episode 8(Nothing can stop our love)

866 84 0
                                    

Sehun- ah Sehun-ah!!!
သတိထားပါဦး ။
ကျွန်တော် မှုန်ဝါးနေသော  အမြင်အာရုံ ကို အန်တုပြီး မျက်မှောင်ကုတ် ကြည့်လိုက်တော့
ကျွန်တော့် ဘေး မှာ Luhan ဆိုတဲ့ ကောင်လေး အော်ငိုနေလေရဲ့။
သူ့မျက်နှာ မှာ လည်း ဒဏ်ရာ ဒဏ်ချက်တွေ နဲ့။
ကျွန်တော့်လက်မှာလည်း ပိုက်တန်းလန်း နဲ့ ကျွန်တော်   ဆေးရုံ ရောက်နေတာကိုး။
Ginchana Sehun???
ငိုရှိုက်သံ လေးနဲ့ ကျွန်တော့်ကို သူ စိုးရိမ်တကြီး
မေးနေရှာသည်။ ကိုယ် သက်သာ ပါတယ်။
သူ့မျက်နှာ ဖြူဖြူ နုနုလေးမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ။

"Mianhae wuri Han-ah "
ကျွန်တော့်အမှားတွေ ကြောင့်ပါ။အဲ့နေ့ ညက ကျွန်တော့်ဆီသူရောက်လာတယ်လေ။  Suho ရဲ့လက်ချက်ပေါ့။ သူ တား နေတဲ့ကြားက bar မှာ အများကြီးသောက်ပြီး ကားကိုအရှိန်ပြင်းပြင်းနဲ့ မောင်းတော့ ကားတစ်စီးနဲ့ ဝင်တိုက်မလိုဖြစ်တာကို ရှောင်ရင်း  ကျွန်တော် လမ်းဘေးကဆိုင်တစ်ခုကို ဝင်တိုက်မိသွားခဲ့တာ။

သူလေး ဘာမှမဖြစ်လို့တော်သေးတာပေါ့။သူသာ တစ်ခုခု ဖြစ်မယ်ဆို ကျွန်တော် မတွေးဝံ့တော့ဘူး။
Han လေးရယ် ကိုယ် တောင်းပန်ပါတယ် ကွာ။
ပြောရင်း နဲ့ အသံ တွေ တောင် တိမ်ဝင်သွားခဲ့ပြီ။ မျက်ဝန်းထဲ က ဝမ်းနညိးမှု
သင်္ကတ မျက်ရည် တွေ က ကျွန်တော့် ပါးတစ်လျှောက် စီးကျလာခဲ့ပြီ။
ကျွန်တော့် နှလုံးသား တွေ အရမ်းပဲ နာကျင်နေပါပြီ။ကျွန်တော် အရမ်း ပင်ပန်းနေပြီ။
သူ့ရင်ခွင်လေးထဲ တိုးဝင်ပြီး ကျွန်တော်တိတ်တဆိတ်ငို နေမိပါပြီ။
( မငိုပါနဲ့တော့ oppa sehunရယ်:( )
သူ့ရင်ခွင် နွေးနွေး လေးတွေထဲ ကျွန်တော်တစ်သက်လုံး နားခိုခွင့်လေး ရချင်မိပါတယ်။ သူကျွန်တော့် ဆံပင်လေးတွေကို ပွတ်သပ်ရင်း နှစ်သိမ့် ပေးနေသည်။
ပြီးတော့ သူကျွန်တော့်ကို တစ်ခါမှမပြောခဲ့ဖူးသော
စကား လေးတစ်ခွန်း ကို သူ့မျက်ရည် တွေကြားမှ ကျွန်တော့်ကို စိုက်ကြည့်ရင်း ပြောသည်။
"Saranghae  Sehun-ah"

ကျွန်တော် သူ နာကျင် မှာ ကို မကြည့်ရက်ပါဘူး။ကျွန်တော့်ကြောင့် သူ့ဘဝ တစ်လျှောက်လုံး နာကျင်ခဲ့ရပြီးပါပြီ။
မာကျောကျော အေးတိအေးစက်ပုံ ပေါက်နေတဲ့
ကျွန်တော် Oh Sehun က အရာရာ ကို
ခံစားလွယ် တဲ့သူပါ။
ခံစားတတ်သလောက် ဟန်ဆောင်ကောင်း ခဲ့သူပါ။

♥You're my life(Hun ♡ Han)♥Tempat cerita menjadi hidup. Temukan sekarang