"Tao...သမီး ခဏထိုင်ပါဦး"
အိမ်ထဲဝင်ဝင်ချင်း appa ခေါ်သံကြောင့် မျက်နှာချင်းဆိုင် ဆိုဖာတွင် သူမဝင်ထိုင်လိုက်သည်
"ဘာပြောမလို့လဲ ဟင်"
"Appa ပြောတာသေချာနားထောင်နော်"
"အော် appa ရယ် နိဒါန်းတွေချီနေလိုက်တာ"
ပြောရင်း omma က သူမဘေးနားလာထိုင်သည်
"ငါ့သမီးက အခုဆို အလုပ်အကိုင် ပညာအရည်အချင်းပါအားလုံးပြည့်စုံနေပါပြီ...ခေတ်ကြီးကလည်းမကောင်း... ဘယ်အချိန်သေမယ်ဆိုတာထိုင်စောင့်.."
"Appa ရယ် မပြောကောင်း မဆိုကောင်းတွေ busan ကစစ်နဲ့အဲ့လောက်ကြီးအဆိုင်ပါဘူး"
"အို...ဆိုင်ဆိုင် မဆိုင်ဆိုင် အခုစစ်ကာလဆိုတာကောင်းတာမဟုတ်ဘူး အထူးသဖြင့် သမီးတို့လိုမိန်းမပျိုတွေအတွက် အဲ့တော့ appa က သမီးအတွက် အစီအစဉ်တစ်ချို့လုပ်ထားတယ်"
"အမလေး အဖေကြီးရယ် လိုရင်းမရောက်တော့ဘူး ကျွန်မဘဲပြောတော့မယ်"
ဘေးနားက omma ကစိတ်မရှည်ဟန်ဝင်ပြောသည် Tao ကတော့ သူတို့ပြောနေတာကိုနားမလည်ချင်..
"သမီးရယ်...သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုတာရှိတယ်မလား"
အဲ့စကားကြီးကို Tao သိပ်သဘောမကျ...
"Omma တို့ကလည်း မိဘဝတ္တရားရှိသည့်အတိုင်း သမီးလေးကိုအိမ်ထောင်ချပေးချင်တယ် ခေတ်ကလည်းမကောင်းတော့..."
"ရှင်!!!"
"ဖြေးဖြေးပါ သမီးရယ် သမီးသဘောကျမယ့်သူပါ"
"Omma!!!"
Tao ထိုင်နေရာမှဆတ်ကနဲ့ ရပ်လိုက်သည် အတင်းကိုပေးစားချင်နေသော omma မျက်နှာကြည့်ပြီးအော်လိုက်သည် သူမသိနေသည် omma ဒီလောက်ပေးစားချင်နေသူက လောကမှာတစ်ယောက်ဘဲရှိပါသည်မဟုတ်လား...
"Tao ထိုင်!!"
Appa ၏အမိန့်သံကိုကြားသော်လည်း tao မထိုင်မိပါ ထိုအတိုင်းသာရပ်နေမိသည် လက်သီးကျစ်ကျစ်ပါအောင်ဆုတ်ရင်း ဘယ်လိုတုန့်ပန်ရမလဲဆိုတာ စဉ်းစားနေမိသည် သူ့ကို...ဟုတ်တယ်...သူကလွဲရင်ဘယ်သူမှမဖြစ်နိုင်ပေမယ့် အဲ့သူကိုပင် လက်ထပ်ဖို့ကလည်းဘယ်လိုမှမဖြစ်နိုင်ပါ...
YOU ARE READING
In Summer,In Love
Romanceအပင်က ရွက်ဝါကို စွန့်တာလား..... ရွက်ဝါက အပင်ကို ခွာတာလား..... အော်.....နွေ....ရင်ထဲကနွေ......လွမ်းစရာ့နွေ.....