Chapter-2

66 6 0
                                    

Papa တို့တွေစကားပြောနေတာကို Tao လှေကားရင်းကနေဘဲ ကြည့်နေမိသည် Tao အထင် Chanyeol နှင့် Kris တွင် Kris ကရာထူးပိုကြီးမည်ထင်သည် မကြာပါ Papa တို့နှင့်စကားပြောနေသော ဦးလေးကြီးတစ်ယောက်ပြန်သွားသည် Papa ကTao ကိုလှမ်းခေါ်သည်

"Tao ရေ ခဏ..လာပါဦး"

သူမ Papa ဘေးတွင် ဝင်ထိုင်သည် Chanyeol ကသူမကိုပြုံးပြီးကြည့်နေသည် Kris ကတော့ တစ်ချက်သာလှမ်းကြည့်သည် ထို့နောက်ခေါင်းပြန်ငုံ့သွားသည်

"သမီး Chanyeol က စကားနည်းနည်းလောက်ပြောချင်လို့တဲ့ အချိန်ရတယ်မလား"

"ဟုတ်ကဲ့ ရပါတယ်"

Chanyeol ကထိုင်နေရာမှမတ်တပ်ရပ်သည် ထို့နောက် Kris ကိုတစ်ချက်ကြည့်ရင်း

"ဆရာ...ခဏ"

"ရတယ်...ရတယ်....ငါ ဗိုလ်မှူးနဲ့စကားနဲနဲပြောဦးမယ်"

သူမနှင့် Chanyeol ခြံထဲသို့ထွက်လာခဲ့သည် လမ်းအတူလျှောက်တော့မှ သူမသတိထားမိသည် အရင်က ရန်ဖြစ်ရင် Tao ကဘဲ ဝင်ကူကာ ငိုကြီးချက်မနှင့်မိန်းကလေးဆီအကူအညီတောင်းရသော ပိစိကွေးက အခုတော့ အရပ်ခြောက်ပေလောက်နဲ့ ခွန်အားဗလပြည့်စုံတဲ့ စစ်သား Park chanyeol တောင်ဖြစ်နေပါရောလား.....

"ဘာလဲ....လွမ်းလို့အဲ့လောက်ကြည့်နေတာလား"

"ဆုတောင်းလေ.....ငါအရင်က နင်နဲ့ အခုနင်ကို နှိုင်းကြည့်နေတာ"

"ဟား....ဟား...."

သူမတို့နှစ်ယောက် ဒန်းလေးပေါ်တွင် ထိုင်လိုက်ကြသည်

"မှတ်မိသေးလား...ငါအသွားခင် ဒီနေရာမှာဘဲ နင့်ကိုနှုတ်ဆက်ခဲ့တာ"

"မှတ်မိသားဘဲ"

"ငါသွားမယ် ဆိုတော့ နင်ဝမ်းသာခဲ့မှာဘဲနော်"

"အဲ့လိုတော့မပြောပါနဲ့ နင်ကအခုထိ ငါ့သူငယ်ချင်းပါဘဲဟာ"

"ငါတောင်းပန်ပါတယ် Tao"

"ရပါတယ်....ဘာမှမှမဖြစ်ခဲ့တာ"

"နင်ချစ်သူတွေ ဘာတွေရနေပြီလား"

"မရသေးပါဘူး"

"နင်ကအခုဆို ဆရာမတောင်ဖြစ်နေပြီနော်"

In Summer,In LoveTempat cerita menjadi hidup. Temukan sekarang