းပြည် ကို ရောက်ရှိသွားသော Miyoung ၏ အဖေတူ အမေကွဲ မင်းသားလေး Kim Kibum..။ အကိုရှာ ပုံတော် ဖွင့်ဖို့ ဒီဘက် တိုင်းပြည် ကို ယောကျာ်း လေး ပုံဖမ်းပြီး ရောက်လာတဲ့ Miyoung တစ်ယာက် ဒီဘက် တိုင်းပြည် ရဲ့ အိမ်ရှေ့မင်းသ...