ငါ့ကိုလေ ခေါ်သွားပေးပါ
ငါကိုကျေးစူးပြုပြီး နင်နေတဲ့နေရာကိုခေါ်သွားပေးပါ
နင်ဘယ်ကနေရောက်လာတာလဲ ပြီးတော့နင်ဘယ်ကိုဆက်သွားမှာလဲ
ရယ်သံလေးအချို့သည် ကျွန်တော့်ရဲ့နားထဲသို့ရိုက်ခတ်သွားသည်
ထိုမှတစ်ဆင့်နှလုံးသားထဲသို့ဝင်ရောက်သွားပြန်သည် ကျွန်တော်လေဒီအချိန်ရောက်ရင်အတိုင်းမသိပျော်တယ်ဗျာ သူ့ကိုတွေ့တဲ့အချိန်သူရဲ့အသံလေးကိုကြားလိုက်ရတဲ့အချိန်
ကျွန်တော့်ဘဝမှာအပျော်ဆုံးပဲပေါ့ ပြောရမယ်ဆိုကျွန်တော့်နှလုံးသားကြီးတစ်ခုလုံး တုန်ခါသွားတာကို လောကကြီးတောင်ကြားသိလိုက်တဲ့အချိန်ပေါ့ဗျာ
ကျွန်တော်သူမခေါ်ဆောင်ရာလိုက်သွားတယ်ဗျ
ဲ
ကျွန်တော်ရဲ့မနီးမဝေးမှာသူမ
သူမကအရမ်းလှတယ်ဗျာ ပျော့ပျောင်းနူးညံ့တဲ့ဆံကေသာလေးက သူမရဲ့ခါးသွယ်သွယ်လေးအထက်မှာဝဲလို့ ပါးလွှာတဲ့ဂါဝန်ဇာအဖြူလေးကိုလဲဝတ်ထားတယ် သူမရဲ့အသားလေးကနူးညံ့ပြီး ဖြူစွတ်နေတာပဲ
ခြုံပြောရရင်လေ
သူမက ကျွန်တော့်ရဲ့နတ်သမီးလေးတစ်ပါးပါပဲ
ကျွန်တော်သူမရဲ့အလှတွေကိုတစေ့စေ့ကြည့်ရင်း သူမခေါ်ဆောင်ရာ လိုက်ပါသွားတယ်
တစ်ကယ်တော့ကျွန်တော်ညှို့ခံထားရတာ ကျွန်တော်သိပါတယ် ဒါပေမဲ့ကျွန်တော်ဒီစက်ကွင်းထဲကရုန်းမထွက်ချင်ဘူး
အဲ့တာနဲ့ပဲကျွန်တော်
ဟိတ်ဟိတ်နေဦးလေ
ကောင်မလေးကျွန်တော့်ကိုခေါင်းလေးတစ်ချက်လှည့်ကြည့်တယ်ကွန်တော်သူရဲ့မျက်နှာလေးကိုမှတ်မိလိုက်တယ်
ပြီးတော့ သူကျွန်တော့်ကို ဟိုးမျှော်စင်အမြင့်ကြီးပေါ်ကိုခေါ်သွားတယ်
YOU ARE READING
I can Feel You
Randomကျွန်တော်သူမခေါ်ဆောင်ရာလိုက်သွားတယ် ကျွန်တော်ရဲ့မနီးမဝေးမှာသူမ သူမကအရမ်းလှတယ်ဗျာ ပျော့ပျောင်းနူးညံ့တဲ့ဆံကေသာလေးက သူမရဲ့ခါးသွယ်သွယ်လေးအထက်မှာဝဲလို့ ပါးလွှာတဲ့ဂါဝန်ဇာအဖြူလေးကိုလဲဝတ်ထားတယ် သူမရဲ့အသားလေးကနူးညံ့ပြီး ဖြူစွတ်ေ...