Your are Mine!

10.7K 752 2
                                    

Ep 9.....

နေခြည်နု နွေးနွေးက ပြတင်းပေါက်မှ ထိုးဖောက်ဝင်ရောက် လာသည့်တိုင် အခန်းထဲ က ချစ်သူနှစ်ဦး ကမူ တုတ်တုတ်မျှ မလှုပ်သေး.....

အရင်ဆုံး လှုပ်ရှားလာတာက  Yeol...
မျက်လုံး ဖွင့်ကြည့် လိုက်တာနဲ့ ကြင်နာသူ က ကိုယ့်မျက်စေ့ ရှေ့မှာ တွေ့နေရတာ အတော့် ကို ကြည်နူးစရာ ကိစ္စ ရပ်တခု......

လက်မလေး တချောင်း စုပ်ကာ  Yeol ရင်ခွင်ထဲ ခေါင်းလေး တိုးဝင်ရင်း အိပ်နေသော သူ့ ပါပီ လေးကို  Yeol မြတ်နိုးစွာ ငုံ့ကြည့်နေမိသည်။

ဆံနွယ် ရနံ့ မွှေးမွှေးလေး သင်းနေသော Baek ရဲ့  အညိုရောင် ဆံပင် အုပ်အုပ်လေးကို သူ့ လက်တေနဲ့ ထိုးဖွ လိုက်သည်။
"အင်" ခနဲ တချက် အသံ ပြုပီး ပြန်အိပ်ပျော်သွားသည်။..
Yeol လက်တို့ က ဖြောင့်စင်းနေသော နှာတံ တလျောက် ပွတ်ဆွဲလာပီး ထိပ်က နှာခေါင်းလုံးလုံး ပြောင်ပြောင်လေးဆီ ရောက်တော့ အသည်းယားစွာ ကိုက်လိုက်မိသည်။.

Baek : အ့.....

Yeol : miyane... baby နိုးသွားလား.. ဆောရီး...... ကိုယ် အသည်းယားလို့...

Baek : သူများအိပ်နေတာကို လာကိုက်ပီး ဆောတီး တဲ့.... အိပ်ချင်သေးတယ်။ မနှောင့်ယှက် နဲ့.....

Yeol : baby လဲ ဆက်အိပ်..ကိုယ်လဲ ဆက်ကိုက်မယ်....

Baek : တွေ့လား... လာမထိ နဲ့.. Baek ကို..

Yeol :ထိမှာပဲ။..ဟောဒီ နှာခေါင်းထိပ်လေး ကို ဟောဒီလို ကိုက်.. ဟောဒီ ပါးလေးက ဟောဒီလို ငုံ.. ဟောဒီ နှုတ်ခမ်းပိစိလေးကို.....

Yeol ပြောရင်း  Baek အပေါ်နှုတ်ခမ်းလေးကို ခပ်ဖွဖွလေး ကိုက်လိုက်သည်။..

Baek : သွား လဲ မတိုက်ရသေးပဲ လာနမ်းနေတယ်။ ညစ်ပတ်အိုးကြီး....

Yeol : ကိုယ်က မွှေး ပီးသား...Baek သာ....

Baek: Baek သာ.ဘာဖြစ်လဲ။....

Yeol : ကွ ကိုယ်သိမှာပေါ့....

Baek : Park Chanyeol!!!

Baek ပြောရင်း အိပ်ရာက ထမယ် လုပ်တော့ Yeol က  Baek ခါးသေးသေးကို ပြန်လည် ဆွဲချ လိုက်ပီး သူ့ အပေါ်က အုပ်မိုး လိုက်သည်။..

Yeol : Baek အနံ့ လေးက အမြဲ မွှေးနေတာပဲ လို့ ပြောတာ.. သူကလဲ စိတ်ချည်းပဲ။...

As Long As U Stay With Me!Where stories live. Discover now