ficကဘယ်ရောက်သွားပြီလဲဟင်
ဟီးစတာပါ စရေးပြီနော်
Kris တယောက် Yeol ကို နမ်းနေရာကနေ ဆူဆူညံညံကားသံတခုကြောင့် ရုတ်တရက်ခွာလိုက်တယ် သူတို့မြို့ပြင်ရောက်တဲ့အချိန်က မှောင်ရီပျိုးစပြုနေပြီလေ
သူတို့နှယောက်နမ်းနေတာကြောင့် လောကကြီးနဲ့ခဏတာအဆက်ပြတ်သွားပြီး ခုမှသတိပြန်လည်ဝင်လာတဲ့လူတွေလို တယောက်နဲ့တယောက်ကြည့်နေမိတယ်
အဲ့အချိန်မှာ ဆူဆူညံညံအသံလာရာ ကြည့်လိုက်တော့ လယ်တောတွေမှာ သုံးတဲ့
ထော်လာဂျီကားတစီး
တွေ့လိုက်ရတယ်
ထော်လာဂျီကားပေါ်မှာ အသက်၆၀အရွယ်လောက်ရှိမယ်လို့ ခန့်မှန်းလို့ရတဲ့ အဘိုးအိုတယောက်နဲ့ အဘွားအိုတယောက်ပါလာတယ်
အဘွားအိုက စပြီးမေးလိုက်တယ်
Grandma - လူလေးတို့ဘာလုပ်နေကြတာလဲ
Yeol ကတော့ ရှက်လို့မျက်နှာကြီးရဲနေတယ် Kris ကတော့ ခပ်တည်တည်ပဲ
ပြန်ဖြေတယ်
K : ဟုတ်ကဲ့ အဘွားကျတော်တို့ကားရုတ်တရက် ထိုးရပ်သွားလို့ အဲ့ဒါ ကားကြုံစောင့်နေတာ
(ကားကြုံစောင့်တာ နမ်းရင်းစောင့်တယ်တဲ့ ကြားဖူးကြလား :D)
တကယ်တော့ အဲ့အဘွားက သူတို့ဟွာလုပ်နေတာ အဲလေ နမ်းနေတာ လုံးဝမမြင်လိုက်ပါဘူး YEOL က သူ့အတွေးနဲ့ သူမို့ရှက်နေတာပါ xD
Grandpa - ဒါဆို သားတို့ အဖိုးတို့အိမ်လိုက်ခဲ့လေ သားတို့ကားကိုမနက်မှပြန်လာယူပေါ့ အချိန်ကလည်းလင့်နေပြီ ;;;
Kris - Nae Arapugyi ဒါဆို Arapugyi ပြောသလို Arapugyi တို့နဲ့ပဲလိုက်ခဲ့တော့မယ် လာ yeol ကိုယ်တို့ဒီတည Arapugyi တို့ဆီမှာတည်းရအောင် ;;;
Yeol - Nae hyung ;;
ဆူဆူညံညံ ထော်လာဂျီ အသံ ဂျူန်းဂျူန်းဂျက်ဂျက် ကြားမှာ ကျတော့် ကလေးလေးကတော့ Ommonie နဲ့ စကားတွေ အကျယ်ကြီးပြောပြီး တဟီးဟီးတဟားဟားနဲ့ ပျော်ရွှင်နေလေရဲ့ ခဏလောက်ကြာတော့ ကျတော့်ပုခုံးကို လာမှီပြီး ကျတော့် ကလေးလေး အိပ်ပျော်နေပြီ
ကျတော်လည်း သူ့ပုခုံးလေးကိုအသာပြန်ဖက်ထားပီး မျက်နှာလေးကို စောင်းပြီးကြည့်နေမိတယ် မိန်းကလေးတယောက်ထက်ပိုပြီး နုဖတ်နေတဲ့မျက်နှာလေး ၊ နီမြန်းနေတဲ့ နှင်းဆီဖူးနှုတ်ခမ်းလေးတွေ နဲ့ အရမ်းကို ချစ်ဖို့ကောင်းတဲ့ကျတော့်ကလေးလေး ။ ။
