Behind the tear(Part-10)
~~~~~~~~~~~~~~~~~~
အချစ်ဆိုတာ ဘယ်လို အဓိပါယ်ဖွင့်ဆိုရမယ်ဆိုတာ နားမလည်ခဲ့ပါဘူး တကယ်တမ်းကျတော့ အချစ်က ကျမအတွက်တော့ အဓိပါယ်မဲ့နေတဲ့ ကဗျာတပုဒ်လိုပါပဲ
~~~~~ ~~~~~ ~~~~ ~~~
JB ကျမဆီကို သန်းခေါင်ယံအချိန် ကျမအိပ်မော်ကျနေခဲ့တဲ့အခိုက် သူကျမဆီကို ဖုန်းဆက်ခဲ့တယ် သူ့ဘက်က ကျမကို Yj နဲ့ဘာမှမပက်သတ်ပဲ ကျမကို စိတ်တိုလို့ တမင်အဲ့ဒီပုံပို့ခဲ့တယ်ဆိုတဲ့အကြောင်းပဲလေ
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကျမစိတ်ထဲမှာ JBကိုအပြစ်မမြင်ရက်ခဲ့ဘူး ဒီလိုနဲ့ ကျမတို့ပြန်အဆင်ပြေသွားခဲ့တာ ကြာခဲ့ပီပေါ့ကံတရားကလဲ တခါတရံမှာ အမှတ်မထင်တာလေးတွေကို ကျမဆီကို အမြဲပို့ပေးခဲ့တယ် ဒီလိုပါပဲ ဘုရားသခင်ကလဲ ကျမရဲ့ ခံနိုင်ရည်စွမ်းကို အမြဲစမ်းသပ်နေကျပါ ကျမဘာမှထပ်မပြောတော့ပါဘူး
ကျမနဲ့JB ချစ်သူသက်တမ်းတနှစ်ပြည့်တဲ့အနေနဲ့သူ့ဆီက ဆုတောင်းစကားလေးတခုတော့ ကြားခဲ့ရပါတယ် ကျမဝမ်းသာပေမယ့် မပျော်ခဲ့ဖူး
ကျမ Markကို ဒီတကြိမ်ငြင်းခဲ့တယ် ဘာလို့လဲဆိုတော့ ကျမနဲ့JB ကလမ်းမခွဲကျသေးသရွေ့ ကျမJBအပေါ်သစ္စာရှိနေဦးမှာပါ နောက်ထပ်လဲ ကျမJBကိုချစ်နေဦးမှာလို့ Markကိုကျမပြောခဲ့ပါတယ် ကျမရင်ထဲကြေကွဲရဆုံးပါ Mark ရဲ့စကားတွေက ကျမကို ညိတွယ်စေခဲ့တာလား ကျမဘဝဘာဖြစ်ဖြစ်နေနေပါ ကျမကို သူချစ်နေဦးမှာပါတဲ့ တယောက်က စွန့်ပစ်တော့မယ်ဲ့ပန်းတပွင့်ကိုမှ မင်းကမြတ်မြတ်နိုးနိုး သိမ်းထားချင်နေတာကိးု Markရယ် မင်းအတွက် အဲ့ဒီပန်းကလေးက တနေ့ကျရင် နမ်းခွင့်ရစေမှာပါ
ကံဆိုးမသွားလေရာ မိုးရယ်လိုက်ရွာလေသလား
ကျမအလုပ်လုပ်ရင်းစုထားတဲ့ပိုက်ဆံတွေ မိဘဆီကို သွားပို့ပြီးပြန်အလာလမ်းပေါ်ကလူတွေရုတ်ရုတ်သဲသဲဖြင့် ဟာ ဟာ ကားတိုက်သွားလို့ကွ သွားကျိကြပါဦး
ဆေးရုံကားဖြင့် လူနာကို ဆေးရုံက်ုခေါ်သွားကြသည် ခွဲစိတ်မှုခံယူထားတဲ့လူနာ ခြေထောက်နှင့်ခေါင်းထိခိုက်သွားခဲ့ရသည်လူနာရဲ့ လက်ကိုင်ဖုန်းထဲမှာ ဖုန်းနံပါတ်တခုဖြင့်ဆရာဝန်များက တာဝန်ရှိသူထံသို့အကြောင်းကြားရာ