ဒီနေ့ မနက် Baekkie တယောက် "Moonlight" flower shop လေးကို ထွက်လာခဲ့တယ်
flower shop ဆိုတာ.... Baekkie နဲ့ Lulu နှစ်ယောက် share ဖွင့်ထားတဲ့ ဆိုင်လေးပါ
Baekkie နဲ့ Lulu က Uni ကတည်းက ခင်လာတဲ့ သူငယ်ချင်းတွေ... ကျောင်းပီးတော့လဲ ပန်းလေးတွေ ချစ်တတ်တဲ့ သူတို့နှစ်ယောက် ဝါသနာကလဲ တူကြတော့ အတူတူ ပေါင်းပီး ဖွင့်ဖြစ်တာ.... မိဘတွေကလဲ ချမ်းသာကြတော့ သူတို့နှစ်ယောက်ကို ဘာပဲလုပ်လုပ်ဆို ခွင့်ပြုထားတာ...
သူတို့ နှစ်ယောက်က မိဘတွေကို စိတ်ပျက်အောင် မလုပ်ခဲ့ကြပါဘူး... ဘာလို့လဲဆိုတော့ Flower shop လေးက အခုဆို နာမည်တောင် အတော်ရလို့.. သူတို့ ပိုက်ဆံနဲ့တင် သူတို့ အဆင်ပြေကြတယ်လေ... ပီးတော့ ဆိုင်ဖွင့်တာလဲ နှစ်နှစ်ကျော် သုံးနှစ်အတွင်းပဲ ဝင်နေပီဆိုတော့ အောင်မြင်အောင် လုပ်နိုင်တယ် ခေါ်ရမှာပေါ့...
ပီးတော့ Baekkie တောင် အိမ်ထောင်ကျသွားပီလေ... အိမ်ထောင်ကျတာတော့ သိပ်မကြာသေးပါဘူး ၃လလောက်ပဲ ရှိသေးတယ်...
ဒါတောင် အိမ်ထောင်ကျခါစက Baekkie ရဲ့ ခင်ပွန်း ဖြစ်သူ Chanyeol က "အလုပ်တွေ မလုပ်ပါနဲ့လား အိမ်မှာပဲ နားနေပါလား... Baekkie လေးကို ကိုက ကောင်းကောင်းမွန်မွန် ဖြစ်အောင် ထားနိုင်ပါတယ်" ဆိုပီး ပြောသေးတော့
Baekkie ကတောင် ပြန်ပြောလိုက်သေးတယ်
"ကိုရယ် ကို့သဘောကို baekkie နားလည်ပါတယ်.. ပီးတော့ ဒါကလဲ မပင်ပန်းပါဘူး baekkie နဂိုတည်းက လုပ်လာတဲ့အလုပ်ပဲ.. ပီးတော့ baekkie က ပန်းလေးတွေ မြင်နေရရင်ကို ပျော်နေတာ.. lulu လဲ ရှိတာပဲ baek တယောက်ထဲမှ မဟုတ်တာ.. တကယ်လို့သာ အဲ့အလုပ် မလုပ်တော့ရင် ကို အလုပ်သွားတဲ့ အချိန်ကျ အိမ်မှာ baek တယောက်တည်း ပျင်းနေမှာပေါ့.. မဟုတ်ဘူးလား"
"အင်းပါ ကို့ baekkie လေး အဆင်ပြေရင် ပီးတာပဲ ကိုက ဒီအတိုင်းပဲ baek လေး ပင်ပန်းမှာ စိုးလို့ပါ.... အဲ့တော့ Baek လေး လုပ်ချင်တယ် ဆိုမှတော့ ဆက်လုပ်စေဗျာ"
ဒီလိုနဲ့ baek လဲ ဆက်လုပ်ဖြစ်သွားတယ်ဆိုရမှာပေါ့
------------------------------
ဘာလိုလိုနဲ့ ဆိုင်တောင် ရောက်သွားပီပဲ.. Lulu ကတော့ ရောက်တောင် ရောက်နှင့် နေလို့ ပန်းပင်လေးတွေကို ရေလိုက် ဖျန်းနေတယ်
"Lulu ရေ ငါရောက်ပီ.. နင်ရော ရောက်တာ ကြာပီလား"
"သိပ်မကြာသေးပါဘူး.. ၁၅ မိနစ်လောက်ပဲ ရှိပါသေးတယ်.. ငါက နင်ရောက်နေပီလို့ ထင်နေတာ"
":-X.. ဟုတ်လား ငါဒီနေ့ လမ်းကို ဖြေးဖြေးလေး လျှောက်လာလို့လေ...လွန်ခဲ့တဲ့ သုံးလ ငါတို့ အိမ်ထောင်ကျခါစက အကြောင်းကို ပြန်တွေးပီး လျှောက်လာလို့.."
"ဟုတ်လား... ဘာတွေများ တွေးမိလို့လဲ ဆိုစမ်းပါအုံး"
"ဟုတ်ပါဘူး... အဲ့တုန်းကသာ Yeol က ငါ့ကို အလုပ်ဆက်မလုပ်ခိုင်းရင် ငါအခုလို နင်နဲ့လဲ အမြဲ တွေ့နိုင်မှာ မဟုတ်တော့ဘူး.. ငါချစ်တဲ့ ပန်းလေးတွေကိုလဲ အမြဲ ကြည့်နိုင်မှာ မဟုတ်တော့ဘူး.. အဲဒါတွေထက် နင်နဲ့ငါ ကျောင်းပီးကတည်းက အတူတူ လုပ်ခဲ့တဲ့ ဒီ ပန်းဆိုင်လေးကို အမြဲ လာနိုင်မှာ မဟုတ်တော့ဘူး ဆိုတာတွေးမိလို့... ဘာပဲ ဖြစ်ဖြစ် ငါ့ဆန္ဒကို မပိတ်ပင်ပဲ ဆက်လက် ခွင့်ပြုခဲ့တဲ့ Yeol ကိုလဲ အရမ်းကျေးဇူးတင်ပီး ပိုပိုပီး ချစ်နေလို့... :) "
"ဟုတ်ပါပီ Baekkie မရယ်.. ကို့ ယောက်ျား ကို ချစ်တာပဲ ဘာဖြစ်လဲ ချစ် ချစ် အများကြီး ချစ်"
အဲ့လိုပါပဲ... Lulu နဲ့ Baekkie ဆိုတာ
"ဒါနဲ့ Baekkie.. hunက နင့်ဆီ ဖုန်းဆက်တာ မရလို့ ငါ့ဆီကို ဖုန်းဆက်တယ် နင့်ကို ပြောစရာ ရှိလို့တဲ့ ဒီနေ့ ညနေ ငါတို့ ဆိုင်သိမ်းချိန်လောက် လာခဲ့မယ်တဲ့... ပီးတော့ Yeol ကို လာကြိုဖို့ မခေါ်ထားနဲ့တဲ့... အပြန်ကို ငါနဲ့ Hun နင့်ကို လိုက်ပို့ပေးမယ်"
"အင်း ရတယ်လေ... ဒါနဲ့ ဘာပြောမှာမို့လို့လဲ ငါ့ Yeol လေးကို မခေါ်ခိုင်းတာ.. ငါ့ဖုန်းက battery အားကုန်နေတဲ့ အချိန် hun ခေါ်မိလို့ နေမှာ"
"ဘာပြောမလဲ ဆိုတာတော့... သူလာမှပဲ နင် နားထောင်ကြည့်တော့နော်"
"Lulu ဘာလဲ နင့်အသံကြီးကလဲ တခုခုကို စိုးရိမ်နေတဲ့ အသံလိုမျိုးကြီး..."
"ဘာမှ မဖြစ်ပါဘူး baekkie ရဲ့.. နင် ထင်နေတာ နေမှာပါ"
"အင်းပါ အင်းပါ အာ့ဆိုလဲ.."
"ကဲ ဟိုမှာ.. ဈေးဝယ် လာနေပီ ငါ သွားလိုက်အုံးမယ်"
Lulu baekkie ရှေ့ကနေ ထွက်လာခဲ့ပေမဲ့...
စိတ်ထဲမှာတော့ မနည်း အားတင်းထားရတယ်
သူမ ဒီကိစ္စတွေ Baekkie ကို ပြောလိုက်ရင်.. baekkie အရမ်း ဝမ်းနည်းသွားမလား.. ဒါမဲ့ မပြောလို့လဲ မဖြစ်.. မပြောဘဲ နေလိုက်ရင် ဒီကိစ္စက ပို ကြီးထွားသွားနိုင်တာမို့လို့... ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏ ဆိုသလို.. ကြိုပီး သိထားလေ ကောင်းလေမို့လို့ သူမ သူငယ်ချင်း baekkie လေး ဝမ်းနည်းမှာ သိပေမဲ့လဲ...
ပြောမှ ရမှာမို့လို့ပါ Baekkie ရယ်
---------------------
Lulu လဲ ဒီ ကိစ္စကို သိထားတာ မကြာသေးပါဘူး လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ hun ပြောပြလို့ သိတာ...
Hun လဲ သူ့ဘာသူ တယောက်တည်း ရအောင် လုပ်ကြည့်ပေမဲ့လဲ မတတ်နိုင်တော့လို့ lulu ကို ပြောလာ၍ lulu နဲ့ hun လဲ တိုင်ပင်ကာ baekkie ကို ပြောပြဖို့ ဆုံးဖြတ်လိုက်တော့သည်...
အမှန်အတိုင်းပြောရင် Lulu လဲ ဒီကိစ္စ ကြားကြားချင်းတုန်းက မယုံနိုင်ပါဘူး... ယုံတယ် မယုံဘူး ဆိုတာထက် လက်ကို မခံနိုင်တာ.. Yeol က အဲ့လို လူမှ မဟုတ်တာ.. တခုခုကို အထင်လွဲ နေတာ နေမှာပါ.. ဒါပေမဲ့ သေချာပြန်စဉ်းစား ကြည့် လိုက်တော့ yeol ဘက်က စိတ်မပါတောင် ကြာသွားရင် ဖြစ်သွားနိုင်တဲ့ ကိစ္စဆိုတော့ အပြတ်ပြတ်နဲ့ နှာခေါင်းသွေး ထွက်မှာတွေ မဖြစ်စေချင်ဘူး... ပီးတော့ Hun ကိုယ်တိုင် ပြောနေတာဆိုတော့ တော်ယုံတန်ယုံ မဖြစ်နိုင်ဘူး...
Hun နဲ့ yeol ဆိုတာ lulu နဲ့ baek ထက်တောင် သူငယ်ချင်း သံယောဇဉ်ကြီးသေး..
ယောက်ျားလေးတွေ ဖြစ်နေတာ တကြောင်း စိတ်တူကိုယ်တူ ရှိနေတာ တကြောင်း သူငယ်ချင်း ဖြစ်တဲ့အချိန်ကလဲ မူလတန်းကတည်းက ဆိုပဲ...
အခုလဲ အလုပ်လုပ်တော့လဲ နှစ်ယောက်လုံးက အတူတူ.. ဆိုတော့ hun မှ yeol အကြောင်း မသိရင်... Yeol မှ hun အကြောင်းမသိရင်... Lulu နဲ့ baek တို့က ဘယ်လောက်ပဲ သူတို့နဲ့ ရင်းနှီးနေတဲ့ မိန်းကလေး ဖြစ်ပါစေ.. သူတို့လောက် သိနိုင်ပါအုံးမလား...
တကယ်တမ်း ပြောရမယ်ဆိုရင်... Lulu နဲ့ hun ချစ်သူတွေ ဖြစ်တယ်ဆိုတာ baekkie နဲ့ yeol ကြောင့်မို့ အများကြီးပါတယ်..
Yeol က baekkie ဆီ အမြဲ လာလာနေတိုင်း yeol ဘေးမှာ hun အမြဲ ပါသလို baek ဘေးမှာလဲ lulu က အမြဲတမ်း ရှိနေတာဆိုတော့...
ဟိုနှစ်ယောက် ချစ်သူ ဖြစ်ပီး ၁လလောက် ကြာတော့ Lulu နဲ့ hun ပါ ချစ်သူတွေ ဖြစ်သွားကြတာ မဆန်းပါဘူးလေ... ဟုတ်တယ်မလား..
ဘာပဲဖြစ်ဖြစ် ကိုယ်တွေက သူငယ်ချင်း ဘဝ ကတည်းက အခုလို အိမ်ထောင်တွေကျသွားတာတောင် အဆက်အသွယ်တွေ မပြတ်ဘဲ အတွင်းသိ အဆင်းသိတွေထက်တောင် ပိုတဲ့ စိတ်တွေနဲ့ ပေါင်းလာတာဆိုတော့လဲ.... မဖြစ်သင့်တာတွေ မဖြစ်ရအောင် ကာကွယ်ပေးရမှာပေါ့...
----------------
နာရီ ကြည့်လိုက်တော့ ညနေ ၅ နာရီတောင် ထိုးခါနီးပီ..
"Lulu ရေ နောက်ထပ် ၁၀ မိနစ်လောက် နေရင် ဆိုင် ပိတ်ကြစို့လေ.. ခနနေရင် hun လာတော့မှာ မလား"
"အင်း ဟုတ်တယ်.. ဒီအချိန်ဆို ဝယ်သူတွေလဲ သိပ်မရှိတော့ဘူး... ဒါနဲ့ နင် Yeol ကို လာမကြိုခိုင်းတော့ သူက ဘာမှ မမေးဘူးလား"
"အင်း မေးပါတယ်.. ဘာလို့လဲတဲ့.. ငါကလဲ ပန်းလေးတွေကို သေသေချာချာလဲ ညှပ်ပီး ထုတ်ရမှာမို့လို့.. မနက်ဖြန် order မှာတဲ့ သူရှိလို့ အဲ့ဒါ အပြန်ကို lulu နဲ့ပဲ ပြန်ခဲ့မယ်ဆိုတော့ အင်းပါတဲ့ တကယ်တော့ သူလဲ ဒီနေ့ အစည်းအဝေး ရှိလို့ အိမ်ပြန်နောက်ကျမှာ လာမကြိုနိုင်တာနဲ့ အတော်ပဲ ဖြစ်သွားတာပေါ့"လို့ပဲ ပြောတယ်
"အော်... ငါက နင့်ကို ရစ်နေမယ်ထင်တာ..ခ်ခ်ခ်"
"အမယ် lulu နော်.. ရှင်က ကျွန်မ ယောက်ျားကိုများ.. ဟွန့်... ဘာလဲ အရင်ကတည်းက ပေါင်းလာတာကို အခုထိ yeol အကြောင်း မသိတာကျလို့.. အဲ့လောက် သဘောကောင်းတဲ့ ငါ့ yeol လေးကို"
"ဟုတ်ပါပီလို့..... ဒါနဲ့ ကျွန်မထက် သူ့မိန်းမဖြစ်တဲ့ ရှင်က ပိုသိမှာပေါ့လို့... ဟုတ်တယ်မလား...ဟားး ဟားးးး"
"Lulu နော်... ဘာတွေပြောနေမှန်းလဲ မသိဘူး!! သူငယ်ချင်း အချင်းချင်းကို စ နေတာ.. ဂယ်ပဲ... ဒါနဲ့လေ.. Hun နဲ့ yeol က အလုပ်အတူတူပဲကို ဘာလို့ hun က အစည်းအဝေး မတက်ရဘဲ yeol ကပဲ တက်ရတာလဲ မသိဘူးနော်.."
baek တွေးစစလေး မေးလိုက်တော့ lulu ခဗျာ ဘာပြန်ပြောရမလဲ မသိ
"အင်း........ အဲဒါ..... "
Lulu ကံကောင်းတယ်ပဲ ပြောရမလား အဲ့အချိန် ဆိုင်ရှေ့ကို ကားရောက်လာတော့ သေချာပါတယ် hun လာပီနေမှာ...
"lulu... အင်း အဲ တွေ လုပ်မနေနဲ့တော့ သွား ရှင့်ယောကျာ်းကို တံခါးသွား ဖွင့်ပေးလိုက်အုံး"
Baek က စလိုက်တော့...
Lulu တယောက် မျက်နှာကြီး ရဲသွားပီး.." ဘာယောက်ျားတုန်း.. သူနဲ့ ကျုပ်နဲ့ က နောက်လမှ ယူမှာကို... " လို့ အော်ပီး ထွက်သွားလေရဲ့..
အဲ့ Lulu လေ.. သူ့ကို စရင်တော့ မျက်နှာကြီး ရဲတက်လာတာ.. သူများကိုတော့ တော်တော် စချင်နေတာ.. ဟွန့်
ဒီအချိန်ထိ Baekkie စိတ်ထဲ အေးနေပေမဲ့...
ခဏနေ Sehun ရောက်လာလို့ ရှိရင် ဘာတွေ ဖြစ်မလဲဆိုတာတော့......
--------------------
"Baekkie ငါ ရောက်ပီ!!"
"အင်း လာပါတော် Oh Sehun^^ ဆိုစမ်းပါအုံး ငါ့ကို ဘာပြောစရာ ရှိလို့လဲ"
"ပြောမယ် ပြောမယ် .. ငါအခု ပြောမဲ့ စကားကို သေချာ နားထောင်နော်..."
Sehun မျက်နှာတည်ကြီးနဲ့ ပြောလိုက်တော့... Baekkie ခဗျာ.. ဘာပြောလို့ ပြောရမှန်း မသိတော့ပဲ..
"Hunna အဲ့လိုကြီး မလုပ်နဲ့လေ ငါ ကြောက်တောင် ကြောက်လာပီ... "
"Yeol..... ကလေ....."
--------------------
to be continue...
Thanks for all my readers....
![](https://img.wattpad.com/cover/49042297-288-k434360.jpg)
ESTÁS LEYENDO
Unbroken Love
Fanficအိမ်ထောင်ရှင်မ တစ်ယောက်က သူမရဲ့ အိမ်ထောင်ကို မပြိုကွဲအောင် ပညာသားပါပါနဲ့ ဘယ်လို ထိန်းသိမ်းမလဲဆိုတာကို.... Main character>> ChanBaek Co-character >> KaiSoo HunHan Normal fic^^^^ Plz... enjoy with my fic :-*