Part 2 Gomawo~
Aishii...ထင်တဲ့အတိုင်းဘဲ..
Kai...မျက်နှာဖုံးပေါ်ကျနေတဲ့ ဆံစအချို့ကို သပ်တင်လျက် ပြောလိုက်တယ်
Kai: မင်း ထပ်ရောက်လာပြန်တယ်နော်...
Kaiရှေ့မှာ မတ်တတ်လေးရပ်နေတာက မနေ့က ပိစိမလေး Soo~
အညိုရောင်ဆံစလေးတွေကို တစောင်းလေးစည်းထားပြီး အနီရောင်လည်စည်းပဝါလေးနဲ့ မိုးပြာရောင်ဂါဝန်ကားကားလေး ဝတ်ထားတဲ့ Sooမှာ မုန့်ထုတ်လေးရင်မှာ ပိုက်လျက် မျက်လုံးလေးအပြူးသားနဲ့ Kaiကို စိုက်ကြည့်နေတယ်လေ
Soo: ဟို...ဟို မနေ့က မုန့်လာပေးမှာလို့ က..ကတိ ပေးထားလို့ပါနော်
မျက်နှာဖုံးရဲ့နောက်ကွယ်မှာ Kaiတယောက် ပြုံးနေတယ်ဆိုတာ Sooရင်ထဲက သိနေမိတယ်
Kai: ငါ လာစောင့်နေလို့ပေါ့
နို့မို့ မင်း လမ်းမှားနေဦးမယ် မနေ့ကလို...Soo: Imm...အဲဒါဆို Oppaက Sooကို မနေ့ကလိုဘဲ လာကယ်မှာပေါ့
Kai's pov: O...Oppa?
ဘာကြောင့်မှန်းမသိ ဒီမိန်းကလေးရဲ့ ခေါ်သံလေးက Kaiနှလုံးသားတနေရာမှာ ပဲ့တင်ထပ်လို့သွားတယ်
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
မနက်ခင်းရဲ့ ဖျော့တော့တော့ နေရောင်ခြည်လေးက သူတို့နှစ်ဦးကို လွှမ်းခြုံလို့ထားတယ် မြေသင်းနံ့လေးရောယှက်နေတဲ့ လေပြည်လေညှင်းလေးက ပွတ်သီးပွတ်သပ် ကျီစယ်သွားပြန်တယ်
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
Kai: Soo...
Kaiရဲ့ခေါ်သံကြောင့် Sooတယောက် နားစွင့်နေမိတယ်
Kai: မင်း...ကစားရတာကြိုက်လား?
Soo: Ne~~~!!!!!
ဟုတ်တာပေါ့ ၇နှစ်အရွယ် ကလေးမလေးက ကစားတာမကြိုက်ဘူးဆို လိမ်ရာကျမယ်လေ..Kai: Arraseo~ဒါဆို ဒီနေရာက သွားကြရအောင်!
Kai ပြောရင်းဆိုရင်း မတ်တတ်ရပ်ပြီး Sooလက်ကလေးကို လှမ်းဆွဲလိုက်ရာဝယ်
Soo: Andwae!!!!!
Sooတယောက် အသားကုန်အော်ပြီး နောက်ကို ခြေနှစ်လှမ်းသုံးလှမ်းလောက် ဆုတ်သွားတယ်
YOU ARE READING
No matter what happens, Don't Ever Touch Me
FanfictionMy Second Fiction~ Most Mysterious Kaisoo fanfic~~ Plz read & vote!!! if u can, #Cmt are welcome!!