ချစ်ခွင့်ပေးမလား Ep(3)

2 1 0
                                        


တစ်နေ့တာအတွက် ကျောင်းချိန်ပြီးစီးသွားသည့်အခါ အိမ်ပြန်ဖို့ရန်အတွက် ရှောင်းကျန့် ကားစောင့်ရသည်။ ကားဆိုသော်ငြား တောက်ပြောင်၍သိန်းထောင်ချီတန်ကားမျိုးမဟုတ်ဘဲ ဆယ်ဂဏန်းလောက်နှင့်၀ယ်ထားသော without ကားဖြစ်သည်။ ဒါတောင်သူ့အပိုင်မဟုတ်၊ မနက်ဆိုကုန်စိမ်းရောင်းပြီးအပြန်ကျ ကယ်ရီဆွဲသည့်ဒိုင်နာကားဖြစ်သည်။ မနက်မိုးလင်းလျှင်အပြေးလွှားသွား၍ ကုန်စိမ်းရောင်းသည့်ကား၌ကပ်စီးရပြီး ညနေအပြန်ကျခေါက်ဆွဲဖိုးလေးပေး၍ချောင်ချောင်ချိချိလိုက်စီးနိုင်သည်။ ရှောင်းကျန့် ၏အိမ်ကချောင်ကျကျရွာနားဖြစ်သဖြင့်လမ်းလျှောက်လာဖို့ကလည်းအဆင်မပြေ ကိုယ်ပိုင်ဆိုင်ကယ်ဆိုပြန်တော့လည်းတစ်ခါဆိုင်ကယ်မှောက်ကတည်းကမစီးရဲတော့ဘဲ ညီလေးကိုသာစီးရန်ပေးခဲ့လိုက်ရသည်။

ဒိုင်နာကားပေါ်တွင်လူးလူးလိမ့်လိမ့်ဖြင့်စီးလာရင်းလမ်းတစ်၀က်လောက်ရောက်ကာမှ ၀မ်ရိပေါ် ကိုသတိရမိသည်။ သူဘယ်လမ်းကထွက်လို့ဘယ်သူနဲ့ပြန်သွားတယ်ဆိုတာအာရုံမစိုက်မိအောင်အထိ ကားစောင့်ရင်းသာမေ့သွားခဲ့သည်။ သူဌေးသားဖြစ်သည့်သူကတော့ခပ်မြင့်မြင့်အကောင်းစားကားကြီးကိုစီးကာ အေးအေးလူလူပြန်မှာသေချာသည်။ ကိုယ်တွေသာချွေးနံ့တထောင်းထောင်းခရီးကြမ်းကြမ်းကြောင့်ခါးတွေကနာနဲ့လူရုပ်မပေါက်ဘဲအိမ်ပြန်လာရသည်။ အိမ်သို့ရောက်သည့်အခါ မားမားကအ၀တ်တွေရုတ်ရင်းအပြေးလာကာရေခပ်တိုက်လေသည်။

"မားမားကလည်း နားပါအုန်း ရေတော့သားဘာသာခပ်သောက်ပါ့မယ်"
"မားမားသားကျောင်းဆရာလေးကပင်ပန်းလာတာလေ မားမားကရေခပ်တိုက်မှာပေါ့"

ပြောလို့လည်းမရတာကြောင့်ရောက်လာသောရေခွက်ကိုကိုင်ကာ မော့သောက်လိုက်သည်။ ရေက‌ေအး၍ပဲလားမားမားအပြုံးက‌ေအး၍ပဲလာ‌းတော့မသိရင်ထဲကိုသိပ်အေးမြသွားရလေသည်။ အသက်၃၀နားကပ်နေသောလူကြီးဖြစ်လင့်ကစားကလေးတစ်ယောက်လိုမားမားကိုဖက်ထားကာချွဲနေမိသည်။

"အမယ်လေးကျောင်းဆရာကြီးရယ် တပည့်တွေမြင်ရင်ဒီဆရာကလေးစိတ်မပေျာက်သေးဘူးလို့အပြောခံနေရပါအုန်းမယ်နော်"
"မားမားကလည်းသူတို့ပြောချင်ပြောပါစေ သားကမားမားရဲ့ကလေးပဲလေ"

You've reached the end of published parts.

⏰ Last updated: Aug 31 ⏰

Add this story to your Library to get notified about new parts!

ချစ်ခွင့်ပေးမလားWhere stories live. Discover now