ချစ်ခွင့်ပေးမလား ep(1)[zawgyi+unicode]

19 1 0
                                        

ချစ်ခွင့်ပေးမလား ep(1)

''ဆရာရှောင်း ဆရာရှောင်း''

အနောက်ဖျားမှအော်ခေါ်သံကြားသဖြင့်သုတ်ချေတင်ကာသွားနေသောခြေလှမ်းများအားရပ်တန့်ကာအနောက်သို့လှည့်ကြည့်သော်ကျောင်းသားကျန်းမင်ပင်ဖြစ်သည်။

''ဘာလို့ပြေးလာရတာလဲကျန်းမင်''

ရှောင်းကျန့်၏အမေးအားမဖြေနိုင်သေးသောကျန်းမင်မှာမောဟိုက်နေသေးလေသည်။

''ဆ..ဆရာရှောင်းရယ်..ဘာလို့...ဒီလောက်မြန်ရတာလဲ''
''ဖြေးဖြေး ဖြေးဖြေး ကျန်းမင် မင်းတို့အတန်းမှာလည်းငါ့အချိန်ရှိတာကိုအဲ့ကျမှပြောပါလား ဘာတွေဒီလောက်အရေးကြီးနေတာလဲ''

ရှောင်းကျန့်အားပြုံးပြကာ-

''အရေးကြီးသမှကြီးကြီးကြီးကိုမြည်သေး ဒီနေ့လေ သချာင်္ဆရာအသစ်ရောက်မှာ ဆရာရှောင်းရဲ့''

ရှောင်းကျန့် မှာမနေ့ကတည်းကဆရာအသစ်ရောက်မည်ကိုသိပြီးဖြစ်သည်။ ထို့ကြောင့်သိပ်အံ့သြခြင်းမပြတော့ပေ။

''ဒီတိုင်းလည်း ဆရာအသစ်တွေလာနေတာပဲကို''
''ဆရာရှောင်းကလည်း အခုဆရာကမင်းသားရှုံးလောက်အောင်ကိုချောတာတဲ့''
''ဒါဆိုလည်းမင်းသားသွားလုပ်ရောပေါ့''.
''ဟဲဟဲ အဲ့ဒါလာပြောတာ''
''မင်းကတော့လေ သွားတော့ကျောင်းထဲ''
''ဟုတ်''

ကျန်းမင် အားနှင်လွှတ်ပြီးနောက် လက်မှတ်ထိုးရန်ကျောင်းအုပ်ကြီးရုံးခန်းသို့လာခဲ့သည်။ လမ်းတစ်လျှောက်လည်းထိုသချာင်္ဆရာအကြောင်းသာပြောနေကြတာမို့ ရှောင်းကျန့် တော်တော်လေးအမြင်ကတ်နေပြီဖြစ်သည်။ ကျောင်းအုပ်ကြီးရုံးခန်းရှိရာအဆောက်အုံကိုတွေ့သော် ရုံးခန်းရှေ့ရှိဘယ်ဘက်နံရံတွင်မှီရင်းရပ်နေသော ကျောင်းသားတစ်ဦး။

ရုံးခန်းရှေ့ရောက်သောအခါမထီမဲ့မြင်နှင့် ဒီတိုင်းရပ်နေသေးသည့်ကျောင်းသားသည် တကယ်ရိုသေလေးစားမှုမရှိ။

''ဟိတ် ကျောင်းသား''

ရှောင်းကျန့် ၏ခေါ်သံအားမကြားချင်ယောင်ဆောင်နေသောကြောင့် ရှောင်းကျန့် ဒေါသထွက်သွားရသည်။

ချစ်ခွင့်ပေးမလားWo Geschichten leben. Entdecke jetzt