H ® L >> 1 <<

2.4K 172 4
                                        

Seoul မြို့ရဲ့အကြီးမားဆုံး ဖြစ်တဲ့ Seoul International လေယာဉ်ကွင်းမှာ Korea Airforce လေယာဉ်တဆင်း စိုက်ရောက်လာပါပြီ လေယာဉ်မယ်လေးတွေက လည်း ခရီးသည်တွေကို ဂရုတစိုက် ဆင်းကြဖို့ နဲ့ လေယာဉ်မှာလိုက်ပါလာတဲ့
ခရီးသည်တွေကို ကျေးဇူးတင်နှုတ်ဆက်စကားတွေ ပြောနေလေရဲ့
အဲ့နောက် လေယာဉ်ပေါ်က ခရီးသည်တွေ အကုန်ဆင်းလာကြပါပြီ

အဲ့အချိန်မှထူးထူးခြားခြား ကောင်လေးတယောက် ကတော့ လေယာဉ်ပေါ်မှ အိပ်ချင်မူးတူး ရုပ်လေးနဲ့ ဆင်းလာလေရဲ့

Boy pov :: ဝါး ရောက်တောင်လာပြီပဲ လေယာဉ်မယ် noonaတွေကလည်း မနှိုးဘူး ထိုင်ကြည့်နေကြတယ်

ဟုတ်ကဲ့ ကျနော်ကတော့ Park Chanyeolလို့ခေါ်ပါတယ် ကျတော် ဆော်ကြည်ချက်ကတော့ အခုပဲကြည့်လေ
လေယာဉ်မယ်noonaတွေက မနှိုးရက်လို့ အိပ်နေတာထိုင်ကြည့်နေတာတဲ့

ဒါပေမဲ့ကျတော်ကတော့ ဘယ်ကောင်မလေးကိုမှ စိတ်မဝင်စားဘူး
ကျနော့်မှာhyungရှိပြီးသား

ဟူး ဒါနဲ့ hyung ငါ့ကိုကြိုဖို့ရောက်နေပြီလား သိဘူး Aishh ပြေးရပြန်ပြီကွာ ((( မကြာခင်ကျနော့် hyung ဘယ်သူဆိုတာ တွေ့ရမယ်နော် ဟီး ))))

Man pov :: ဟာဒီကောင်လေး လေယာဉ်ပေါ်အိပ်နေပြန်ပီလား မသိဘူး ငါ့ကို MaMa ကတော့ ကလေးထိန်းခိုင်းပြန်ပြီကွာ ကျနော်ကတော့ Kevin kris ပါ

ဘယ်သူ့ကိုစောင်နေတာလဲဟုတ်လား မကြာခင်တွေ့မှာပါ ကျတော်စောင့်နေတဲ့ ကောင်လေးရဲ့ ပုံစံပြောပြရမလား??

အရပ်ကကျနော့်ထက် ၂လက်မပဲ ပုတယ် ကျတော့်အရပ် ၆ပေ ၃ ကျတော်စောင့်နေတဲ့ကောင်လေးက တော့ ၆ပေ ၁ လက်မပေါ့ (( ဟီးအရပ်ကြွားနေတာနဲ )))

့ သူ့ပုံသဏ္ဍာန်ပြောရအုန်းမယ် သူ့ပုံစံက ###
ဟောဟော လာနေပြီ အရင်တိုင်းပဲပြေးနေတာပဲ
ကလေးရယ် ကလေးပေါ့ဗျ
သူကကျတော့်ထက် ၄နှစ်တောင်ငယ်တာလေ
ကျတော့်အသက် ၂၃ သူ့အသက်က ၁၉နှစ် အရင်အတိုင်း နားရွက်ကားကား လေး နဲ့ ချစ်ဖို့ကောင်းတဲ့ ကျနော့် ကလေးလေးပါ

Chanyeol တယောက် အရပ်ကလန့်ကလားနဲ့ သူ့ hyung မမြင်မှာဆိုးလို့ ခုန်ဆွခုန်ဆွနဲ့ လက်ပြနေလေရဲ့ (( အရပ်ကပုနေတော့ မမြင်ရမှာဆိုးလို့တဲ့ ဟီး )))

Hurt o® LoveTahanan ng mga kuwento. Tumuklas ngayon