Baek maeks me warm..

11.1K 925 17
                                    

Ep 5....


Swimming pool က အဖြစ်အပျက်တို့ ဖြစ်ပျက်ပီး Baek ကတော့ Yeol ကိုတွေ့ရင် မျက်နှာချင်းဆိုင် ဖြစ်တိုင်း ခြေဖျားလက်ဖျားတွေ အေးစက် လာတတ်ပီး နှလုံးတို့ အပြင်ဘက် ကို ခုန်ထွက်လာတော့မလို ဖြစ်လာပေမဲ့ Yeol ကတော့ ဘာဆိုဘာမှ မဖြစ်သလိုရယ်ပါ.....
ရေခဲရိုက် မျက်နှာက ဘာမှ အပြောင်းအလဲ မရှိ..

Baek pov : ငါ့ကို ကစားခဲ့တာပေါ့.. အေးပေါ့လေ.. play boy ကို တကယ်ထင်နေမိတဲ့ ငါသာ မှားတာပါ.. ဒါနဲ့ ငါ့ရဲ့ first kiss လေးတော့ သွားပါပီ..တကယ်ချစ်တဲ့ သူ နဲ့ ကျမှ ပေးမယ်လို့ စိတ်ကူးထားတာ.. ခုတော့ သူက..........

Yeol : ငါ ပြောတာ ကြားရဲ့လား....

Baek : အမ်.. ဘာ.. ဘာ လဲ...

Yeol : ဒီနေ့ နောက်ကျမယ်.. Baek လိုက်စရာ မလိုဘူး..

Baek : ရိုက်ကွင်း မဟုတ်ဘဲ ဘယ်သွားမလို့လဲ။..

Yeol :  ကြင်ယာဖက် တွေ့ဆုံပွဲ တခုရှိလို့.....

Baek : အော်..

အော် တလုံးသာ ပြောလိုက်နိုင်ပီး Baek ဘာမှ ဆက်မပြောမိလိုက်တော့.... ရုတ်တရက် ရင်ထဲ တင်းကျပ် လာသော ခံစားမှု့ကို သူသာ အသိဆုံးပါလေ.......

Yeol အိမ်ကနေ ထွက်လာခဲ့သည့် တိုင် Baek ဖြစ်သွားသော မျက်နှာလေးကို မေ့မရခဲ့ပါ.. တကယ်ဆို သူလဲ ဟိုနေ့က ကိစ္စကြောင့် Baek နဲ့ တွေ့တိုင်း ရင်ခုန်နေဆဲပါ.. ဒါပေမဲ့ သူ့ ခံစားချက်တွေ မပေါ်အောင်တော့ ဟန်ဆောင်တတ်သော စွမ်းရည်တခု ကိုတော့ သူပိုင်ဆိုင် ခဲ့ ပီးသားပါလေ.....

Transformer Hotel သို့ ဦးတည်လိုက်ရင်း....

Yeol pov : appa.. ဖြစ်ချင်သလို မဖြစ်ရဘူးဆိုတာ ကျွန်တော်မြင်အောင်ပြမယ်.....

သူရောက်တော့ ၂ဖက်မိဘ တွေ တောင် စုံညီနေပီ.. Daehae က...

Daehae : Oppa ရောက်ပီလား..

အပြုံးခပ်ယဲ့ယဲ့ တခုသာ ပေးရငိး Appa ဘေး ဝင်ထိုင် လိုက်သည်။...

Yeol appa : လူစုံ ရင် စားကြစို့..

စားသောက်စရာ တွေ စားရင်း လိုရင်း မပြောဆိုသေးဘဲ ၁နာရီလောက် ကြာသွားသည်..

Yeol : Appa.. ကျွန်တော် သွားစရာ ရှိသေးလို့...

Yeol Appa : ကဲ... သားရေး သမီးရေး လေး ပြောကြရအောင်...

As Long As U Stay With Me!Where stories live. Discover now