Beautifully Beautiful (Finale)

2.1K 251 9
                                    

~ Beautifully Beautiful - Part Two ~

#flashbacks

"အချစ်​ဆိုတာက နူးညံ့တယ်​။ ဒါ​ပေမဲ့ ခိုင်​မာတယ်​တဲ့။ ​လေးနက်​တဲ့အဓိပ္ပါယ်​​တွေ ရှိပြီး​တော့ လူေ​တွကို ​ပျော့ညံ့​စေလို ရဲလည်းရဲရင့်​​စေတယ်​တဲ့။"

"ဒါဆို အချစ်​ဆိုတာကြီးက အစွန်းနှစ်​ဖက်​​ပေါင်းထားတာကြီး​ပေါ့​နော်​ Hyung?"

"အင်း... ဟားဟား... အဲ့လို​နေမှာ​ပေါ့။"

Kris ရယ်​တာ​ကြောင့်​ Kyung Soo လည်း လိုက်ရယ်​ရင်း ​ကော်​ဖီခွက်​ကို ​သောက်​လိုက်​မိသည်။ သူတို့ခုနက ​​နွေဦးရာသီအ​ကြောင်း ​ပြော​နေကြတာပါ။ ဘယ့်​နှယ်​​လုပ်​ အချစ်​အ​ကြောင်း ​ရောက်​သွားကြတာပါလိမ့်​။

ထားပါ​တော့။ ဘယ်​လိုပဲဖြစ်​ဖြစ်ပါ။ ဒီအ​ကြောင်းလည်း ​ပြော​ပျော်​ပါသည်​။ Kyung Soo ခဏရပ်​ရင်း ​မြေပြင်​ကို ​ဖိနပ်​ဦးနှင့်​ တ​တောက်​​တောက်​လုပ်​​နေမိလိုက်​၏။

"Hyung...?"

"​ပြော​လေ Soo.."

"အချစ်​ဆိုတာက...လှ​ရောလှလားဟင်​"

"အင်း... မသိဘူး​လေ။ လှမယ်​ထင်​တာပဲ ငါလည်း မကြုံဖူးဘူး။"

ပြီး​တော့ Hyung က တစ်​ချက်​ရယ်​သည်​။

"မင်းချစ်​သူရလာတဲ့အခါ သိမှာ​ပေါ့ Soo ah."

"မလိုပါဘူး။ ကျွန်​​တော်​က အချစ်​ဆိုတာ လှတယ်​ဆိုတာ သိပြီးသားပါ။ Hyung သိမလားလို့ ​မေးကြည့်​တာ.."

"ဟင်​... ​ပြောပါဦး။ မင်းကဘယ်​လိုသိလဲလို့။ ဘယ်​သူ့ကိုသွားကြိုက်​တာလဲ၊ ငါ့​တောင်​မ​ပြောဘူး"

Kris ရဲ့လက်​တစ်​ဖက်​က Kyung Soo ပခုံးကို ခပ်​သာသာ လာရိုက်​သည်​။ Kyung Soo ပြုံးလိုက်​မိသည်​။

"It's because you're beautiful, Hyung."

အင်္ဂလိပ်​လို Kyung Soo ​ပြောလိုက်​တော့ Kris hyung က အံ့ဩလန့်​ဖျပ်​သွားပုံနှင့်​ ​မော့ကြည့်​လာသည်​။

"Hyung ဒီလို​ချောမှ​တော့ အချစ်​ကလည်း လှမှာ ​သေချာတယ်​​လေ၊ မဟုတ်​ဘူးလား"

"Ya, ya! မုသားကို အ​နှောင့်​မလွတ် အ​သွားမလွတ်​ ​​မ​ပြောနဲ့စမ်း။

Beautifully Beautiful [KriSoo]Where stories live. Discover now