City of the Angel (Part-4)
'ဟဲ့.. ငါ လာတယ်.. ´
Miyoung ပြတင်းပေါက် ဘက်အား ငေးနေသော သူ့သူငယ်ချင်း အား လှမ်းအော်ပြောရင်း ရေခဲသေတ္တာ ဖွင့်လိုက်လေသည်။
'အင်း..´
'Yahh! နင်လဲ နေကောင်းရင် ဆေးရုံက ဆင်းတော့.. အားနေ ဒီမှာ လာခွေနေတယ်.. အပြင်လောက နဲ့ အဆက်အသွယ် ပြတ်အောင်..´
သူ့ကို အင်း တစ်လုံးသာ ပြောပြီး လှည့်မကြည့်သော သူ့သူငယ်ချင်းအား ခါးထောက်ကာ ပြန်အော်လိုက်လေတော့သည်၊
'ငါ..ငါ Taemin နဲ့ မတွေ့ချင်သေးဘူးဟ..´
'မတွေ့ချင်တာများ မတွေ့နဲ့ပေါ့ဟယ်..´
သူ ဆိုဖာပေါ် ထိုင်ကာ မဂ္ဂဇင်း ဖွင့်ဖတ်လိုက်ရင်း စိတ်မပါသလို ပြန်ပြောလိုက်လေသည် ။
'နင်မသိဘူး.. ငါ အပြင်ရောက်သွားရင် သူ့ကို ငါ သွားသွား ခိုးကြည့်နေမိမယ်.. ငါ့ကိုယ်ငါ သိတယ်..´
'ဖြစ်ရလေ.. ဆိုစမ်းပါဦးး.. ဘာတွေများ အဲ့လောက် ခိုးကြည့်နေရလောက်ထိလဲ??!´
'နင်က မမြင်ဖူးလို့ ပြောအားရှိတာပေါ့.. ချောတာမှ နတ်သားလေး လိုပဲ...´
'တိတ်စမ်းး´
အိမ်မက်မက်နေသလို ဖြစ်နေသော သူ့သူငယ်ချင်း အား ကုန်းအော်လိုက်လေတော့သည်။
'နားထောင်နေတာ အကောင်းများ ထင်နေလား မသိဘူး.. ပေး.. ငါ့ကို အဲ့ကောင် ဓာတ်ပုံနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်.. ´
'ဘာ..ဘာလုပ်မလို့လဲ?!´
သူ့အား တုန်တုန်ရီရီ နှင့်ပြန်မေးသော သူ့သူငယ်ချင်းမ လေး အား ရီကာ..
'အသေမသတ်ဘူး စိတ်ချ.. ပါးပါးလေးပဲ ပုတ်မှာ..´
Jiwon ပေးသော ဓာတ်ပုံအား သူကြည့်ပင် မကြည့်မိ.. အိတ်ထဲ ထိုးထည့်လိုက်လေသည်။
'နင့် တံတောင်ဆစ် က ဘာဖြစ်တာလဲ?´
ပတ်တီးစည်း ထားသော သူ့လက်အား Jiwon မေ့ငေါ့ကာ မေးလိုက်လေသည်။

YOU ARE READING
City of the Angels(Hiatus)
PertualanganCity of the Angels (Intro) ကောင်းကင်မှ ကမ္ဘာမြေပြင်သို့ နတ်သက်ကြွေဆင်းလာသော နတ်သား 5ဦး..။ ကမ္ဘာမြေမှာရှိတဲ့ သူတို့ရဲ့ တစ်ခုတည်းသော မျှော်လင့် ချက် ဖြစ်တဲ့ လူသား တစ်ဦး ကို ကာကွယ် ဖို့ အတွက် စေခိုင်းခြင်း ခံရတဲ့ သူတို့..။ တစ်ယောက်စီ တွင် စွမ်းရည် တစ်...