Are we there yet?

677 49 1
                                    

Chapter(5)

"ဒီ ပိတ် ရက်နှစ် ရက်တော့ နားလိုက်ကြဦး။ ပြီးတော့ နားရက်မှာ သေချာ ဆုံးဖြတ်ကြ။ မင်းတို့ကို အတင်းမပါခိုင်းဘူး။ ကဲ ... ဒါဆို ပြင် ဆင်ကြ တော့"

တပ်မှူးက ပြောပြီး ထွက်သွားတော့ သူတို့လည်း အိမ်ကိုပြန်ဖို့အတွက် အထုပ်များ ထုပ်နေလိုက်ကြသည်။

"Jongin မင်း ဘယ်ကိုပြန်မှာလဲ။ ထုံးစံအတိုင်း မင်း ဦးလေး အိမ်ပဲလား"

Sehun က မေးတော့ Jongin ခေါင်းခါလိုက်ပြီး

"Charleston ကိုပဲ ပြန်မှာ။"

Sehun က အလုပ် ရှုပ်နေရာမှ သူ့ကို စိုက်ကြည့်လိုက်ပြီး

"Jongin, မင်း Charleston ကို သွားမယ်ဆို 18 နာရီပဲ ဟိုမှာ နေရမှာနော်"

Jongin လုပ်နေ သော အလုပ်များကို အဆက်မဖြတ်ပဲ Sehun ကို ပြန်ဖြေလိုက်သည်။

"18 နာရီလည်း 18 နာရီပဲ။ Charleston မှာ Soo ငါ့ကို စောင့်နေမှာ။"

Sehun က တော့ သက်ပြင်းကိုပဲ ချရင်း သူ၏ အလုပ်များကိုသာ ဆက်လုပ်နေသည်။ တကယ်ပဲ American တပ်က စစ်သားတစ်ယောက်ဖြစ် ရတာလည်း မလွယ်ဘူး။ တကယ်တော့ ဒီစစ်မှာ သူမပါလည်း အ နေသာကြီးပါ။ ဒါပေမယ့် မျိုးချစ်စိတ်ပေါ့လေ။

____________________________________

Jongin တစ်ယောက် Charleston လေဆိပ်ကို ရောက်ရောက်ချင်း စိတ်တွေပူပန်နေမိသည်။ တစ်နည်းပြောရရင်တော့ စိတ်လှုပ် ရှားနေတာပေါ့။ Soo နဲ့ တွေ့လို့ စိတ်လှုပ် ရှားတာက တစ်ကြောင်း၊ Soo ကို မျက်နှာချင်းမဆိုင် ရဲတာက တစ်ကြောင်း။

Soo သာ သိသွားရင်ကော သူ့ကို နားလည်ပေးနိုင် ပါ့မလား။

••••••••••••••••••••••••••••••••••••••••••

Soo တစ်ယောက် ဘဝမှာ ဒီလို ကို့ရို့ကားယားဖြစ်မိတာလည်း ပထမဆုံးနေမှာပါ။ Jongin များ ဘယ်အချိန်လာလေမလဲဆိုပြီး မနက် 2 နာရီထဲက နေ လာပြီးစောင့်နေတာ။ အိပ်ငိုက်လို့ကလည်း မရ။ ကြည့်ပါဦး...အခုပဲ မနက် 9 နာရီဖြစ်နေပြီ။

နည်းနည်းစောင့်နေရာက ကြာတော့ စစ်သား အင်္ကျီနှင့် လူများထွက်လာသည်ကို တွေ့တော့ Jongin လည်း မကြာခင် ထွက်လာလောက်တယ်ဆိုပြီး ပြေးလွှားကာ ဟိုကြည့်ဒီကြည့်လုပ်နေလိုက်သည်။ နဂိုကတည်း အရပ်ကလည်း ပုဆိုတော့ အရပ် ရှည် ရှည် လူတွေကြားဘာမှမမြင် ရ။ ဒါပေမယ့်ကောင်းတာ တစ်ခုက Jongin က အရပ် ရှည်တော့ Soo မြင် နိုင် တယ်လေ။

Dear My Dear,...Where stories live. Discover now