Miyoung တစ်ယောက် အခု ရောက်နေသည့်နေရာမှာ နန်းတွင်း ရဲမက်တွေ စုဆောင်း သည့် နေရာ တွင် ဖြစ်လေသည်..။
သူ နန်းတွင်း ထဲဝင်ဖို့ ကြံရင်း သွားရင်း..မေးရင်း..မြန်းရင်း.. ယခု နန်းတွင်း ၌ အိမ်ရှေ့ မင်းသား အား ကာကွယ်စောင့်ရှောက် ရန် ကိုယ်ရံတော် များအလို ရှိသည် ကြား၍ လာရောက် လျောက်ထား ခြင်း ဖြစ်လေရာ...။
လာသာလာရသော်လည်း.. သည် အရောက်.. သူတော်တော် အားငယ် မိသည်..လာလျှောက်သည့် သူအကုန် နီးပါး သူ့ထက် လူကောင်က နှစ်ဆ လောက် ကြီးသူတွေ..။
အေးပေါ့လေ.. ကိုယ်ရံတော် လာလျှောက် တဲ့သူတွေ ဆိုတော့..။
ဘယ်လောက်ပဲ.. ဘယ်လိုပဲ.. Skill တွေ ကောင်းနေပါစေ.. သူ့လို အကောင်သေးသေး.. နုနုဖတိဖတ် လေးကို မရွေးလောက်ပါ..မရဖို့ကတော့ သေချာသည်.. သို့သော် .. ရရာ ကောက်ရိုး တစ်မျှင်လဲ လှမ်းဆွဲ ရမှာပဲ.. Kibum အား တွေ့ဖို့ သာ အဓိက အရေးကြီးလေသည်..။
'ဟူးးး ..´
သူ ရော တစ်ခြားသူတွေကော စောင့်နေတာ တော်တော် ကြာနေပြီ..အားလုံး သက်ပြင်း တစ်ချချနှင့်..။
အိမ်ရှေ့မင်းသား အား စောင့်နေကြခြင်း ဖြစ်သည်.. သူကိုယ်တိုင် ရွေးမည် ဆိုသဖြင့်..။
အခုထိလဲ မလာနိုင်သေး..အိမ်ရှေ့မင်းသား နောက်ကျ သည် ဆိုတော့လဲ ဘယ်သူမှတော့ အသံမထွက်ရဲ မငြ်ီးရဲပေ..။
ညနေလောက်ထိ သူစောင့်နေပြီး နောက်ထပ် သူမစောင့်နိုင်တော့ ၍ သူ ထိုနေရာမှ ထွက်လာပြီး အဆောင် အနောက်ရှိ ရေကန်လေး ဘေးတွင် သွားထိုင်နေလေသည် ..။
ထိုင်နေရင်းမှ သူ တွေးရင်း အချိန်မလေးစား သည့် အိမ်ရှေ့မင်းသား ဆိုသည့် သူအား မုန်းလာလေတော့သည်.. သူလဲ မဖြစ်လို့သာ လုပ်ရတာ.. အခု ချက်ချင်း အကိုတော် ကို ရှာပြီး ပြန်သွားလိုက်ခြင်တော့သည်..။
YOU ARE READING
Unexpected(Completed)
Historical Fictionတစ်ဖက် တိုင်းပြည် ကို ရောက်ရှိသွားသော Miyoung ၏ အဖေတူ အမေကွဲ မင်းသားလေး Kim Kibum..။ အကိုရှာ ပုံတော် ဖွင့်ဖို့ ဒီဘက် တိုင်းပြည် ကို ယောကျာ်း လေး ပုံဖမ်းပြီး ရောက်လာတဲ့ Miyoung တစ်ယာက် ဒီဘက် တိုင်းပြည် ရဲ့ အိမ်ရှေ့မင်းသ...