Part - 2

660 97 6
                                    

Kris ; * ကျွန်တော့်ဘေးကအတွဲတွေမြင်တိုင်းTaoကိုသတိရတယ် ကျွန်တော်တို့အတူလျှောက်ဖူးတဲ့လမ်းလေးတွေ အတူသွားဖူးတဲ့နေရာလေးတွေကိုလည်းသတိရတယ်ဒါတွေကအခုတော့အိမ်မက်တစ်ခုလိုအတိတ်မှာကျန်ခဲ့ပါပြီ ဒါပေမဲ့ကျွန်တော့်ရင်ထဲမှာတော့မနေ့ကလိုပါပဲ Shit* ပြောရင်းနဲ့မျက်ရည်ကဝဲလာပြီ *

" မင်္ဂလာပါ ဆရာ "

Kris ; ဟေ အေး မင်္ဂလာပါ
*ကျောင်းသားတစ်ယောက်ရဲ့အသံကိုကြားမှကျွန်တော့်စိတ်တွေပစ္စုပ္ပန်ကိုပြန်ရောက်လာတယ်*

Kris ; sorry ကွာ ဆရာနည်းနည်းအတွေးလွန်သွားလို့ စာမျက်နှာ------ကိုလှန်လိုက်နော်

" ဆရာ Yi fan စာသင်နေတာအနှောင့်အယှက်ဖြစ်သွားလား "

Kris ; aww ကျောင်းအုပ်ကြီးပဲ ရပါတယ် ဒါနဲ့ဘာကိစ္စရှိလို့လဲ

" arrr မင်းတို့အတန်းမှာကျောင်းသားသစ်တစ်ယောက်ထည့်ချင်လို့ "

Kris ; aww nae

" သူကchinaကလာတာလေ koreaကိုအခုမှရောက်ဖူးတာ မင်းသေချာဂရုစိုက်လိုက်ပါကွာ "

Kris : nae စိတ်ချပါ ဒါနဲ့အဲ့ကောင်လေးရော

" သူကမနက်ဖြန်မှကျောင်းလာတက်မှာ"

Kris ; ကောင်းပါပြီ

* ထူးဆန်းတယ် ကျွန်တော်ဒီနေ့တစ်နေ့လုံးအဲ့ကောင်လေးအကြောင်းပဲတွေးနေမိတယ် သူဘယ်လိုလဲ ဘာစရိုက်လဲ ဘယ်လိုပုံလဲနဲ့စုံနေတာပဲ ကျွန်တော်ကျောင်းကနေအိမ်ပြန်ရောက်လို့ရေမိုးချိုးပြီးTvရှေ့မှာခဏဝင်ထိုင်လိုက်တယ် ကျွန်တော်tvကြည့်ရတာမကြိုက်ပါဘူး ကျွန်တော်အထီးကျန်တယ်လို့မခံစားရအောင်ဒီအတိုင်းဖွင့်ထားတာပါ တိတ်ဆိတ်နေတာထက်အသံတစ်ခုခုကြားနေရရင်ကျွန်တော်ပိုပြီးနေလို့ကောင်းသလိုပဲ ကျွန်တော့်စိတ်တွေအခုTvဆီမှာရှိမနေဘူး မနက်ဖြန်ပြောင်းလာမယ်ဆိုတဲ့ကောင်လေးအကြောင်းပဲတွေးနေမိပြန်တယ် ကျောင်းသားသစ်ရောက်လာတယ်ဆိုတာကျွန်တော့်အတွက်မဆန်းပါဘူး ဒါပေမဲ့ဘာလို့အဲ့ကောင်လေးကျမှထူးဆန်းနေရတာလဲ ဒါနဲ့ကောင်လေးကတရုတ်လေးဆိုတော့ကျွန်တော့်ရံ့ကျောင်းသားဘဝကိုတောင်ပြန်သတိရမိတယ် ကျွန်တော်လည်းတရုတ်ပဲလေ လူမျိုးခြားဖြစ်နေလို့အတန်းထဲကလူတွေကကျွန်တော့်ကိုနှိမ်ကြတယ် မသတီသလိုကြည့်ကြတယ် သူကလွဲရင်ပေါ့ သူဆိုတာကျွန်တော်အရမ်းမြတ်နိုးရတဲ့ကျွန်တော့်နှလုံးသားရဲ့အရှင်သခင်Tao Ziဆိုတဲ့ကောင်မလေးလေ Taoကကျွန်တော့်ကိုအမြဲကာကွယ်ပေးခဲ့တာ ကျွန်တော့်ကိုအနိုင်ကျင့်တဲ့သူတွေကိုပြန်ရန်တွေ့ခဲ့တာ ကျွန်တော်တို့တွေအခင်ဆုံးသူငယ်ချင်းဖြစ်ခဲ့တယ် နောက်တော့ချစ်သူတွေပေါ့ ကျွန်တော်တို့ကသူများတွေလိုromanticမဆန်ပေမဲ့တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်တာ Taoကချမ်းသာတယ်ကျွန်တော်ကဆင်းရဲတော့Taoရဲ့မိဘတွေကသဘောမတူဘူးလေ ကျွန်တော့်ကိုချူစားနေတယ်လို့ထင်ကြတယ် လူ့ဘဝဆိုတာတောင်တန်းတွေလိုပဲအနိမ့်အမြင့်အတက်အကျရှိတာပဲလေ ဒီလိုပဲTaoတို့မိသားစုလဲအကြောင်းအမျိုးမျိုးကြောင့်ဆင်းရဲသွားတဲ့အပြင်KYMဆိုတဲ့သူဆီမှာလည်းအကြွေးတွေတင်ခဲ့တယ် Taoမိဘတွေလဲအကြွေးမဆပ်နိုင်တော့TaoကိုKYMဆီရောင်းဖို့ကြံစည်ကြပါရော ဒါကိုသိတော့ကျွန်တော်နဲ့Taoနဲ့ထွက်ပြေးခဲ့တယ် ဒါပေမဲ့သူတို့ရှာတွေ့တာပါပဲ နောက်တော့ကျွန်တော့်အတွက်Taoအသက်ကိုပေးခဲ့တယ်ပေါ့ဗျာ တကယ်ကိုဇာတ်သိမ်းမလှခဲ့တာပါ လုံးဝဒီလိုတွေဖြစ်လာမယ်မထင်ထားတာ Taoနဲ့ကျွန်တော်ပေါင်းဖက်ရမယ်လို့ထင်ထားတာ *

"Love is Magic"Where stories live. Discover now