ကြာပန်းဖြူဖြူတို့အစွမ်းကုန်ပွင့်လန်းလျက်ကြာရွက်စိမ်းစိမ်းတို့ကနေရာအပြည့်ယူထားလို့ရေပြင်ကိုတောင်မမြင်နိုင်လောက်တဲ့ရေကန်တစ်ခုဘေး. . . . . . . .
ခုနစ်နှစ်အရွယ်နန်းတက်မင်းသားလေး##
ဘေး၌အပျိုတော်တွေရဲမက်တွေ ဝန်းရံခစားလျက်
ကန်တလျှောက်ပြေးလွှားဆော့ကစားနေတုံး ရုတ်တရတ်၌. . . . . .ကလေးငယ်ရဲ့လည်ပင်းကို လူတစ်ဦးကမသေရုံတမယ်ဆုတ်ညှစ်လိုက်တော့ ဘေးကရဲမက်တွေလည်း ရုတ်ရုတ်သဲသဲ အခြေအနေ
ကလေးငယ်ကရုန်းလေလေ လည်ပင်းပေါ်ကလက်ကပိုတင်းစွာညှစ်လေလေ
ကြောက်စရာကောင်းသောမျက်လုံးကြီးတွေနဲ့ထိုလူကman"မင်းက ဒီလိုကမှာမရှိသင့်တဲ့လူမျိုးဆိုတာ မင်းကိုယ်မင်းသိလား မင်းကတော့ဒီအရွယ်ထိအောင်ရောက်နေပြီးနောင်တစ်ချိန်နန်းတက်ဦးမယ်ပေါ့ မင်းဒီအရွယ်နဲ့သေရမယ်ဆိုရင်တောင် ငါတို့မင်းသားလေးထက်စာရင် အများကြီးကံကောင်းပါတယ်"
လူကြီးကပြောရင်း အသံတိမ်ဝင်သွားပြီး
နောက်တော့
မင်းမှတ်ထားရမှာကမင်းသေတာမင်းအမေကြောင့်ဆိုတာပဲ"**
မျက်ဝန်းနက်နက်ကြီးတွေနဲ့အဲလူကြီးက ကြောက်စရာကောင်းအောင်ကြည့်ပြီးပြောနေတယ်
ဘာတွေလဲ ဘာကြောင့်လဲ နားမလည်ဘူး ကြောက်တယ် အရမ်းကြောက်တယ်အ** အသက်ရှူလို့မရတော့ဘူး
လည်ပင်းကတင်းကျပ်မှုကြီးလွတ်သွားပေမဲ့ အသက်မရှူနိုင်သေးဘူး ပိုမိုမွန်းကျပ်လာပြန်ပြီ
ဘေးမှာရှိတဲ့ရေကန်ထဲကို အဲလူကပစ်ချလိုက်တာကိုးးးးရေကန်ထဲမှာအသက်မရှူနိုင်တဲ့အနေအထားနဲ့ ကျနော်ရုန်းလေလေ ကန်ထဲကကြာရှင်တွေကဆွဲလေလေ ခြေထောက် ခါး လက်တွေပါမကျန်
မယ်မယ် ကျနော်ကို ကယ်ပါဦး ကျနော်ကြောက်တယ် အသက်ရှူလို့မရဘူး မယ်မယ်
ရေကန်ထဲမှာ ကျနော်အော်ပြောနေပေမဲ့ ငိုကြွေးနေပေမဲ့ ဘယ်သူသိမှာလဲ
ရေထဲက ကလေးငယ်ရဲ့ပုံရိပ်လေးက တဖြေးဖြေးကြီးထွားလာလိုက်တာ နောက်ဆုံးမှာ
ကြာရှင်တွေနဲ့ရုန်းရင်းငိုကြွေးနေတာ HUN
YOU ARE READING
အရှင့်ရဲ့သခင်(Leader's Master)
Fanfictionhunhan (yaoi) ဟန်ယန်းဘုရင် Hun ချီနိုင်ငံမှ ထင်းခုတ်သမားလေး Luhan Luhanဘဝကြောင်းဟာ မရိုးရှင်းလှသလို Hunရဲ့နေရာဟာလည်းအစစ်အမှန်မဟုတ်ခဲ့ဘူး