အခုဆိုရင်လေ ကျွန်တော့်ရဲ့စိတ် ၁၀၀% ကသူ့အပေါ်လွှမ်းမိုးနေမိပြီ
ကျွန်တော့်ရဲ့အချိန် ကျွန်တော့်ရဲ့ရှင်သန်ခြင်းတွေလဲ သူ့အတွက်ပဲဖြစ်နေပြီလေ
ကျွန်တော်သူနဲ့တွေ့ရဖို့ဆိုရင် ကျွန်တော့်ရဲ့အရာအားလုံးကိုစွန့်လွှတ်ရမယ်ဆိုရင်တောင်ကျွန်တော်စွန့်လွှတ်ရဲတယ် သူဟိုးအဝေးကြီးမှာရှိနေမယ်ဆိုရင်တောင် ကျွန်တော်သူ့ရဲ့စိတ်နဲ့ဆက်သွယ်ချင်တယ် လူချင်းမတွေ့နိုင်တာ ကျွန်တော်သိတယ် ကျွန်တော့်လိုအခြေအနေမျိုးနဲ့ သူ့ကိုကျွန်တော်အခုလောလောဆယ်ဘယ်လိုမှ လိုက်ရှာနိုင်မှာမဟုတ်ဘူး
အဲ့တော့သူနဲ့နည်းစပ်အောင် ကျွန်တော်ဖန်တီးချင်တယ် သူနဲ့ကျွန်တော်နဲ့စိတ်ချင်းဆက်သွယ်ပြီး စကားတွေအများကြီးပြောချင်တယ်
တစ်နည်းပြောရရင် တယ်လီပသီ နဲ့ပေါ့
သူနဲ့စကားတွေအများကြီးပြောနိုင်ဖို့ ကျွန်တော်အခုချိန်ကစပြီးကြိုးစားတော့မယ်*D.O.* Hyung ဘာတွေတွေးနေတာလဲ မအိပ်သေးဘူးလား မနက်ကလဲခရီးပန်းလာတာ နားတော့လေ
*Myeon* D.O. မင်းလာတာနဲ့အတော်ပဲ ငါ့ကိုတစ်ခုလောက်ကူညီပါလား ငါဟိုကောင်မလေးနဲ့စကားပြောချင်လို့
*D.O.*ဘယ်လိုလို့ပြောလို့ရမှာလဲ ဟိုကောင်မလေးက
Hyung ကိုသိမှာတောင်မဟုတ်ဘူး
ဘယ်လိုလို့သွားရှာနိုင်မှာလဲ*Myeon*မဟုတ်ဘူးလေ အဲ့ဒါငါလဲသိတာပေါ့ အခုစကားပြောမှာက တယ်လီပသီနဲ့ပြောမှာ
*DO.*ဘာ တယ်လီပသီ???
*Myeon*ဟုတ်တယ် တယ်လီပသီနဲ့
မင်းသိအောင်ပြောပြမယ် တယ်လီပသီဆိုတာ လူချင်းမတွေ့နိုင်ပေမဲ့ အသံကြားနိုင်တယ် အေးကိုယ်ပြောလိုတဲ့အသံကိုလဲ သူလဲကြားနိုင်တယ် ဒါပေမဲ့ တယ်လီပသီက သာမာန်လူတွေမှာတော့ မရနိုင်ဘူး စိတ်စွမ်းအားရှိတဲ့သူတေ ဒါမှမဟုတ် ရေစက်ရှိခဲ့ဖူးတဲ့သူတွေဆိုရင် ပြောလို့ရတယ်လို့ငါကြားဖူးတယ်
YOU ARE READING
I can Feel You
Randomကျွန်တော်သူမခေါ်ဆောင်ရာလိုက်သွားတယ် ကျွန်တော်ရဲ့မနီးမဝေးမှာသူမ သူမကအရမ်းလှတယ်ဗျာ ပျော့ပျောင်းနူးညံ့တဲ့ဆံကေသာလေးက သူမရဲ့ခါးသွယ်သွယ်လေးအထက်မှာဝဲလို့ ပါးလွှာတဲ့ဂါဝန်ဇာအဖြူလေးကိုလဲဝတ်ထားတယ် သူမရဲ့အသားလေးကနူးညံ့ပြီး ဖြူစွတ်ေ...