City of the Angels (Part-2)

208 18 0
                                    

City of the Angels (Part-2)

'လူ​တွေ တစ်​အား အုံမလာ​စေနဲ့..! သူ ဘယ်​သူလဲ မသိဘူးလား?? အခန်းတစ်​ခန်း အမြန်​ရှာ​ပေး´

'အခုချိန်​မှာ Special အခန်းထဲ ပို့ဖို့ မလွယ်​​သေးလို့ပါ.. လူနာကလဲ အ​ရေး​ပေါ်ဖြစ်​​နေတယ်​..´

'........´

'ဆရာ.. သမီးတို့ ဆရာကို ကယ်​ပါဦး..´

'သူ့မိသားစု ဝင်​တစ်​​ယောက်​​ယောက်​ ကို အ​ကြောင်းကြား​ပေးပါ.. တစ်​ခုခု ဖြစ်​ရင်​ တာဝန်​ယူ လက်​မှတ်​ ထိုးဖို့ လိုတယ်​.. မင်းတို့က က​လေး ​တွေပဲ ဆို​တော့..´

'........´

'​သေနတ်​ ဒဏ်​ရာ က ကျွန်​​တော်​တို့ ​ဆေးရုံမှာ လက်​မခံပါဘူး.. ​ဆေးရုံကြီး ကို ပို့​ပေးပါ...´

'ဘာ​တွေ လာ​ပြော​နေတာလဲ?!! ဒီမှာ ဒီ​ဆေးရုံက အနီးဆုံးပဲ..သူက ရာဇ၀တ်​သား မဟုတ်​ဘူးး.. Agent! တာဝန်​အရ သွားရင်း ထိလာလို့.. ခင်​ဗျားတို့ လိုချင်​ရင်​ ကျွန်​​တော်​ တို့ တံဆိပ်​​တွေ ပြနိုင်​တယ်​...´

'........´

'လူ​တွေ အများကြီး လက်​မခံပါဘူး.. ထွက်​သွား​ပေးပါ..သူက ဘာဖြစ်​လာတာလဲ?!´

'ကား..ကား Accident ဖြစ်​တာပါ..´

'ဖြစ်​မှာ​ပေါ့.. မင်းတို့လူငယ်​​တွေ ကားကို ကစားစရာ လို ခဏ ခဏ ပြိုင်​​မောင်း​နေကြတာ ကိုး..´

xxx Hospital အ​ရေး​ပေါ် အခန်း၌ ဆူညံသံများနှင့်​ ပြည့်​နှက်​​နေသည်​..။ ရုတ်​တရပ်​ ​ရောက်​လာ​သော လူနာ များ​ကြောင့်​ တာဝန်​ကျ ဆရာဝန်​ များလဲ လက်​မလည်​​အောင်​ ဖြစ်​​နေ​လေသည်​။ ​ရောက်​လာ​သော လူနာ အားလုံးမှာ ​မျှော်​လင့်​ချက်​ မရှိလှ..။

ထိုအချိန်​ အ​ရေး​ပေါ်လူနာ ခန်းမှ ဖြတ်​သွား​သော ပိတ်​စ အဖြူ အုပ်​ထားသည့်​ အ​လောင်း တစ်​ခု လှည်း​နှင့်​အတူ ငိုယိုသံများ ဆူညံစွာ ကြားလိုက်​​လေသည်​။

'Jinki ya~~ Arnye! မဟုတ်​ဘူးး.. မဖြစ်​နိုင်​ဘူးး´

'Yahh! စိတ်​ထိန်းစမ်းပါ.. မင်းရဲ့သား ဆုံးသွားပြီ..´

'Omo nim~ စိတ်​ထိန်းပါဦးး..´

ခဏ အကြာ စူးစူးဝါးဝါး ​အော်​သံ တစ်​ခုနှင့်​ အတူ အ​မေ ဖြစ်​သူမှာ ​မေ့လဲ သွား​လေသည်​။

City of the Angels(Hiatus)Where stories live. Discover now