You know better, right?

618 50 2
                                    

Chapter(6)

"Jongin, ဒါဆို မင်းသွားမှာပေါ့။"

Soo ရဲ့ Appa စကားကြောင့် Jongin ခေါင်းငြိမ့်လိုက်ပြီး

"Nae. ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေအတွက်ပဲ၊ စစ်သားမှန် ရင် ဒီဆုံးဖြတ်ချက်ကို ချရမှာပဲလေ။"

Soo ရဲ့ Appa ရဲ့ မိတ်ဆွေတွေနဲ့ Soo ရဲ့ Appa က တော့ သူ့ကိုသာ ဒီလုပ် ရပ်မှန်ကြောင်း ချီးမွမ်းခန်းဖွင့်နေကြသည်။

"ကျွန်တော်က မနက်ဖြန် ပြန်ထွက် ရ တော့မှာလေ။ အဲဒါကြောင့် …"

"Jongin…"

စကားပြောနေရင်းနှင့် ရုတ်တရက် နောက်ဖက်မှ အသံကြားတာကြောင့် Jongin ခေါင်းနပန်းကြီးသွားရသည်။

"မနက်ဖြန် ပြန်ထွက် ရမယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ, Jongin?"

Jongin Soo ကို လှည့်ကြည့်လိုက်ပြီး Soo နားသို့ တဖြည်းဖြည်တိုးသွားကာ

"ကိုယ်ပြောတာ နားထောင် ပါဦး, Soo…"

ပြောလျက်နှင့်ပင် Soo ၏ လက်ကိုလှမ်းကိုင် လိုက်တော့ Soo က လက်ကိုလွှတ်ချကာ အပြင် သို့ ထွက်သွားတော့သည်။

"Apunim, ကျွန်တော့ကို ခွင့်ပြုပါဦး။"

"အေးအေး။ သွား…ဟိုမှာ စိတ်ကောက်သွားပြီိနဲ့ တူတယ်။"

Jongin လည်း လူကြီးတွေကို နှုတ်ဆက်ခဲ့ပြီး Soo နောက်သို့ လိုက်လာခဲ့သည်။

လိုက်သွားကြည့်လိုက်တော့ Soo က လသာဆောင်လေးမှာ။ လက်တန်းလေးကို ထောက်ထားပြီး ဟိုကြည့်ဒီကြည့်နှင့် လျှောက်ကြည့်နေသည်။

"Soo…"

ခေါ်လိုက်သော်လည်း Soo က ပြန်လှည့်မကြည့်။ ဒီတစ်ခေါက်တော့ Soo တော်တော် စိတ်ဆိုးသွားတဲ့ပုံပဲ။

"ကိုယ့်ကို စိတ်ဆိုးနေတာလား။" မေးရင်းနှင့် Soo ဘေးနားသို့ လျှောက်သွားလိုက်သည်။ မ မျှော်လင့်ဘဲ Soo က မျက် ရည်ကို သုတ်လိုက်တာကို မြင် လိုက် ရတာမို့…

"Soo…ဘာလို့ငိုနေတာလဲ။"

ငိုနေတဲ့ Soo ကို တွေ့လိုက်တော့ ဘယ်ဘက် ရင် အုံမှ တစ်နေရာကလည်း ဆစ်ခနဲ။ ဆစ်ခနဲဆိုတာထက် နာကျင် တာဆိုရင်တောင် ပိုမှန်မယ်ထင်။

Dear My Dear,...Where stories live. Discover now