Chapter - 1

1.4K 88 0
                                    

အိပ်ရာဘေးရှိ နှိုးစက်ကလေးကတော့ သူရဲ့လုပ်ငန်းဆောင်တာအရ အချက်ပေးအော်မြည်နေလေပြီ။ တာဝန်သိတတ်တဲ့ နှိုးစက်လေးကြောင့် Kyungsoo နိုးလာခဲ့တော့သည်။

မနေ့ညကငိုထားတဲ့ အရှိန်ကြောင့် မို့အစ်ဖောင်းကားနေသော မျက်ဝန်းတစ်စုံရဲ့ မျက်ခွံတွေစတင်ကာ လှုပ်ရှားလာသည်။ မျက်ခွံတွေဖွင့်လိုက်သော်ငြားလည်း မျက်စိထဲေ၀၀ါးနေသဖြင့် Kyungsoo တစ်ယောက်သူ့လက်ခုံလေးဖြင့် မျက်လုံးတွေကို ပွတ်သပ်လိုက်သည်။ ပြတင်းပေါက်မှတစ်ဆင့် အခန်းတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသော နေရောင်ခြည်သည်ပင် အိပ်ရာပေါ်သို့ဖြာကျနေလေပြီ။

*နေတောင်အတော်မြင့်နေပြီပဲ* ဟု Kyungsoo တွေးလိုက်မိသည်။

Kyungsoo အိပ်ရာပေါ်တွင်လှဲနေရာမှ ဖြေးညင်းစွာထလိုက်သည်။ စိတ်ထဲမှာ လေးလံထိုင်းမှိုင်းနေဆဲ.. အရာအားလုံးဟာ မနေ့တစ်နေ့ကအတိုင်းလိုပါပဲ....

အပြင်ဘက်တွင် လူများသွားလာ လူပ်ရှားသံများကို ကြားနေရပြီ။ ငှက်ကလေးများကလည် တကျီကျီအော်မြည်နေကြပြီ။ သူပြတင်းပေါက်ကနေ ကောင်းကင်ကိုလှမ်းကြည့်လိုက်တော့ တိမ်အသင့်အတင့်ဖြင့် ရာသီဥတုအတော်ပင် သာယာနေသည်။ သို့ပေမဲ့ ထိုသာယာနေသော ရာသီဥတုကတော့ Kyungsoo ရဲ့ စိတ်ကိုဘယ်လိုမှ မကုစားနိုင်ပေ။ ရာသီဥတုသာယာတိုင်း စိတ်သာယာနေစရာမလိုပေ။ သူများတွေအတွက်တော့ မပြောတတ်ပေမဲ့ Kyungsoo အတွက်တော့ ရာသီဥတု သာယာသည် မသာယာသည်က သူ့ခံစားချက်ကိုလားလားမှ မကုစားနိုင်ပေ။

အပြင်မှာသာယာနေပေမဲ့ စိတ်ထဲမှာတော့ မုန်တိုင်းဝင်ရောက် နေနိုင်သလို အပြင်မှာ မုန်တိုင်းကျနေပေမဲ့လည်း စိတ်ထဲမှာ သာယာနေနိုင်တာပဲလေ...

အပြင်ဘက်မှာတော့ လူတွေလှုပ်ရှားသွားလာနေသည့် မြင်ကွင်းကိုတွေ့နေရသည်။ တစ်ယောက်နဲ့တစ်ယောက် ပြုံးပြနှုတ်ဆက်ကြ, ကလေးတွေကလည်းပျော်ရွှင်မြူးတူးစွာ ပြေးလွှားဆော့ကစားနေကြသည်.. Kyungsoo လည်းတစ်ချိန်တုန်းကတော့ လောကကြီးတွင် ပျော်ရွှင်စွာနေထိုင်ခဲ့ဖူးသည်။ သူအားရပါးရ ရယ်ခဲ့ဖူးသည်။ သူပျော်ခဲ့ဖူးသည်။ အခုတော့ သူအဲ့ဒီလူတွေပျော်နေကြတာကို မြင်ပြီး မနာလိုတာကလွဲလို့ ဘာမှမတတ်နိုင်......

သူက... သွားတော့တဲ့Место, где живут истории. Откройте их для себя