First step into Aichikan State School

726 89 0
                                    

           ~~~~~1 year later ~~

ဒီဒေသ လေး ကို ပြောင်းရွှေ့လာတာ တစ်ရက် နှစ်ရောက်လောက်ပဲ ကြာသေးတော့ အရာရာက Chanyeol ဆိုတဲ့ သူ့အတွက် အစိမ်းသက်သက်။

"ပျင်းရိငြီးငွေ့ဖွယ် ဘဝရဲ့ ရက်များ"

Chanyeol စာရွက်လေးထက်မှာ တောင်ခြစ်မြောက်ခြစ် လျှောက်ခြစ်လိုက်တယ်။

မြို့ကနေ ဒီနယ်လေးကိုရောက်ရောက်ပြီးခြင်း အထက်တန်းကျောင်းတွေမှာ ကျောင်းလိုက် လျှောက်ထားပေမဲ့ ပြန်စာမကျလာသေးတော့ ကျောင်းမရှိ သူငယ်ချင်းမရှိ  Chanyeol ဘဝကြီးက ပိုပြီး ပျင်းရိဖွယ်ကောင်းနေတယ်။

CY' Mom: Channie ရေ ကျောင်းလက်ခံစာရောက်ပြီ တစ်ချက်လာကြည့်ပါဦး

CY:Nae omma,

Chanyeol ပြောပြောဆိုဆို နဲ့ ပျင်းရိပျင်းတွဲ ခြေလှမ်းတွေနဲ့ အိမ်အောက်ထပ်ကိုဆင်းလာလိုက်တယ်။

Chanyeol စာရွက်လေးကို ဖွင့်ဖတ်ကြည့်လိုက်တော့ ပထမဆုံးမြင်လိုက်ရတာက

       "အအိချိကန် အထက်တန်းကျောင်းမှ"

ဒီလိုနဲ့ အအိချိကန်အထက်တန်းကျောင်း ကိုဝင်ဖို့  Chanyeol ရဲ့ ပထမခြေလှမ်း စတင်ခဲ့တယ်။~~~~~~~

   ~~~~~~~~ Episode 3~~~~~~~~

"ဘုန်း"

အရှိန်ပြင်းပြင်း နဲ့ တစ်စုံတစ်ယောက်ရဲ့ ဝင်တိုက်လိုက်မှုကြောင့်Chanyeol လက်ထဲက စာအုပ်တွေ အကုန်လွင့်ကျကုန်တယ်။

"Aishiiii" Chanyeolကိုဝင်တိုက်လိုက်တဲ့ မျက်လုံးမှေးမှေး နဲ့ကောင်လေးကစုတ်တစ်ချက်သပ်ပြီး သူ့ကြောင့်

ပြန့်ကျဲ သွားတဲ့ Chanyeol ရဲ့ စာအုပ်တွေကို မကောက်ချင်ကောက်ချင်နဲ့ကူညီပြီးကောက်ပေးနေတယ်။

"နောက်ဆိုမျက်လုံးကကြည့်လျှောက်သိပ်စိတ်ပျက်ဖို့ကောင်းတယ်" စာအုပ်တွေကို Chanyeolရဲ့ လက်ထဲပြန်ထိုးထည့်ပေးရင်းမျက်မှေးလေးက

ဆူပွပွနဲ့ပြောပြီးထွက်သွားတယ်။တရွေ့ရွေ့ ထွက်သွားတဲ့ကောင်လေးရဲ့ နောက်ကျောကို ကြည့်ရင်း

Chanyeol ဘာမှတောင် ပြန်မပြောနိုင်ပါပဲ အူကြောင်ကြောင်နဲ့ ကျန်ရစ်ခဲ့တယ်။

" Ahh ဘာလား သူကပဲဝင်တိုက်ပြီးတော့ ကျောင်းစစတက်ချင်းနေ့ကို

ရောက်ရောက်ချင်း စောက်နဲ့ထွင်းတာပဲ Channie  ရေ Fighting ဟေ့ Fighting"

"ဂလောင် ဂလင် ဂလောင် ဂလင် ဂလင် ဂလောင်"

ခေါင်းလောင်း သံကြောင့် Chanyeol ဒူးထောက်ထားနေရာ မှထဖို့ ကြိုးစားလိုက်ပေမဲ့

သူ့ကို ကျော်တက်ပြေးလွှားသွားတဲ့ ကျောင်းသားကျောင်းသူ အုပ်ကြီးက

" Ahhhh" Chanyeol ဇာတ်လေးပုရင်း

ခေါင်းလေးကို လက်နဲ့အုပ်ထားမိတယ်။

" Aishiiii ဒီကျောင်းကတော့"

Chanyeol သူ့လွယ်အိတ်လေးကိုဘေးတစောင်းကောက်လွယ်ရင်း ငြီးငြူမိလိုက်တယ်။

♡♡♡♡♡♡♡♡♡♡♡

Room No 23

အခန်းတံခါးကို Chanyeol လက်လေးနဲ့ ဆွဲဖွင့်လိုက်တယ်။

ခပ်ထန်ထန် မျက်နှာဘေးနဲ့ နက်ခတိုင်ကို စမတ်ကျကျ ဝတ်ဆင်ထားတဲ့ ဆရာ လုပ်သူက Chanyeol ကိုမျက်မှောင်ကြုပ်ပြီး ကြည့်လိုက်တယ်။

Cy: sam Bam ကျွန်တော် က ကျောင်းသားသစ် @_@.

BamBam: Ok ဝင်ခဲ့။တံခါးပြန်ပိတ်ခဲ့

Cy: Nae sam

Bambam:Ok အားလုံးပဲ ဒါကတော့ ကျောင်းသားသစ်။နာမည်က????

CY: Ahh ကျွန်တော့်နာမည် Park Chanyeol ပါ

BamBam:ကျောင်းသားအားလုံးPark Chanyeol  ကိုဂရုစိုက်လိုက်ကြ။သွားထိုင်တော့။

အားလုံး စာဆက်သင်မယ်။စာမျက်နှာ 73 စာပိုင်္ဒ 7 ကိုဖတ်။

Chanyeol ကျောင်းသား ကျောင်းသူတွေရဲ့ မျက်နှာကို အကဲခတ်မိလိုက်တော့ အားလုံးလိုလိုက သူ့ကို လိုလားခြင်းမရှိဘူးဆိုတာ သိပ်သိသာနေတယ်။

အတန်းထဲမှာ ခုံလွတ်လေးသုံးခု

နှစ်ခုံ က အတွဲလိုက်လေးလွတ်နေပြီး ပထမတစ်ခုံက ရှေ့ဆုံးတန်းမှာ။

အတွဲလိုက် နှစ်ခုံထဲက တစ်ခုံပေါ်မှာ အဖြူရောင်ပန်းလေးတစ်ပွင့် Chanyeol ပန်းပွင့်တင်ထားတဲ့ခုံလေးဘေးမှာ ဝင်ထိုင်ဖို့သွားပြီး လွယ်အိတ်လေးကို ခုံပေါ်ချလိုက်တော့ ဘေးလူတေက သူ့ကိုအစိမ်းသက်သက် မျက်ဝန်းတွေနဲ့ကြည့်လို့

Chanyeol တစ်ယောက် နေရာပဲပြန်ပြောင်းရမလား နေမထိထိုင်မသာတေဖြစ်လာမိတယ်။

ရှေ့ဆက်ရမယ့် လမ်းက ဖြောင့်ဖြူးလိမ့်မယ်လို့ Chanyeol တစ်ယောက်တကယ်ကို မထင်မိခဲ့။

××××××××××××××××××××××××



          

The fault in our starsOnde histórias criam vida. Descubra agora