behind the tear(epi6)

160 11 0
                                    

Behind The Tear-(Part-6)
~~~~~~~~~~~~~~~~~
တယောက်ကို တယောက်တကယ်ချစ်တယ်ဆိုရင် အနိုင်ယူခြင်း အရှုံးပေးခြင်းက အရေးမကြီးတော့ပါဘူး ပြိုင်ပွဲတခုမဟုတ်သလို
ယှဉ်ပြိုင်နေရမယ့်အရာလဲမဟုတ်ဖူးလေိစစ်မှန်တဲ့ အချစ်တွေပဲလိုအပ်တာပါ
#JBBAMMIE #JACKSON #JR
•••••••••••••••••••••••••••••••••••••••

JB-- ကျနော့်အချစ်ကို ပြန်လက်ခံပေးပါနော်

Bam-- ရှင်ကျမကို နောက်ထပ်ဒီလိုမပြောဘူးလို့ကတိပေးလား

JB--ကျနော် ကတိကို လွယ်လွယ်မပေးတက်ပေမယ့် ပေးပါတယ် နောက်ဆို မင်းကို မျက်ရည်ကျအောင်မလုပ်တော့ဘူးနော် ကျနော့်ကို ပြန်ချစ်မယ်မဟုတ်လား

Bam-- ကျမရှင့်ကို ဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး ကျမအချစ်ကဖြူစင်တယ်ဆိုတာယုံပေးပါ

JB--ကျနော်နားလည်ပါပီ ကျတော့်ကြောင့်မင်းမျက်ရည်မကျစေရတော့ဘူးနော

Bam--ဒါနဲ့ ရှင့်ဖုန်းက ဘာဖြစ်တာလဲ

Jr-- ဟုတ်တယ် အားကုန်နေလို့ အိမ်မှာထားခဲ့တာ အမကိုပေးခဲ့တယ်ခန

(bamနှင့်JB ပြန်အဆင်ပြေသွားကြလေပီ bamကတော့ jb စကားတွေထဲ မျောနေခဲ့ပီ သူမကိုသူမသိလိုက်ပီ အခုမှ JB ကိုတကယ်ချစ်မိသွားတယ်ဆိုတာ)
~~~~~~~~~~~~~~~~~~~~~
နောက်နေ့မနက် bam အိမ်သို့ jr လာလည်ခဲ့သည်

Bam-- Jr နင်ကလဲ ခုမှပဲလာတော့တယ် ငါကစောင့်နေတာ

Jr--ဟုတ်တယ်အိမ်မှာလေ ငါ့အမေခိုင်းထားလို့

Bam-- ငါနင့်ကိုပြောစရာရှိတယ်သိလား
(မျက်နှာ ပြုံးစိစိဖြင့် jrကို ပြောနေသည်)

Jr--ဘာပြောမှာလဲမျက်နှာကလဲဖြီးလို့

Bam--ငါနဲ့JB ပြန်အဆင်ပြေသွားပီသိလား
(Jrကို bam အကြောင်းစုံပြောပြပီး)

Jr--လုပ်ဇာတ်ကြီးပါဟာ အေး နင်လဲအပြောတွေနဲ့ကြွေမနေနဲ့ယောကျာ်းတွေကအဲ့အတိုင်းပဲ ငါတော့လုံးဝကြောက်တယ်ဟေ့
(Jrသူချစ်ရမယ့်သူမတွေ့သေးလို့ နေမှာပါ :) )

Bam-- ငါအခုမှတကယ်ချစ်မိသွားတာ အစကတော့ အဲ့လောက်မချစ်ခဲ့ဘူး

Jr--ချစ်တာတော့ချစ်ပါ စိတ်ထဲအရမ်းမထည့်ထားနဲ့ဟုတ်ပီလား
ကဲ......ငါဗိုက်ဆာတယ် ဘာချက်ထားလဲ

Behind The TearWhere stories live. Discover now