episode 3

981 120 0
                                    

လှပ လွန်းတဲ့ အခန်းကျယ်ကြီးထဲ ကျွန်တော် ဝင်သွားပြီး ပစ္စည်းတွေနေရာ ချလိုက်တော့ အခန်းကြီးရဲ့ အဖြူရောင် လိုက်ကာကြီးနောက်ကွယ်မှာ တံခါးတစ်ခုနဲ့နောက်မှာတစ်ဆကိတည်း အဲ့နောက်က ဝရံတာကြီးကို ကျွန်တော်တွေ့လိုက်ရသည်။ ဝရံတာကနေ ထွက်ကြည့်မိတော့ တိုက်ခတ်လာတဲ့လေအေးတွေ ကြောင့် ကျွန်တော့်စိတ်တွေ လန်းဆန်းသွားသလို ခံစားရသည်။
နံရံတစ်ခု ခြားထားတဲ့ ဝရံတာကနေ ကပ်ရပ်ရှိနေတဲ့ မာနခဲ ရဲ့ အခန်းရှေ့ ဝရံတာကို နည်းနည်းလေး စောင်းငဲ့ကြည့်မိတော့ မာနခဲရဲ့ ဝရံတာဘက်က အခန်းတံခါး ကဖွင့်ထားတာမို့ သူ့အခန်းကို အတိုင်းသား မြင်နေရသည်။
အမလေး အံ့သြပါရဲ့။ယောကျာ်းလေးလို့ မပြောရဘူး ။အခန်းထဲ မှာပစ္စည်းတွေ ရှုပ်ပွနေလိုက်တာများ ကြွက်သိုက်လုပ်ဖို့လား အောက်မေ့ရတယ်။ ငါတော့ တစ်နေ့တစ်နေ့ သူ့အခန်းဝင်ရှင်း ရမှာ သေရချည်ရဲ့။

Ah Omma!

ကျွန်တော် တစ်ယောက်တည်း သူ့အခန်းကို

ခိုးကြည့်ပြီး ပွစိပွစိ လုပ်နေတုန်း နောက်ကနေ
သူ့ခေါ်သံကြားလိုက်တော့ကျွန်တော်အတော်လေး

လန့်သွားပြီး အော်လိုက်မိခြင်းပင်။

Sehun: :မင်းငါနဲ့ အပြင်လိုက် ခဲ့ရမယ်။ဒီနေ့က စပြီး မင်း ငါခိုင်းတာလုပ်ပေးရမယ်။ဒီအိမ်မှာ ငါ့စကားကလွဲလို့ ဘယ်သူ့စကားမှမင်းနားထောင်စရာ မလိုဘူး ။ဘယ်သူခိုင်းတာမှ မင်းလုပ်စရာ မလို ဘူး။ မင်းက ငါတစ်ယောက်တည်း ခိုင်းဖို့ သီးသန့်ပဲ။ပြီးတော့ မင်းနဲ့ငါက ရွယ်တူဆိုတော့ ဒီတစ်ခေါက် ကျောင်းဖွင့်ရင် မင်းငါနဲ့ အတူ ကျောင်းလိုက်တကိရမယ်။ခုတော့ အပြင်သွားဖို့ပြင်ပြီး ထွက်ခဲ့ ဒါပဲ။
ဂျောက် ဟူသော တံခါးပိတ်သံ နဲ့ အတူ sehun တစ်ယောက် မြင်ကွင်းမှ ပျောက်သွားလေသည်။

Luhan: : သူပြောချင်တာပြောပြီး ထွက်သွားပြီ။ ဟွန့် တကယ်ဆို ငါ ပြန်ပြောတာ လေး နားထောင်ဦးမှ ပေါ့။
ထားပါလေ အပြင်သွားဖို့ လုပ်ရဦးမှာပေါ့။
အပြင်သွား မယ် ဆိုကာမှ ကျွန်တော့်မှာ ဝတ်စရာက ဘာမှလည်း မယ်မယ်ရရ မရှိ။ ရွာကနေလာတုန်းကလည်း ဝတ်နေကျ အဝတ်အစား သုံးလေးစုံ အပြင် မပို။
အဝတ်တွေ ကလည်း နွမ်းဖတ်လို့။ဘယ်လို လုပ်ရပါ့မလဲ။
ကျွန်တော် ခဏ လောက် ငိုင်နေပြီး ပေါ်လာတဲ့ အကြံအတိုင်းဆောင်ရွက် ဖို့ မာနခဲ ရဲ့ အခန်းဆီသို့ ခြေလှမ်းတွေ ဦးတည်ရင်း ~~~

♥You're my life(Hun ♡ Han)♥Where stories live. Discover now