Beautifully Beautiful

2.8K 251 4
                                    

~Beautifully Beautiful~


"Kyung Soo!"

အော်​သံတစ်​ခုနှင့်​အတူ Kyung Soo ၏ ပခုံးကိုလက်​တစ်​ဖက်​ လာရစ်​တွယ်​သူက Kyung Soo ​ဘေးက ခုံ​ပေါ်ထိုင်​ချလိုက်​သည်​။ ဘယ်​သူလဲသိ​နေ​ပေမဲ့လို့ Kyung Soo လက်​ထဲကစာအုပ်​ကို ချလိုက်​ရင်း သူ့ဆီလှည့်​ကြည့်​ကာ ပြုံးလိုက်​မိ၏။

"ဘာလို့ အကျယ်​ကြီး​ အော်​တာလဲ Kris Hyung ကလည်း... စာကြည့်​တိုက်​မှူး ရိုက်​ထုတ်​တာခံရ​တော့မှာပဲ"

Kyung Soo အသံခပ်​အုပ်​အုပ်​​ပြော​တော့ Kris ဆိုသည့်​ တစ်​​ယောက်​က နှုတ်​ခမ်းပန်းနု​ရောင်​နှင့်​ လိုက်​ဖက်​​သော အပြုံးကြီးတစ်​ခုကို ပြုံးပြလိုက်​သည်​။

"မင်းကို​တွေ့ရရင်​ ငါစိတ်​မထိန်းနိုင်​​တော့လို့​လေ... တကယ်​ဆို ဖက်​ပါနမ်းပစ်​ချင်​တာ။"

Kyung Soo က သူ့နှုတ်​ခမ်းနှစ်​လွှာလုံး အသည်းပုံဖြစ်​လာသည့်​အထိ လှစ်​ခနဲ ပြုံးလိုက်​သည်​။ သူ့အပြုံးက သူများ​တွေ မယှဉ်​နိုင်​​သော အပြုံးတစ်​မျိုးဖြစ်​သည်​။ Kyung Soo ဆိုသည်​က နှင်းဆီဖတ်​သဏ္ဌာန်​ နှုတ်​ခမ်းများအား ပိုင်​ဆိုင်​သူဟု လူသိများသူ မဟုတ်​လား။ သူများ​တွေ... အထူးသဖြင့်​ Kris ရဲ့ သူငယ်​ချင်း​တွေက အမြဲတမ်း မှတ်​ချက်​ချကြသည်​။ "Kyung Soo ရဲ့ အပြုံးက တစ်​ခါမြင်​ရရုံနဲ့ မြင်​ရတဲ့သူရဲ့ နှလုံးသားကို ဖမ်းစားနိုင်တဲ့ အပြုံးမျိုး" တဲ့။

စဉ်းစားသာကြည့်​ကြည့်​ပါ​တော့။ သူ့အပြုံးကို နှစ်​ခါသုံးခါမြင်​ရတာနဲ့ ဒီလိုကြီး မှတ်​ချက်​ချကြတယ်​ဆိုရင်​​ Kyung Soo ကို ခုနှစ်​နှစ်​​လောက်​ ခင်​မင်​ရင်းနှီးခဲ့ရသူ Kris ရဲ့ နှလုံးသားတစ်​ခု​လုံး ဘယ်​လိုမျိုး ခံစား​​နေ​ရ​လောက်​ပြီဆိုတာ... Kyung Soo ၏ အပြုံးကို သူအကြိမ်​​ပေါင်း ကု​ဋေကုဋာချီ​အောင်​ မြင်​​တွေ့ခဲ့ဖူးပြီ​လေ။

"... ဟုတ်​တယ်​မဟုတ်​လား Hyung..."

"ဟင်​..."

မကြားလိုက်​တာမို့ မျက်​လုံးအနည်းငယ်​ပြူးကာ အသံပြု​တော့ Kyung Soo ထပ်​ရယ်​ပြန်​သည်​။

"ထားလိုက်​ပါ​တော့။ သွားရ​အောင်​... မုန့်​သွားစားမယ်​ မဟုတ်​လား။ Hyung ဝယ်​​ကျွေးရ​မယ်​​နော်​။"

Beautifully Beautiful [KriSoo]Where stories live. Discover now