"ဟယ်လိုသားး"
"ဟယ်လိုommaဘာပြောစရာရှိလို့လဲ" (မေးတာကြီးကလဲ)
"သားနဲ့သမီးအဆင်ပြေကြရဲ့လား"
Hun က luကိုကြည့်လိုက်တော့ သူမကသိုးမွှေးထဲမှာပဲ အရောင်ပြောင်းဖို့ အာ့ရုံစိုက်နေတာတွေ့ရ၏။
"မပြေဘူးး omma သူကဒေါသတွေ မာနတွေစားပြီးမွေးလာ သလိုပဲ နဲနဲမှပြောလို့ဆိုလို့မကောင်းဘူး။ ဟိုလေ ဝမ်းကကျွတ်ခါစ မျက်စိမပွင့်တပွင့်နဲ့ ခွေးပေါက်လေးတစ်ကောင် ချိုးချိုးချွတ်ချွတ်သံကြားတိုင်း ထဟောင်နေသလိုပဲ" (ဥပမာပေးကြမ်းသွားလားတိဘူးး ဟီးး)
"ဟဲ့သြော်သားရယ်ဘယ်လိုပြောလိုက်တာလဲ အနားမှာသမီးမရှိဘူးလား"
"ရှိသားပဲ သူကအဲ့ဒီလိုမတည့်အောင်ပြောရင် သဘောကျတယ် omma ရန်ဖြစ်နေရတာကိုပဲ သဘောကျ တာတဲ့"
luသိုးမွှေးထိုးရင်းလက်တွေတဆတ်ဆတ်တုန်လာသည်။ ဖုန်းပြောနေတုန်းရန်ဖြစ်လို့လဲမရ ။ ကြားနေရတာတွေကလည်း သည်းခံလို့မရတဲ့ စကားတွေ။
"သား သမီးကိုသားက ကျေနပ်အောင် အလျော့ပေးရမယ်။ တောင်းပန်ရမယ်။ သားကအပြစ်ရှိထားတယ်နော်"
"အာ့ကြောင့်ပဲ သည်းခံနေတာပေါ့ omma မဟုတ်ရင်တော့ ချိုးဖဲ့ခုတ်ထစ်ပစ်လိုက်တာကြာပြီ" (အမငြီးးး ကြောက်ချာကြီး)
Hunကလူတစ်ယောက်လုံးကိုအနားထားပြီး တစ်စက်မှလည်းလှည့်မကြည့် ရှိတယ်လို့လည်းမထင် အေးအေးဆေးဆေးပဲ ပြောနေတာဖြစ်တယ်။
ဘယ်လောက်လူပါးဝတဲ့လူလဲ့
"သားတို့အသက်တွေမငယ်ကြတော့ဘူးနော် ပညာစုံလို့ ကြင်ရာစုံခဲ့ကြတာ မျိုးဆက်သစ်ဆိုတာ အချိန်ရှိတုန်း အရွယ်ရှိတုန်း မွေးမြူတာအကောင်းဆုံးဘဲ သားတို့ သင့်သင့်မြတ်မြတ်နဲ့ အိမ်ထောင်တစ်ခုကိုထူထောင်နိုင် အောင်ကြိုးစားပါ အထူးသဖြင့် သားကသမီးကို တောင်းပန်ရမယ်"
"ကျွန်တော်တောင်းပန်တယ် omma သူကမှ လက်မခံတာ"
"လက်ခံလာအောင်ကြိုးစားရမယ် သားကမှားထားတာပဲ ဘယ်နှကြိမ်ဘဲဖြစ်ဖြစ် တောင်းပန်ရမယ် ommaမှာ ဒီသားလေးတစ်ယောက်ပဲရှိတာ ommaမြေးချီချင်လှပြီ သားးရယ်"
"အဲ့ဒါ့"
Hunချက်ချင်းပြန်ပြောဖို့ စကားလုံးရှာသွားကာ ပြုံးစိစိနဲ့ နားထင်ကုပ်နေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
တိုသွားရင် Miyanae ထုတလော readerပဲလုပ်ရတာ feelတက်နေလို့ပါ btw pcyကြီးရယ် dramaတွေ မရိုက်ပါနဲ့လားးး မခံစားနိုင်လို့ပါ ဗြဲ~~~~~~