Part - 1
စိမ်းလန်းနေတဲ့ လယ်ကွင်းတွေကြားက မီးရထားလေးသည် Sukidoရွာလေးဆီသို့ တဖြည်းဖြည်းခုတ်မောင်းနေလျက်
မှန်ပြတင်းပေါက်ကို ဖြတ်၍ တိုက်ခတ်လာသော အေးစိမ့်စိမ့်လေပြေလေညှင်းလေးတွေက ပြတင်းပေါက်ဘောင်ကို လက်ထောက်ငေးနေတဲ့ ကောင်မလေးရဲ့ အညိုရောင်ဆံနွယ်လေးတွေကို ဆော့ကစားနေတော့တယ်
မျက်စိတဆုံးမြင်နေရတဲ့ ကောက်ပင်ပျိုတို့ကို ငေးကြည့်ရင်း
Soo: Kai-ah, Soo...Kaiဆီ ပြန်လာပြီသိလား
~~~~~~~~~~~~~~~~~~~~~~~~~~Do KyungSoo,
အသက်20အရွယ် တောင်ကိုရီးယားမလေးဆိုပေမဲ့ ပညာထူးချွန်မှုကြောင့် ဂျပန်နိုင်ငံမှာ ကျောင်းတက်နေရသူလေး
Tokyo Universityရဲ့ Queenလို့ ပြောစမှတ်ပြုကြတဲ့ ဖြူဝင်းတဲ့ အသားအရေပိုင်ရှင်,
Heart-shapedနှုတ်ခမ်းလေးနဲ့သူလေးက
စာမှာလဲ Roll.1နေရာက မဆင်းတဲ့အပြင် လူချစ်လူခင်ကလဲပေါလိုက်တာ လွန်ပါရော..
ပညာရော နှလုံးသားရော လှတဲ့သူ့ကို အနီးအဝေးကကြင်နာသူများက ရေလာမြောင်းပေးကြသော်လည်း
Do KyungSooဆိုတဲ့ သူမက သူ့မှာသိပ်ချစ်ရသူတယောက်ဘဲ ရှိပါတယ်တဲ့ သူ့crushနာမည်လေးက Kai...အခု သူသွားနေတဲ့ Sukidoရွာလေးက တောင်ကိုရီးယားရဲ့ မထင်မရှားဇနပုဒ်ရွာလေးဖြစ်ပြီး သူမရဲ့အဘိုးနဲ့အဘွားနေတဲ့ရွာလေး,
သူမရဲ့ နွေရာသီအပန်းဖြေစံအိမ်လိုမျိုး ရွာလေးပေါ့ ပြီးတော့ အဲ့ရွာလေးကဘဲ သူနဲ့Kaiကို ဆုံဆည်းစေခဲ့တယ်လေ...ဘူတာရုံလေးမှာ ဆင်းပြီး ရွာလမ်းလေးအတိုင်း Sooလျှောက်လာခဲ့တယ်
အနှောင့်အဖွဲ့မရှိ ပျံသန်းနေတဲ့ လိပ်ပြာလေးတွေနဲ့ ပုစဉ်းလေးတွေက လူသူများလှတဲ့ မြို့ကြီးမှာ မတွေ့ရတဲ့ မြင်ကွင်းလေးတွေပေါ့
ဝါဝင်းနေတဲ့ နေကြာပန်းခင်းကြီးနားက လျှောက်လာတဲ့အခါမှာတော့..
ဟော...ဟိုမှာ တွေ့နေရပါပြီ
Sooရဲ့နွေရာသီ ဗိမ္မာန်လေးSoo: Helmoni~~~Sooပြန်လာပါပြီ
Helmoni:Yeoboရေ.ကျွန်မတို့ မြေးမလေးလာတယ်!
Omo~~Sooရေ.,ချောလာလိုက်တာ...Halaboji:အဲ့တာကြောင့် ငါပြောသားဘဲ..
ဒီနှစ် နွေဦးရောက်ရင် Sooလာဦးမှာပါဆို...
YOU ARE READING
No matter what happens, Don't Ever Touch Me
FanficMy Second Fiction~ Most Mysterious Kaisoo fanfic~~ Plz read & vote!!! if u can, #Cmt are welcome!!