ကျွန်မ Luhan ဆိုတဲ့ အမျိုးသမီးကို ဖြောင်ချန်းမြို့ရဲ့ လမ်းမပေါ်မှာ တွေ့ခဲ့ရပါတယ်။
ကျွန်မ နာမည်ကတော့ Do Kyung Soo ပါ။ ကျွန်မ အခု အသက် ၁၈ နှစ်ရှိပါပြီ။
========================
ကျွန်မ မျက်လုံးတွေ လေးလံနေတယ်။ ကျွန်မ မျက်လုံးတွေကို သေချာအားပြုပြီး ဖွင့်လိုက်တယ်။ ဒါပေမယ့် ဝိုးတဝါးပဲ မြင်ရပါတယ်။ ဒါပေမယ့် ကျွန်မ လူအချို့ရဲ့ အသံတွေကိုတော့ ကြားနေရပါတယ်။
ကျွန်မ ကုတင်ပေါ်က ထဖို့ ကြိုးစားပေမယ့် မရပါဘူး။ တကယ်တော့ ကျွန်မဟာ ကမ္ဘာပေါ်မှာ ကျွန်မအမုန်းဆုံး အမျိုးသားတစ်ဦးနဲ့ ကုတင်ပေါ်မှာ လဲလျောင်းနေတာပါ။
သူ့နာမည်ကတော့ Playboy "Oh Sehun"
ကျွန်မ နောက်တစ်ခါ ပြန်နားထောင်လိုက်တယ်။ ကျွန်မသိလိုက်ပါပြီ။ အဲ့အသံတွေဟာ မိုတယ်ရဲ့ အပြင်ဘက် က လာတဲ့အသံတွေပါ။
ကျွန်မမျက်လုံးတွေကို ညင်သာစွာပွတ်သပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ နံနက်လင်းစ ရှိပါသေးတယ်။ ဒါပေမယ့် လ်မ်းပေါ်က ခရီးသွားတွေကတော့ ရွှေတွင်းဆီကို ဦးတည်သွားလာနေကြပါတယ်။
ဒီနေ့ ရွှေတွင်းမှာ ပွဲတော်ရှိလို့ပါ။
Oh Sehun ကတော့ ကျွန်မကို မိုတယ်ထဲမှာ ချုပ်နှောင်ထားတာ ၁၀ ရက်တောင်ရှိပါပြီ။
ကျွန်မ သူ့အဝေးကို ထွက်ပြေးဖို့ အကြိမ်ကြိမ် ရုန်းကုန်ခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ ပရိယာယ် ကြွယ်ဝမှု၊ ကျန်းမာကြံ့ခိုင်မှုတွေကြောင့် ကျွန်မအမြဲ ရှုံးနိမ့်ခဲ့ရပါတယ်။
========================
ကျွန်မ အိပ်ရာပေါ်ကနေ ဖြည်းဖြည်းချင်း အားယူကာ ထလိုက်ပါတယ်။ Oh Sehun ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲပါ။
ကျွန်မ သူမနိုးအောင် ခြေသံဖွဖွနဲ့ လိုက်ကာပြတင်းပေါက်ဆီကို လျှောက်လာလိုက်တယ်။
အလင်းရောင်မှိန်ပျပျလေးက ပြတင်းပေါင်ကနေ ထိုးဖောက်ဝင်ရောက်နေတယ်။
Oh Sehun ရဲ့ မေးတဝိုက်က ပသိုင်းမွှေးတွေက ကျွန်မမျက်လုံးထဲမှာပေါ့ အရုပ်ဆိုးလှပါဘိ။
VOCÊ ESTÁ LENDO
HATRED & HEART (အမုန်းခွန်အား ပေးသနားပါ)
RomanceLulu ဆိုတဲ့ အမျိုးသမီးရဲ့ အပြုံးတွေက ကြောက်ဖို့သိပ်ကောင်းတယ် ယောက်ျားလေးတိုင်း သူ့အပြုံးတွေ မှာ နှစ်မြောသွားလေ့ရှိတယ် KIM JONGIN ကရော ......... သူတို့က ကျွန်မ ကျေးဇူးရှင်တွေပါ ဒါပေမယ့် ကျွန်မ ဆက်မသည်းခံနိုင်တော့ပါဘူး အဲ့အတွက် ကျွန်မဘက်က အချစ်တိုက်ပွ...