Baekkie အသံတို့ တုန်ယင်စွာဖြင့်....
"Sehun ya.. နင် ငါ့ကို အတည်ပေါက်ကြီးနဲ့ မစရဘူးလေဟယ်... Lulu ဟုတ်တယ်မလား ကူပြောပေးပါအုံး yeol က အဲ့လို မဟုတ်ဘူးလို့... "
Lulu ကလဲ baekkie လက်လေးကိုင်ပီး စိတ်အေးအေးထား နားထောင်ပါလို့ ပြောယုံက လွဲလို့ ဘာမှမတတ်နိုင်.. သူမ သူငယ်ချင်း baekkie အခုလို ဝမ်းနည်းနေတာမြင်တော့ သူမပါ ရောပီး မျက်ရည်လည်မိသည်..
Baek မျက်လုံးထဲတွင် ဘာမှ မြင်နိုင်စွမ်း မရှိ နားထဲတွင်လဲ ဘာမှ ကြားနိုင်စွမ်း မရှိ... မျက်ရည်များဖြင့်သာ.... ခေါင်းကို တွင်တွင် ခါယမ်းနေမိသည်
"hunna... ငါနင့်ကို မေးစရာ ရှိတယ်.. သူတို့ နှစ်ယောက်က အခုလို တွေ့နေတာ ကြာပီလား???"
"အင်း....... အဲ့အကြောင်း ပြောရမယ်ဆိုရင်တော့...."
*flashback start*
"sehun မင်း ခနနေ ငါ့အစား airport က customer တယောက်ကို သွားကြိုပေးကွာ... ငါ တခြား လုပ်စရာလေး ရှိလို့"
"အင်း ပီးရောလေ.. yeol မင်းလဲ နားနားနေနေ လုပ်ပါကွာ ပီးတော့ မင်းရဲ့ သတို့သမီးလေးကိုလဲ အချိန် ပေးအုံး မနက်ဖြန်ပဲ မင်္ဂလာဆောင်တော့မယ်"
"အေး... မနက်ဖြန် မင်္ဂလာဆောင်မှာမို့လို့ပဲ အလုပ်တွေ ပီးအောင် လုပ်နေတာပေါ့... ငါက ငါ့ Baek လေးနဲ့ honeymoon သွားရင် တပတ်တောင် နားရမှာဆိုတော့ မင်း ပင်ပန်းနေမှာစိုးလို့ အကောင်းနဲ့ ပီးအောင် လုပ်ပေးနေတာ"
"အေးပါကွာ ဟုတ်ပါပီ.. ငါက မင်း ပင်ပန်းမှာ စိုးလို့ ပြောတာပါ.. တော်ကြာ မင်္ဂလာဦးညမှာ သတို့သားက ပင်ပန်းလို့ မထနိုင်ရင် သတို့သမီးခဗျာ သနားစရာလေး... အဲ့ခါကျ ငါက အစား ကူညီပေးလို့ကလဲ မရ ဟားး ဟားးး"
"Ya!! Oh Sehun... ခွေးကောင်လေး မင်းကများ ကူညီမယ်နဲ့ ဘာနဲ့.. မင်း ကူညီစရာ မလိုပါဘူး အရိုးပါတဲ့ တရိုးပဲ ရှိတယ်.. အဲ့လို ညမျိုးမှာ ပင်ပန်းစရာလားလို့.... မင်းသာ Lulu နဲ့ မြန်မြန် လက်ထပ်"
"မပူနဲ့ မင်းတို့ပီးရင် ငါတို့ အလှည့်ပဲ"
"ကဲ... သွားတော့ Customer ကို ကြိုတာ နောက်ကျနေတော့မယ်"
--------------
@Airport
"ဟယ် နင် Sehunမလား.... ငါလေဟာ မမှတ်မိတော့ဘူးလား"
Sehun ကြည့်လိုက်တော့ ကောင်မလေးတယောက် Gucci Sunglass ကြီးကို တပ်ထားပီး သူ့ဆီကို လာကာ အားရဝမ်းသာ နှုတ်ဆက်နေပီး... ရီပြလိုက်တော့ အသဲပုံနှုတ်ခမ်းလေးက အထင်းသား...
"နင် soo မလား.. "
ကောင်မလေးက ခေါင်းလေးကို ခပ်သွက်သွက်လေး ငြိမ့်လိုက်ပီး မျက်မှန်ချွတ်လိုက်တော့ သေချာသွားပါပီ.. soo မှ soo!!! ယောက်ျားလေးများကြားမှာ ရေပန်းစား နာမည်ကြီးခဲ့တဲ့ အသည်းပုံ နှုတ်ခမ်း မျက်လုံး ဝိုင်းဝိုင်းပြူးပြူးလေးနဲ့...
"ဟုတ်ပါတယ်ရှင် ကျွန်မ နာမည် Do Soo ပါရှင့်.. သူငယ်ချင်းတွေကတော့ Soo လို့ ခေါ်ပါတယ်ရှင့်.."
Soo က ရီရီမောမော စကားတွေ ပြောလိုက်တော့...
"Sorry ပါဟာ.. ငါက ရုတ်တရတ်ကြီးဆိုတော့ ကြောင်သွားလို့ပါ.. ဒါနဲ့ နင်နဲ့ ငါနဲ့ မတွေ့ရတာ ၆ နှစ်လောက်တောင် ရှိပီမလား.. ဒါတောင် နင် ဘာမှ မပြောင်းလဲဘူးနော် အရင်တိုင်းပဲ..."
"ဟုတ်လား... :-P မပူပါနဲ့ နောက်ဆို နင် ငါနဲ့ မတွေ့ချင်ရင်တောင် တွေ့ရတော့မှာ ငါဒီကို အပီးပြန်လာတာလေ...."
"ဟုတ်လား... ကောင်းတာပေါ့!! ဒါနဲ့ Soo ya ငါ ဒီကို အလုပ်ကိစ္စနဲ့လာတာ နင်နဲ့ ကြာကြာစကားမပြောနိုင်တော့ဘူး.. နောက်မှ ဖုန်းဆက်ပီး တွေ့ဖို့ ချိန်းကြတာပေါ့.."
"ok လေ.. ငါလဲ သွားတော့မယ် နင့်ဖုန်းနံပါတ် ငါ့ကို ပေးလိုက်.. ငါဆက်လိုက်မယ်..."
"အင်း.... 010××××××××× က ငါ့ဖုန်းပဲ :) သွားပီနော်"
---------------------------
@ Wedding Day
"Yeol ငါ့သယ်ရင်းကြီး စိတ်လှုပ်ရှားနေပီလား"
hun က ပုခုံးကို ပုတ်ရင်း ပြောလိုက်တော့...
"စိတ်လှုပ်ရှားတာပေါ့ကွာ မင်းကလဲ... သိချင်ရင် မင်း မင်္ဂလာဆောင်ကြည့်လေ"
"ဟုတ်ပါပီ..အခု ငါတို့ သတို့သမီး Makeup room ထဲ သွားကြည့်ရအောင်လေ..."
"အင်း သွားကြတာပေါ့"
Yeol နဲ့ hun တံခါး ဖွင့်ဝင်လိုက်တော့...
Yeol တယောက် မျက်လုံးကြီး အပြူးသားနဲ့ သူ့ရဲ့ အဖြူရောင် သတို့သမီး ဝတ်စုံလေးနဲ့ အရမ်းကို လှပနေတဲ့ ဇနီးလောင်းလေး baekkie ကို ကြည့်ပီး လောကကြီးက ခဏ ရပ်တန့်သွားသလို...
သူ.. ဒီလို ချစ်ဖို့ကောင်းပီး သူ့အပေါ် အရမ်းချစ် နားလည်ပေးပီ အပြစ်ကင်းစင်လွန်းလှတဲ့ သတို့သမီးလေးကို သူဒီနေ့ ပိုင်ဆိုင်ရတော့မှာပေါ့လေ...
ဘေးက Hun က လှမ်းတို့လိုက်တော့မှပဲ အတွေးတို့ ရပ်ကာ လက်ရှိလောကကြီးထဲ ပြန်ရောက်လာခဲ့တယ်
"ဟျောင့် yeol မင်း အဲ့လောက်ကြီးလဲ ကြည့်မနေနဲ့ မင်းချစ်တာ လူတိုင်းသိတယ် ဒီနေ့ပဲ မင်း မိန်းမဖြစ်တော့မယ်"
hun စလိုက်မှ ဘာလုပ်ရမှန်း မသိကာ... Baek အနားကို သွားလိုက်ရင်း...
Baek ပခုံးလေးပေါ် yeol လက်ကလေး နူးနူးညံ့ညံ့ တင်လိုက်ကာ...
"Baek ya.. ဒီကမ္ဘာလောကကြီးမှာ မွေးဖွားလာခဲ့လို့ ကျေးဇူးတင်ပါတယ်... ကိုနဲ့ တွေ့ဆုံခွင့်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်..ကို့ရဲ့ သတို့သမီးလေး ဖြစ်ပေးလို့ ကျေးဇူးတင်ပါတယ်.. ကိုယ့်နောက်ကို ယုံယုံကြည်ကြည်နဲ့ လိုက်ခဲ့လို့လဲ ကျေးဇူးတင်ပါတယ်.. ကို baek ကို အရမ်းချစ်တယ်ဆိုတာကို ဘယ်တော့မှ မမေ့ရဘူးနော်"
baekလဲ နှစ်နှစ်ကာကာလေး ပြုံးလိုက်ကာ...
"ဒါပေါ့ ကိုရဲ့... Baek ကတော့ ကို့ကို ဘာမှ မပြောတော့ဘူးနော်.. Baek ကို့ကို ဘယ်လောက်ချစ်တယ်ဆိုတာ အလုပ်နဲ့ သက်သေပြသွားပေးမှာ.."
ဘေးနားက ကြည့်နေသော... Sehun နဲ့ Lulu မှာတော့... သူတို့ သူငယ်ချင်း နှစ်ယောက်ကို ကြည့်ပီး ခေါင်းတွေ တငြိမ့်ငြိမ့်နဲ့...
^^^^Phone ring^^^^
"Hello!! Oh Sehun ပြောနေပါတယ်"
"sehun ya... ငါပါဟ Soo လေ"
Sehun မျက်နှာပျက်သွားပီး....
"Yeol နဲ့ Baek ငါ ခန်းမထဲကနေပဲ သွားစောင့်တော့မယ်နော်"
"inn okay လေ"
yeol က ပြန်ဖြေလိုက်တော့... Sehun အခန်းထဲက ထွက်သွားလေသည်..
"ပြော Soo ဘာကိစ္စလဲ"
"ဟာ နင်ကလဲ ကိစ္စကတော့ မရှိဘူးပေါ့ ဒါမဲ့လဲငါ နင်တို့နဲ့ တွေ့ချင်လို့ ဖုန်းဆက်တာပေါ့ မနေ့ကပဲ airport မှာ နင်နဲ့ငါတွေ့တယ်လေ.. နင်ပဲ လောလောနဲ့ စကားသေချာ မပြောလိုက်ရလို့.. အာ့ ဒီနေ့ တွေ့ကြမယ်လေ... Yeol ရော ဘာလုပ်နေလဲ ငါ yeol နဲ့လဲ တွေ့ချင်တယ်.. မနေ့က ငါ နင့်ဆီက yeol ph နံပါတ်ပါ တောင်းမလို့ နင်က လောနေတာနဲ့ ငါပါမေ့သွားတယ်... အခု Yeol နဲ့နင် အတူတူရှိတယ်ဆိုရင်... သူ့ကို ဖုန်းပေးလိုက်အုံး ငါပြောချင်လို့... "
"အဲ.... အဲ့ဒါကလေ... ဘယ်လိုပြောရမလဲဆိုတော့... Yeol က ငါနဲ့ အတူတူ ရှိတာ မှန်ပေမဲ့ အခု အစည်းအဝေး လုပ်နေတော့ ဖုန်းပြောလို့ မရဘူး"
"ဟုတ်လား... အာ့ဆို ငါ့ကို Yeol ဖုန်းနံပါတ် ပေးလေ... ငါ ညနေလောက်ကျ သူ့ကို ခေါ်လိုက်မယ်"
"အမ်... မဖြစ်ဘူး!!!!"
"ဘာလို့ မဖြစ်တာလဲ နင်ကလဲ အလန့်တကြားနဲ့ ဖြေးဖြေးပြောလဲ ရပါတယ်..."
"ဟွာလေ.... မဖြစ်ဘူးဆိုတာ... Yeol က သူ ဒီmeeting ပီးတာနဲ့ နိုင်ငံခြားကို တပတ်လောက် အလုပ်ကိစ္စနဲ့ သွားရမှာဆိုတော့... နင့်ကို ပေးလဲ နင်ဖုန်း ခေါ်လို့ မရဘူးမလား.. အာ့ကြောင့် မပေးတာ.. မဟုတ်လဲ နင် ငါ့ဖုန်းနံပါတ် သိနေတာပဲ..အဆင်ပြေနေတာပဲကို.. ဒါနဲ့ Soo တမျိုးတော့ မထင်နဲ့နော်.. ငါ အခု မအားသေးလို့ ဖုန်းချလိုက်တော့မယ်.. ဒါပဲနော်"
"အော်... အေးပါ အေးပါ "
Sehun အခုချိန်မှာ Soo ကို yeol ရဲ့ ဖုန်းနံပါတ် မပေးချင်သေးပါ... အမှန်အတိုင်းပြောရရင် Soo ပြန်ရောက်နေတယ်ဆိုတာ yeol ကို အသိကိုမပေးချင်တာ... ဒါမဲ့ Soo က သူ မပေးတာနဲ့ပဲ yeol ဖုန်းနံပါတ် မရမဲ့သူမှ မဟုတ်တာ သူမ စုံစမ်းရင် ရနိုင်ပေမဲ့... အခုချိန်မှာတော့ Yeol နဲ့ baek ကြားထဲ ဘယ်သူ့ကိုမှ မဝင်စေချင်တာ.. သူငယ်ချင်း တစ်ယောက်ရဲ့ လောဘလို့ပဲ ဆိုချင်ဆိုပါတော့...
အဲ့လိုပြောလို့ Soo ကရော ကျွန်တော့်ရဲ့ သူငယ်ချင်း မဟုတ်ဘူးလားလို့ မေးရင်... Soo ကျွန်တော်နဲ့ yeol ဆိုတာ... တကယ့် သူငယ်ချင်း အရင်းကြီးတွေ... မူလတန်း ဘဝကတည်းကပေါ့..
အမြဲမြဲ တတွဲတွဲ အတူတူ ရှိလာတာ အလယ်တန်းကျောင်းသား ဘဝရောက်တော့... လူငယ်သဘာဝ ယောက်ျား မိန်းမ သဘာဝအတိုင်း ဘယ်လောက်ပဲ သူငယ်ချင်းတွေ ဆိုစေအုံးတော့ မမြင်နိုင်တဲ့ အဖြူရောင် သံယောဇဉ်တွေထက် ပိုလာတော့လဲ.... Yeol နဲ့ Soo ချစ်သူတွေ ဖြစ်ခဲ့ကြတယ်..
အလယ်တန်း ဒုတိယနှစ်လောက်ကတည်းက တွဲလာတဲ့ သူတို့ရဲ့ အချစ်က ဘာပြဿနာမှ မရှိခဲ့ကြဘူး... နှစ်ယောက်သား သူငယ်ချင်း ဘဝကနေ ချစ်သူတွေ ဖြစ်လာတော့..တစ်ယောက်နဲ့ တစ်ယောက် နားလည်တယ်.. တစ်ယောက်က ဘာဆို တစ်ယောက် သိပီးသား
ဒါမဲ့ အဲ့လို ပြဿနာဆိုတာ ဘာမှန်း မသိတဲ့ သူတို့နှစ်ယောက်ကြားမှာ... ကံကြမ္မာတစ်ခု ဝင်လာခဲ့တယ်....
အဲ့ဒါ.. Soo က အထက်တန်း နောက်ဆုံးနှစ် ပြီးတာနဲ့ နိုင်ငံခြားမှာ အပီးသွားနေရတော့မှာ...
အဲ့တုန်းကလဲ Yeol ခဗျာ အရမ်းခံစားခဲ့ရတာ ကျွန်တော်အသိဆုံး...
Yeol က ဘယ်လောက်ပဲ တားနေပါစေ.. soo က သူ့ဘဝအတွက် သွားပါရစေ ဘာပဲဖြစ်ဖြစ် သူချစ်တာ yeol တယောက်ထဲပါ.. အဲ့တာတော့ ယုံပေးပါ... သူ ပြန်လာနိုင် ကြိုးစားမှာပါ ဒါပေမဲ့ အရမ်းကြီးတော့ မျှော်လင့်မထားပါနဲ့ ကတိမပေးနိုင်လို့ပါလို့ ပြောသွားခဲ့တယ်..
အဲ့တုန်းက Yeol ခံစားနေရတဲ့ပုံကို အခုထိ မျက်စိထဲက မထွက်ဘူး...
ကျွန်တော် အဲ့ကတည်းက Soo ကို သိပ်ကြည့်မရတော့တာ... ဘယ်လောက်ပဲ သူငယ်ချင်း ဖြစ်ပါစေ.. yeol ကို အဲ့လိုလုပ်တာတော့.. ကျွန်တော် မခံစားနိုင်ဘူး
ဒါပေမဲ့... အဲ့ Yeol ဆိုတဲ့ ငရူးလေးက soo ကို သူ နားလည်ပါတယ်တဲ့... ဘာပဲဖြစ်ဖြစ် Soo က သူ့ကို ချစ်တယ်လို့ ပြောသွားခဲ့တာပဲတဲ့.. အဲ့တော့ ငါတို့ရဲ့ လမ်းခွဲလေးက ချစ်လျက်နဲ့ ခွဲခဲ့ရတာမို့.. ငါကျေနပ်ပါတယ်ကွာ ငါသူ့ကို မမုန်းနိုင်ပါဘူးတဲ့... ကဲ အဲ့ဒါသာ ကြည့်တော့ ဘယ်လောက်တောင် တုံးလဲလို့...
အဲ့လို အရင်ကနဲ့ မတူတော့တဲ့ yeol ကို အရင်ကအတိုင်း ပြန်ဖြစ်အောင် လုပ်ပေးခဲ့တာက baek ပဲလေ...
Baek နဲ့ yeol တွေ့တာ second yr မှဆိုပေမဲ့လဲ.. baek ကြောင့်မို့ပဲ yeol က ပျောက်ဆုံးနေတဲ့ အပြုံးတွေ ပြန်ရလာသလို... အရင်ကထက်တောင် ပိုပီးတက်ကြွတဲ့ Yeol ဖြစ်ခဲ့တာ.. အခုလဲ ကြည့်လေ... ငါတို့တွေ ကျောင်းပီးပီး နှစ်နှစ်လောက်အထိ အဆက်အသွယ်တွေ ပျက်မသွားကြပဲ.. baek နဲ့ yeol လက်ထပ်ဖို့ ဖြစ်လာတာ..
ဒီနေ့ပဲ လက်ထပ်ပီးလို့ Honeymoon သွားမှာကို ငါက ဘယ်လိုစိတ်နဲ့ Soo ပြန်ရောက်လာတယ်ဆိုတာ yeol ကို ပြောရမလဲ...
အဲဒါတွေထက် Baek Soo ကို မသိတာပဲ ကံကောင်းတယ် ပြောရမယ်...
*Flashback end*
"ဒါပေမဲ့လဲ.... ငါဒီထက်ပိုပီး ဖုံးကွယ်မထားနိုင်လို့.. နင့်ကို ပြောပြတာ... သူတို့ နှစ်ယောက်တွေ့တာ ဘယ်လောက်ကြာပီလဲဆိုရင် ဆိုရင်... နင်တို့ Honeymoon က ပြန်လာတော့.. သိပ်မကြာဘူး Soo က yeol ကို ဆက်သွယ်တယ် ထင်တယ်.. သူတို့တွေ့ကြတာ.. yeol ကတောင် ငါ့ကို ပြောနေတာ Soo ရောက်တယ်ဆိုတာ သူ့ကို မပြောလို့တဲ့.. ငါကတော့ ပြောဖို့မေ့သွားတယ်လို့ပဲ ပြောလိုက်တယ်"
"အဲ့တော့.... ငါ ဘာဆက်လုပ်သင့်လဲဟင်??? ငါ့ကို ကူပီး ဝိုင်းပြောပေးကြပါအုံး... Hunna Luluya... jelba :-( :-("
---------------------------------
to be continued..
고맙습니다...
ВЫ ЧИТАЕТЕ
Unbroken Love
Фанфикအိမ်ထောင်ရှင်မ တစ်ယောက်က သူမရဲ့ အိမ်ထောင်ကို မပြိုကွဲအောင် ပညာသားပါပါနဲ့ ဘယ်လို ထိန်းသိမ်းမလဲဆိုတာကို.... Main character>> ChanBaek Co-character >> KaiSoo HunHan Normal fic^^^^ Plz... enjoy with my fic :-*