ဒီနေ့ဆို ကျွန်တော်နဲ့ ajusshi တွေ့တာ ၁လတင်းတင်းပြည့်ခဲ့ပါပြီ.. ဒီ ၁လဆိုသည့်အချိန်အတွင်းမှာ သူနဲ့ကျွန်တော်ရဲ့ရင်းနှီးမှုတွေက အဆင့်အများကြီးတက်လာခဲ့သည်ဟု ခံစားမိသည်... အခုဆို ညနေတိုင်း သူလာမယ့်အချိန်ကို စောင့်မျှော်နေတတ်ပါပြီ.. ajusshiစားချင်သည့်ဟင်းများကို တစ်နေ့တစ်မျိုး လက်စွမ်းပြချက်ပြုတ်ပေးရင်း ညနေတိုင်းအိမ်ကိုလာတတ်သည့်သူ့ကို အမြဲမျှော်နေမိပါပြီ.. Ajusshi ဘေးမှာမရှိလျှင် ကျွန်တော့်အတွက် တစ်ခုခုလိုအပ်နေသလို ခံစားနေရပြီ..
ကျွန်တော့်မိဘတွေက ကျွန်တော်ငယ်ငယ်တည်းက ဆုံးပါးသွားကြပြီး တဦးတည်းသောသားဖြစ်သော ကျွန်တော့်ကို အဘွားကသာစောင့်ရှောက်ခဲ့တာဖြစ်သည်.. အဘွားကလည်း ဆင်းရဲနွမ်းပါးသူမို့ ကျွန်တော်ကိုယ်တိုင် အလယ်တန်းကျောင်းမှထွက်ခဲ့ရပြီး အသက်၁၁နှစ်အရွယ်တွင် အဘွားနှင့်လိုက်ကာ လမ်းဘေးတွင် ဈေးရောင်းခဲ့ရသည်.. အမှန်အတိုင်းပြောရရင် သူများကလေးတွေကို ကျွန်တော်အရမ်းအားကျပါသည်... သူများတွေ ကျောင်းဝတ်စုံလေးဝတ်ပြီး ကျောင်းသွားကြသည်ကို မြင်လျှင် ကိုယ့်ဘ၀ကိုယ်အားငယ်လွန်း၍ ခဏခဏမျက်ရည်ကျမိသည်.. ကျွန်တော့်တွင် မွေးချင်းညီအကိုမောင်နှမများမရှိသည့်အတွက် မြေးအဘွားနှစ်ယောက်တည်း ဘ၀ကိုပင်ပန်းဆင်းရဲစွာ ရုန်းကန်လာခဲ့သည်.. အဘွားနေမကောင်း၍ အိပ်ရာထဲလဲသွားချိန်တွင်တော့ ကျွန်တော်တစ်ယောက်တည်း ပိုမိုခက်ခဲစွာရုန်းကန်ခဲ့ရသည်...
ထိုအခြေအနေမျိုးတွင် ကျွန်တော့်ရှေ့ကို မီးအိမ်ရှင်ရောက်လာခဲ့သည်.. မီးအိမ်ရှင် ajusshiရောက်လာခြင်းသည် ကျွန်တော့်၏ခြောက်သွေ့သောဘ၀ထဲတွင် အိုအေစစ်ကို ရုတ်တရက်မြင်လိုက်ရသလိုပင်.. ငယ်ငယ်လေးတည်းက တွယ်တာရာမဲ့ခဲ့သော ကျွန်တော့်ဘ၀တွင် ajusshiကို အဖေတစ်ယောက်လို အကိုတစ်ယောက်လို တွယ်တာလာခဲ့သည်.. ပြီးတော့ တိတ်တခိုးချစ်ရသူတစ်ယောက်အနေနဲ့ရောပေါ့.. ၁လဆိုသောအချိန်ကာလက ကျွန်တော်တို့နှစ်ယောက်အတွက်တော့ တစ်သက်စာရင်းနှီးမှုအတွက် လုံလောက်သောကာလဖြစ်ခဲ့သည်..
အခုလည်း ajusshi ပြန်လာချိန်ကို အိမ်ရှေ့လှေကားထစ်တွင်ထိုင်ရင်း စောင့်မျှော်နေမိသည်.. ajusshiက အလုပ်ကပြန်လာလျှင် ဟိုတယ်အရင်မပြန်ဘဲ ကျွန်တော့်အိမ်ကိုအရင်ဝင်ပြီး ကျွန်တော်ချက်ကျွေးသောညစာစားပြီးမှသာ ပြန်လေ့ရှိသည်.. ဟော ကားသံကြားနေပြီ.. ajusshiကို စောင့်ကြိုရန် ကျွန်တော် အပြေးလေးထွက်လာမိသည်.. ကားရပ်တော့ ကားပေါ်ကဆင်းလာသော ajusshiကိုကြည့်ပြီး ကျွန်တော့်ရင်တွေငြိမ်းချမ်းသွားသည်.. ajusshiသည် ဘယ်အချိန်ပဲ ကြည့်ကြည့် ချောမောခန့်ညားကာ စမတ်ကျနေသည်.. အလုပ်ပင်ပန်းသည့်အချိန်တွေမှာတောင် ကြည့်ကောင်းဆဲဖြစ်သည်..
YOU ARE READING
What is Love ?
FanfictionJung Yunho ကျွန်တော်ဟာ အိမ်ထောင်ရှင်တစ်ယောက်ပါ.. ထပ်ပြီး ရှင်းရှင်းပြောရရင် သာယာချမ်းမြေ့သော မိသားစုဘ၀လေးကို ပိုင်ဆိုင်တဲ့ ယောက်ျားတစ်ယောက်ပါ.. ဒါပေမယ့် ကျွန်တော့်ဘ၀ထဲကို သူဝင်ရောက်လာချိန်ကစပြီး ကျွန်တော့်ရဲ့သာယာနေတဲ့ဘ၀လေးဟာ မုန်တိုင်းတွေထန်လာခဲ့ပါတ...