Chapter 7

3.7K 334 8
                                    

မနက်မိုးလင်းခါနီးမှ ခွဲစိတ်ခန်းထဲကထွက်လာသော သူ့မျက်နှာလေးကို ကြည့်ရင်း ကျွန်တော့်ရင်ထဲနာကျင်နေမိသည်.. ကံကောင်းထောက်မစွာဖြင့် ပင်မသွေးကြောကိုမထိသွားသော်လည်း လက်ကောက်ဝတ်ဒဏ်ရာများကတော့ သေရာပါအမှတ်အသားများဖြစ်သွားတော့ပေမည်...မနေ့ညက ရှုပ်ပွနေသော တိုက်ခန်းအတွင်း သွေးအိုင်ထဲတွင်လဲကျနေသောကောင်လေးကို မြင်မြင်ချင်းကျွန်တော့်နှလုံးတွေရပ်တန့်သွားပြီး ကျန်တာမစဉ်းစားနိုင်တော့ဘဲ ချက်ချင်းပွေ့ချီကာ ဆေးရုံသို့အမြန်ခေါ်ခဲ့သောကြောင့်သာ အသက်ချမ်းသာရာရပေသည်..

<<< ကောင်လေးရယ် မင်းဘာကြောင့်ဒီလိုမျိုးတွေလုပ်ရတာလဲ.. မင်းတစ်ခုခုဖြစ်သွားရင် အရင်ဆုံးရင်ကွဲနာကျရမှာ ငါဆိုတာ မင်းမသိဘူးလားကွာ >>>

ခေါင်းရင်းဘက်မှာထားထားသော ကျွန်တော့်ဖုန်း၏vibrationအသံကြောင့် ကျွန်တော်ဖုန်းကို ဖွင့်ကြည့်မိသည်.. တညလုံးမကိုင်မိခဲ့သော miss callပေါင်းမြောက်များစွာက စောင့်ကြိုနေသည်..မနေ့ညက ဧည့်ခံပွဲမှာ လူကြီးတွေနဲ့ရှိနေချိန် ကျွန်တော့်ဖုန်းထဲမက်ဆေ့ရောက်လာခဲ့သည်.. မက်ဆေ့ဖွင့်ကြည့်တော့ သွေးချင်းချင်းနီနေသော လက်လေး.. ထိုလက်လေးကိုမြင်လိုက်ရချိန် ကိုယ့်ကိုကိုယ်လဲပြိုကျမသွားအောင် ဘေးကစားပွဲကိုတောင် ထိန်းကိုင်ထားရသည်... ကောင်လေး၏ခန္ဓာကိုယ်အစိတ်အပိုင်းအသေးစိတ်ကို အလွတ်မှတ်မိနေသောကျွန်တော် ကောင်လေးလက်ကိုမြင်မြင်ချင်း အံ့သြထိတ်လန့်သွားမိတာမဆန်းပါ.. ထို့ကြောင့် လူကြီးတွေကိုတောင်မနှုတ်ဆက်နိုင်ဘဲ မျက်နှာအပျက်ပျက်ဖြင့် ကားဆီသို့လှမ်းသွားမိသည်.. နောက်နားဆီကလှမ်းခေါ်နေသော သူမအသံကိုကြားသော်လည်း လှည့်ကြည့်ဖို့စိတ်ကူးမရှိခဲ့ပါ..

မနေ့က ကောင်လေးမွေးနေ့ဆိုတာလည်း ကျွန်တော်တကယ်မသိခဲ့ပါ.. ကြိုတင်သိထားခဲ့လျှင် ကျွန်တော်တခုခုကို စီစဉ်ပေးမိမှာအမှန်ပင်.. အမှန်ဆိုလျှင် ကောင်လေးဆီမှ ရန်တွေ့အော်ဟစ်သံကို ကြားချင်မိသည်.. ဒါဆို ကျွန်တော်ဒီလောက်အထိအနေခက်မည်မဟုတ်ပါ.. သို့သော် အခုတော့ သူ့ကိုသူနာကျင်အောင်လုပ်တာဟာ ကျွန်တော့်ရင်ကို အဆတရာလောက်ပိုနာကျင်စေတယ်ဆိုတာ သူမသိရော့သလား...

What is Love ?Donde viven las historias. Descúbrelo ahora